မြန်မာ့နွေဦး

တာချီလိတ်မှာ ထိုင်းနိုင်ငံသားတစ်ဦး မိန်းမက ဓားနဲ့ထိုးလို့သေဆုံး

မဲခေါင် 10 Mar - 2023
မဲခေါင်၊​ မတ် ၁၀ တာချီလိတ်မြို့မှာ လာရောက်နေထိုင်တဲ့ ထိုင်းနိုင်ငံသားတစ်ဦးကို မိန်းမဖြစ်သူက ဓားနဲ့ထိုးတာကြောင့် မတ်လ ၈ရက် ညနေပိုင်းက သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မဲခေါင်၊​ မတ် ၁၀

တာချီလိတ်မြို့မှာ လာရောက်နေထိုင်တဲ့ ထိုင်းနိုင်ငံသားတစ်ဦးကို မိန်းမဖြစ်သူက ဓားနဲ့ထိုးတာကြောင့် မတ်လ ၈ ရက် ညနေပိုင်းက သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဆန်ဆိုင်း(ခ)ရပ်ကွက်၊​ စံပယ်လမ်းမှာ နေထိုင်တဲ့ ထိုင်းနိုင်ငံသား အဒွန်အိုချိုင်းသေဆုံးနေတာကို မတ်လ ၈ရက် ညနေ ၅နာရီလောက်က သိရှိခဲ့တာဖြစ်ပြီး သူနဲ့အတူနေတဲ့ ထိုင်းနိုင်ငံသူ ကစ်တီယာ – Kittiya ကို မြန်မာရဲတွေက ည ၇နာရီခွဲလောက်မှာ ဖမ်းလိုက်တယ်လို့ ဆန်ဆိုင်း(ခ)မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“အလောင်းတွေဘာတွေသယ်ပြီးတော့ ကောင်မလေးကို မယ်ဆိုင်ချောင်းနားမှာ ဖမ်းမိသွားတယ်။ သိပ်မကြာဘူး။ ကောင်မလေးက ချုံပုတ်ထဲမှာ ပုန်းနေတယ်ပြောတယ်” လို့ သူက ပြောပါတယ်။

အဒွန်အိုချိုင်းနဲ့ ကစ်တီယာတို့ဟာ အတူပေါင်းသင်းနေထိုင်သူတွေဖြစ်ပြီး ယောက်ျားဖြစ်သူ အဒွန် နောက်ထပ်ရည်းစားတစ်ယောက်ထပ်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စကားများရာကနေ မိန်းမဖြစ်သူ ကတ်တီယာက ဓားနဲ့ထိုးသတ်လိုက်တာဖြစ်တယ်လို့ မြန်မာရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေကို ကိုးကားပြီး ရဲစခန်းနဲ့နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

ကတ်တီယာဟာ မယ်ဆိုင်ချောင်းကို ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးဖို့ ကြိုးစားနေစဉ်မှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ သူကပြောပါတယ်။

အဒွန်နဲ့ကတ်တီယာဟာ ဘာကြောင့် တာချီလိတ်ဘက်မှာ လာရောက်နေထိုင်လည်းဆိုတာကိုတော့ မဲခေါင်သတင်းဌာနက စုံစမ်းနိုင်ခြင်း မရှိသေးပါဘူး။

MK – 004

#MeKongNews

#တာချီလိတ် #ထိုင်းနိုင်ငံသား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။