မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုညစ်ညမ်းမှု ဆိုးရွားလာ

မဲခေါင် 4 Mar - 2023
မဲခေါင်၊ မတ် ၄ တာချီလိတ်နဲ့ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နယ်စပ်မှာ ဒီနေ့ မတ်လ ၄ရက်မှာ လေထုညစ်ညမ်းမှုပိုမို ဆိုးရွားလာတယ်လို့ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ မတ် ၄

တာချီလိတ်နဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နယ်စပ်မှာ ဒီနေ့ မတ်လ ၄ရက်မှာ လေထုညစ်ညမ်းမှုပိုမို ဆိုးရွားလာတယ်လို့ဒေသခံတွေက ပြောပါတယ်။

မယ်ဆိုင်မြို့ရဲ့ လေထုအရည်အသွေးအညွှန်းကိန်းဟာ ဒီရက်ပိုင်းမှာ အန္တရာယ်ရှိတဲ့ အနီရောင်အဆင့်ကနေ အလွန်အန္တရာယ်ရှိတဲ့ ခရမ်းရောင်အဆင့်ကို ရောက်နေတယ်လို့ လေထုအရည်အသွေး တိုင်းတာရေးစခန်းတွေရဲ့ ညွှန်းကိန်းတွေအရသိရပါတယ်။

ဒီနေ့ မတ်လ ၄ရက် မနက် ၈နာရီခွဲခန့် တိုင်းတာချက်တွေအရ မယ်ဆိုင်မြို့ရဲ့ လေထုအရည်အသွေးဆိုးရွားမှုအညွှန်းကိန်းဟာ ၂၁၄ ကို ရောက်ရှိနေတယ်လို့ AQICN ဝက်ဘ်ဆိုဒ်က ဖော်ပြပါတယ်။

မယ်ဆိုင်မြို့နဲ့ကပ်လျက် မြန်မာနိုင်ငံတာချီလိတ်မြို့ဘက်မှာလည်း လေထုညစ်ညမ်းမှုကို ခံစားနေရပြီး တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မတ်လ ၃ရက် ထုတ်ပြန်ချက်မှာ လေထုထဲ PM 2.5 ပါဝင်မှုဟာ အညွှန်းကိန်း ၂၀၀ အထိရှိနေပါတယ်။

ဒါဟာ ကျန်းမာရေးအတွက် အလွန်မသင့်တော်တဲ့ အခြေအနေဖြစ်ပြီး မြင်ကွင်းကောင်းကောင်းမမြင်ရတာ၊ အသက်ရှုကြပ်တာတွေခံစားရတယ်လို့ တာချီလိတ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါပေမယ့် ဒေသအာဏာပိုင်တွေက ဒီကိစ္စအပေါ် ကိုင်တွယ်ဖြေရှင်းခြင်းမရှိဘဲ လျစ်လျှူရှူထားတယ်လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ထိစပ်ရာဒေသမှာ ဒီလို နွေဦးပေါက်ကာလရောက်တိုင်း လေထုညစ်ညမ်းမှုကို ကြုံတွေ့ရလေ့ရှိပါတယ်။

NLD အစိုးရလက်ထက် တာချီလိတ်မြို့မှာ လေထုညစ်ညမ်းမှုဒဏ်လျော့ပါရေးနဲ့ ဒေသခံတွေကျန်းမာရေး ထိခိုက်မှုလျော့နည်းစေဖို့ လေထုထဲကို ရေမှုန်ရေမွှားပက်ဖြန်းတာ၊ နှာခေါင်းစည်းဝေတာတွေပြုလုပ်ခဲ့ပါတယ်။

#MeKongNews

#လေထုညစ်ညမ်းမှု #တာချီလိတ် #မယ်ဆိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက