မြန်မာ့နွေဦး

တာချီလိတ်မှာ အိမ်ငှားခတွေ ဈေးကြီးလာလို့ ရွှေ့ပြောင်းလုပ်သားတွေ အခက်ခဲဖြစ်နေ

မဲခေါင် 5 Jan - 2023
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ အိမ်ငှားရမ်းခတွေ တရိပ်ရိပ် တက်လာတာကြောင့် ရွှေ့ပြောင်းလုပ်သားတွေ အခက်ခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ရွှေ့ပြောင်းလုပ်သား များပြားတဲ့ တာချီလိတ်မြို့မှာ စစ်ဏာသိမ်းပြီးချိန်မှစတင်ကာ စီးပွားရေး ကျဆင်းလာလို့ ရွှေ့ပြောင်း လုပ်သားတွေ အနေနဲ့ နေထိုင်စားသောက် စရိတ်နဲ့ ရရှိတဲ့ လုပ်ခလစာ မျှတအောင် ကြိုးစား နေရပေမယ့် အခုလို အိမ်ငှားရမ်းခတွေ မြင့်တက်လာလို့ အခက်ခဲတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒီနေ့ ၁ လပိုင်း ၅ ရက်ကနေစပြီး အိမ်လစာတွေ တိုးကောက်မယ်ဆိုပြီး သတင်းတွေ ထွက်နေတယ်။ စစ်တပ်က အာဏာရူးပြီး ကတည်းက စီးပွားရေးက လုံးဝ မကောင်းဘူး။ အရင်လို ရှာဖွေ စားသောက်ရတာ မလွယ်တော့ဘူး။ အရင်က အိမ်လခ၊ ရေဖိုး၊ မီးဖိုး အကုန်ပေါင်းမှ ဘတ် ၂,၀၀၀ ကျော်လောက်ပဲ ကျတာ။ အခု ဘတ် ၃,၇၀၀ ကျော်လောက် ရှင်းနေရတယ်။ ထပ်တိုးကောက်မယ်ဆို အိမ်ကို လစာ ပြန်ပို့ဖို့က မလွယ်တော့ဘူး။ အခုဆို လကုန် အကုန်ရှင်းပြီး (ကျပ်) ၅ သောင်းလောက်ပဲ ပြန်ပို့နိုင်တယ် 

လို့ တာချီလိတ်မြို့မှာ လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း လုပ်သား တစ်ဦးက ပြောပါတယ်။

လက်ရှိ တာချီလိတ်မြို့မှာ အိမ်ငှားခတွေ ထပ်တိုးကောက်ခံမယ်လို့ အိမ်ရှင်တွေက ပြောဆိုပြီးနောက် သာမန် နေအိမ် အခန်းငှားခတွေကို အနည်းဆုံး ဘတ် ၅၀၀ ကနေ ဘတ် ၁,၅၀၀၊ ဘတ် ၂,၀၀၀ အထိ တိုးမြှင့်ကောက်ခံလျက် ရှိနေတာပါ။

ပြီးခဲ့တဲ့လက နေအိမ် အခန်းငှားတဲ့ ပိုင်ရှင်တွေကို တာချီလိတ်မြို့နယ် ပြည်တွင်း အခွန်များဦးစီးဌာနက အခွန်ကျသင့်ငွေ အပြင် ဘတ် ၅,၀၀၀ မှ ဘတ် ၁၀,၀၀၀ အထိ ထပ်ဆောင်း ကောက်ခံခဲ့တယ်လို့ တာချီလတ် သတင်းဌာနက ဖော်ပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း တာချီလိတ်မြို့မှာ အခွန်အခတွေ ထပ်တိုး ကောက်ခံနေတဲ့အပြင် တရားမဝင် အွန်လိုင်း လောင်းကစားလုပ်ငန်းတွေ ကျယ်ပြန့်လာပြီး နေအိမ်ခန်း ငှားရမ်းမှု များပြားလာရာက အိမ်ခန်းငှားရမ်းခတွေ ဈေးတိုးတောင်းတဲ့အတွက် သာမန် ရွှေ့ပြောင်းအလုပ်သမားတွေ အခက်အခဲဖြစ်လာနေတာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။