မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင် 24 Mar - 2023
မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မဲခေါင်၊ မတ် ၂၄

ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ မတ်လ ၂၄ရက်မနက်ပိုင်းမှာ လေထုထဲမှာ မီးခိုးမြူထူထပ်မှု ဆိုရွားနေပြီး မျက်စိစပ်တာကို သိသိသာသာခံစားရတယ်လို့ တာချီလိတ်ဒေသခံတစ်ဦးက ပြောပါတယ်။

“ပါလျံကနေ ဝမ်ကောင်းထိ ဆိုင်ကယ်မောင်းလာတာ မျက်မှန်လည်းပါတယ် ဒါပေမဲ့ မျက်လုံးစပ်တယ်” လို့ သူကပြောပါတယ်။

မယ်ဆိုင်မြို့ဘက်မှာလည်း လေထုအရည်အသွေးဆိုးရွားမှုကို သိသိသာသာခံစားရပြီး ဒီမနက်မှာ မယ်ဆိုင်စည်ပင်က လေထုထဲ ရေမှုန်ရေမွှားပက်ဖြန်း တာတွေလုပ်ဆောင်နေတယ်လို့ မယ်ဆိုင်ဘက်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

မယ်ဆိုင်ဘက် လေထုအရည်အသွေးတိုင်းတာရေးစခန်းတွေရဲ့ ဖော်ပြချက်အရ ဒီမနက်မှာ မယ်ဆိုင်မြို့က လေထုအရည်အသွေးဟာ ၅၀၀ပတ်ချာလည်မှာရှိနေပြီး ဒီအခြေအနေဟာ ကျန်းမာရေးအတွက် အဆိုးရွားဆုံး အခြေအနေလည်း ဖြစ်ပါတယ်။

မယ်ဆိုင်ဘက်က ကျန်းမာရေးတာဝန်ရှိသူတွေကတော့ အပြင်ထွက်ရင် မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ဖို့ အကြံပြုထားပါတယ်။

MK – 004

#MeKongNews

#တာချီလိတ် #မယ်ဆိုင် #လေထုညစ်ညမ်းမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်အနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး ရွာလုံးကျွတ်ထွက်ပြေးနေရ

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့အနီး လွိုင်လင်ဘက်သွား ကားလမ်းအနီးကျေးရွာမှာ မနေ့နဲ့ ဒီနေ့မနက်ပိုင်းတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့တွင်း ပိတ်မိနေသူတွေထဲမှ ဒဏ်ရာပြင်းထန်သူ ၂ ဦးကို ကယ်ထုတ်၊ ကျန်သူတွေကိုလည်း ကယ်ထုတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင်းမှာ ပိတ်မိနေတဲ့ မိသားစုတွေထဲက ဒဏ်ရာပြင်းထန်သူ ၂ ဦးကို မနေ့က ဖေဖော်ဝါရီ ၂၀ ရက်ညနေပိုင်းက ကယ်ထုတ်နိုင်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPP က လူသစ်တွေကို သင်တန်းစပေး

ရှမ်းပြည်တောင်ပိုင်း၊ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က လူသစ်တွေကို ပထမပတ်သင်တန်း မနေ့ ဖေဖော်ဝါရီ ၂၀ မှာ ထိန်းချုပ်ရာနယ်မြေမှာ ဖွင့်လှစ်လိုက်တယ်လို့ ရှမ်းဘာသာနဲ့ သတင်းထုတ် ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စကခ ၁၉ ဌာနချုပ်အတွင်း ဒရုန်းနဲ့ဗုံးကြဲ၊ စစ်ကောင်စီ လက်နက်ကြီးနဲ့ ပြန်ပစ်လို့ ဒရုန်းပျက်စီး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၉) တပ်ရင်းဝန်းထဲရှိ အရာရှိအိမ်ယာကို Fixed Winds Drone အဖွဲ့က ဖေဖော်ဝါရီ ၁၉ နေ့လယ်ပိုင်းက ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမြို့နယ်မှာ စစ်ကောင်စီအမြောက်တပ်က ကျေးရွာအတွင်း လက်နက်ကြီးအထိုင်ချ ရမ်းသမ်းပစ်ခတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ ကျုးမုံ့ရွာနဲ့ဟွေးတက်ရွာ ဘုန်းကြီးကျောင်းတွေမှာ လက်နက်ကြီးအထိုင်ချပြီး မဲနယ်တောင်ဘက်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြန်မာနိုင်ငံသားတွေ တရားမဝင်နည်းလမ်းနဲ့ ဝင်လာရင် အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ်ဆို

ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက တရားဝင် လာရောက်မယ့် မြန်မာတွေကို ကြိုဆိုမှာဖြစ်ပေမယ့် တရားမဝင် ဝင်ရောက်လာသူတွေ ကိုတော့ ဥပဒေအရ အရေးယူသွားရမှာပဲလို့ ရှင်းလင်းပြောကြားသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်နေတဲ့ ဆီဆိုင်မြို့မှာ တိုက်ပွဲရှောင် မိသားစုလိုက် ဒဏ်ရာတွေနဲ့ ပိတ်မိနေ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေကြောင့် ခြံအတွင်းပုန်းခိုနေတဲ့ ၁၀ ဦးပါ မိသားတစ်စုအနက် ၅ ဦးဒဏ်ရာရနေပြီး ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အာဆီယံနိုင်ငံတွေထဲမှာ “စစ်ကောင်စီတပ် အယုတ်မာဆုံး” လို့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ ပြော

စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေဟာ အာဆီယံနိုင်ငံတွေအတွင်း “အယုတ်မာဆုံး ဖက်ဆက်စစ်တပ်” လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ အပြင်းအထန်ဝေဖန် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now