မြန်မာ့နွေဦး

တာမွေမှာ ဓာတ်ပုံရိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က လူငယ်တစ်ဦးကို ဝိုင်းဝန်းရိုက်နှက်

မဲခေါင် 1 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁ ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ဇောတိကလမ်းမှာ လူငယ်တစ်ဦးကို ဓာတ်ပုံရိုက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက် မနက် ၁၀ နာရီကျော် ဝန်းကျင်က စစ်တပ်က ဝိုင်းဝန်း ရိုက်နှက်သွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ဇောတိကလမ်းမှာ လူငယ်တစ်ဦးကို ဓာတ်ပုံရိုက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက် မနက် ၁၀ နာရီကျော် ဝန်းကျင်က စစ်တပ်က ဝိုင်းဝန်း ရိုက်နှက်သွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

အဆိုပါ လူငယ်ကို အရပ်ဝတ် ဝတ်ဆင်ထားသူ ၄ ယောက်က အုပ်ကြီးရုံးခန်းဘေးသို့ ခေါ်ဆောင်ကာ ဝိုင်းဝန်း ရိုက်နှက်ခဲ့တာဖြစ်ပြီး မျက်နှာဖုံး တပ်ထားသူ တစ်ဦးက ညစ်ညမ်းစွာ ဆဲဆိုသွားတယ်လို့လည်း သူတို့ကပြောပါတယ်။

“ ဓာတ်ပုံရိုက်ရင် ပြဿနာ တက်သွားမယ် ဆိုပြီး အော်ဟစ်ဆဲဆိုပြီး ထွက်သွားတာ။ အုပ်ကြီးရုံးထဲကို ၂ ကောင် ပြန်ဝင်သွားတယ်။ ဆိုင်ကယ်နဲ့ ဒလန်စိုးမြတ် ရောက်လာပြီး တစ်ခုခု ပြောသွားတယ်။ နောက်တော့မှ အုပ်ကြီး ရုံးခန်းကို သေ့ာနှစ်လုံးခတ်ပြီး ထွက်သွားကြတာ” လို့ မျက်မြင်တွေ့သူတစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

ဒီကနေ့ တောင်ဒဂုံ၊ တာမွေမြို့နယ်နဲ့ မြို့နယ်အချို့မှာ ငါးထောင်စားတွေ စစ်တပ်ထောက်ခံဖို့အတွက် လူစုဝေးနေကြပြီး စစ်တပ်ကလည်း အရပ်ဝတ် ကင်းပုန်းများနဲ့ လုံခြုံရေးယူပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်တိုင်းရှိ မြို့နယ်အများစုမှာ ဒီကနေ့ မနက် ၉ နာရီ ၄၅ မိနစ်မှ စတင်ကာ အသံတိတ်သပိတ် စတင်ဆင်နွှဲနေပြီး ရပ်ကွက်အုပ်ကြီးနဲ့ ရာအိမ်မှူးအချို့ကတော့ ပိတ်သိမ်းထားတဲ့ ဈေးဆိုင်တွေကို ဓာတ်ပုံလိုက်လံရိုက်ကူးနေတယ်လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

MK-005

#MeKongNews

#တာမွေ

#အသံတိတ်သပိတ်

ဓာတ်ပုံ – ယနေ့မနက် ရန်ကုန်မြို့ ယုဇနပလာဇာရှေ့ မြင်ကွင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒေါနတောင်ခြေတိုက်ပွဲ စစ်ကောင်စီသံချပ်ကာကားနဲ့ စစ်သုံးယာဥ် ၂ စီး KNLA သိမ်းပိုက်

မြဝတီမြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်များက ဒေါနတောင်ခြေအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီထံမှ သံချပ်ကာကား ၁စီး၊
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ PDF ရဲ့ ဦးထုပ် ကမ်ပိန်း သတ်မှတ်ရာခိုင်နှုန်းထက် ၂ ဆကျော်လွန်ပြီး အောင်မြင်မှုရရှိ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အခြေစိုက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်ေအာက်ခံ ဖယ်ခုံ PDF(၁၀၀၆)က ပြုလုပ်တဲ့ ဦးထုပ် ကမ်ပိုင်းဟာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNLA ဒုဥက္ကဌ နေအိမ်အပါအဝင် နေအိမ် ၈ လုံးကို ပအိုဝ်းပြည်သူ့စစ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA) က လူနေအိမ် ၈ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချို သရက်ကုန်းရွာ ပြန်ရဖို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီး

နောင်ချိုမြို့ သရက်ကုန်းကျေးရွာအနီးမှာ မနေ့ဧပြီ ၂၁ ရက်နေ့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်-မန္တလေး ( MDY-PDF) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်လို့ ကျေးရွာဘုန်းကြီးကျောင်း ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်တံတား ၁ ကနေ CDM စာရင်းပါသူတွေ ဖြတ်သန်းခွင့်ပိတ်၊ ဓာတ်ပုံရိုက်မှ အချက်ပေးသံမြည်ပြီး စာရင်းပါကြောင်းသိရ

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ကို ဖြတ်သန်းသွားလာရာမှာ CDM စာရင်းပါဝင်သူတွေကို ဖြတ်သန်းခွင့်ပိတ်ပင်လိုက်တယ်လို့ ကိုယ်တိုင်ကြုံတွေလာသူတွေနဲ့ တံတားလူဝင်မှုကြီးကြပ်ရေးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

စစ်ကောင်စီကို လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှုလုံး၀ရပ်တန့်ဖို့ G7 အစည်းအဝေးမှာ တိုက်တွန်း

G7 အစည်းအဝေးအပြီး ပြည်သူကို ဒုက္ခပေးအကြမ်းဖက်နေတဲ့ မြန်မာစစ်ကောင်စီကို လေယာဉ်ဆီနဲ့ စစ်လက်နက် အသုံးအဆောင်တွေကို နိုင်ငံတကာက ပေးပို့နေမှု ရပ်တန့်သွားရေး တိုက်တွန်းထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသမှာ DPLF က ပြည်သူတွေအတွက် ရွာလမ်းများ ပြုပြင်ပေး

ဓနုဒေသလှုပ်ရှားနယ်မြေအတွင်းမှာ မိုးရာသီအတွက် ကျေးရွာချင်းဆက်လမ်းများကို ရွာခံတွေနဲ့ ပြုပြင်ပေးခဲ့တယ်လို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ဒီနေ့ ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူတွေ ပြည်သူ့စစ်တပ်ထဲ စစ်မှုထမ်းရ

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်သူတွေ မက်ကျန်းပြည်သူစစ်ထဲ ဝင်လာနိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ နယ်ခံတွေဆီမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now