မြန်မာ့နွေဦး

တာမွေတရားရုံးအနီး ဗုံးထုခံရလို့ အစောင့်စစ်သား ဒဏ်ရာရ

မဲခေါင် 6 Jan - 2023
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ) ရပ်ကွက်၊ ကျိုက္ကဆံလမ်းမ၊ အဝေယာလမ်းထိပ်ရှိ တာမွေ တရားရုံး အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကင်းစောင့်နေတဲ့ စစ်သား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

မနေ့ ဇန်နဝါရီ ၅ ရက် ည ၉ နာရီ ဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ခဲ့တာ ဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကို Freeland Attack Force-FLA ၊ Emerald Girls Army-EGA နဲ့ Revolution of 21 Century အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့ မနက်ပိုင်းကလည်း ဖောက်ခွဲမှု အတွက် ပစ္စည်းက အဆင်မပြေတော့ မပေါက်ခဲ့ဘူး။ ညပိုင်း ဖောက်ခွဲမှုကတော့ အောင်မြင်တယ်။ ဒါပေမယ့် အသံကတော့ သိပ်မကျယ်ဘူး။ စစ်ခွေး တစ်ကောင် တရားရုံးက အထွက်မှာ ဆော်လိုက်တာ 

လို့ မြေပြင်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျိုက္ကဆံလမ်း အာယုဆေးရုံအနီး အဝေရာ တစ်ဝိုက် အရံ အတားများနဲ့ လမ်းရဲ့ သုံးပုံတစ်ပုံအထိ ပိတ်ဆို့လိုက်တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က ၁၁၅ လမ်းမှာ လမ်း ၂ ဖက်လုံးကို ပိတ်ကာ ယာဉ်တွေကို စစ်ဆေးခဲ့ပြီး မအူကုန်း ၁၃၅ လမ်း အတွင်း ဧည့်စာရင်း ဝင်ရောက် စစ်ဆေးခဲ့ပေမယ့် ဖမ်းဆီးခံရသူ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။