မြန်မာ့နွေဦး

တာချီလိတ်မြို့ခံသူဌေးတချို့ ပြန်ပေးဆွဲ ဘတ်သန်းချီတောင်းခံရတာတွေ ဆက်တိုက်ဖြစ်နေ

မဲခေါင် 5 Jan - 2023
ထိပ်တန်းသူဌေးတချို့အပါအဝင် တာချီလိတ်မြို့ခံသူဌေးတွေကို ပြန်ပေးဆွဲပြီး ဘတ်သန်းနဲ့ချီတောင်းခံတာတွေ ဒီလပိုင်းထဲ တာချီလိတ်မြို့မှာ ဆက်တိုက်ဖြစ်နေတယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြန်ပေးဆွဲပြီးငွေတောင်းခံရတဲ့ မြို့ထိပ်တန်းသူဌေး ၂ ဦးရှိခဲ့ပြီး ပြန်ပေးဆွဲတဲ့ပုံစံတွေဟာ ရုပ်ရှင်ကားတွေထဲကလို စနစ်တကျလုပ်ဆောင်နေတာမျိုးဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။

ပြန်ပေးဆွဲခံရတဲ့ သူဌေးတစ်ဦးကို ဘတ် ၁၀သန်းကျော်တောင်းခံကာပြန်လွှတ်ပေးခဲ့ပြီး နောက်တစ်ဦးကတော့ အသတ်ခံရတယ်လို့ သတင်းထွက်နေကြောင်း အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

ဒါက ဒီရက်ပိုင်းထဲဖြစ်သွားတာ။ အရင်ကလည်း ဆက်တိုက်ဖြစ်နေတာရှိတယ်။ တချို့ကလည်း လွတ်လာပြီးကြောက်လို့ ပြန်မပြောဘူး။ တချို့ကလည်း ရှက်လို့ပြန်မပြောဘူး 

လို့ သူကပြောပါတယ်။

ဒီလိုပြန်ပေးဆွဲပြီး ဘတ်သန်းနဲ့ချီတောင်းခံရတဲ့ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၆ လအတွင်း အနည်းဆုံးအမှု ၃၀ ရှိခဲ့တယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပြီး ဒေသအာဏာပိုင်တွေဘက်ကတော့ စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

ဒီလိုဖမ်းဆီးပြန်ပေးဆွဲ ငွေတောင်းခံရသူတွေထဲမှာ တာချီလိတ်က နာမည်ကြီးသူဌေးတစ်ဦးရဲ့ ဆွေမျိုးတော်စပ်သူလည်းပါတယ်လို့ ပြန်ပေးဆွဲခံရသူနဲ့ နီးစပ်သူကပြောပါတယ်။

ပြန်ပေးဆွဲခံရတဲ့ သူဌေးတချို့ရဲ့အချက်အလက်တွေကို မဲခေါင်သတင်းဌာနက ရရှိထားပေမယ့် သူတို့ရဲ့လုံခြုံရေးအရ ထည့်သွင်းဖော်ပြခြင်းမပြုဘဲ ချန်လှပ်ထားခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့ကို တရားမဝင် တရုတ်နိုင်ငံသားတွေ အများအပြားဝင်လာခဲ့ပြီး အဲဒီထဲမှာ တရုတ်ရာဇဝတ်ဂိုဏ်းတွေလည်း ပါဝင်တာကြောင့် မှုခင်းဖြစ်ပွားမှုတွေပိုများလာတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

မြို့တွင်းလူစည်ကားတဲ့နေရာတွေမှာတင် တရုတ်အချင်းချင်းပြန်ပေးဆွဲတာ၊ ခိုက်ရန်ဖြစ်ပွားတာ၊ ပစ်ခတ်တာတွေဖြစ်ပွားနေပြီး မြို့ခံလူထုက စိုးရိမ်ထိတ်လန့်နေရတယ်လို့ သူက ပြောပါတယ်။

သူတို့(တရုတ်)ဂိုဏ်းတွေအချင်းချင်း ဖြစ်ကြတာဆိုပေမယ့် လူစည်ကားတဲ့ ညနေပိုင်းအချိန်တို့၊ နေ့လည်ပိုင်းအချိန်တို့မှာ လူသွားလူလာများတဲ့ အာခါဈေးနားတို့၊ ဗိုလ်ချုပ်လမ်းမပေါ်တို့မှာဖြစ်ကြတာ။ ဒေသခံတွေလည်း ဒီအပေါ်စိုးရိမ်ကြတယ် 

လို့ သူက ပြောပါတယ်။

ကမ္ဘာနဲ့ချီပြီး အုပ်စုဖွဲ့ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ တရုတ်ဂိုဏ်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးဖရိုဖရဲဖြစ်၊ အကျင့်ပျက်ခြစားမှုတွေပိုများလာတဲ့ မြန်မာနိုင်ငံနယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ လောက်ကိုင်၊ ရွှေကုက္ကိုလ် တို့ကို ပိုမိုပြောင်းရွှေ့လာနေတယ်လို့ လေ့လာသူတွေက ထောက်ပြနေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ်
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မြန်မာ့အရေး ဂျပန်အစိုးရအနေနဲ့ ဖိအားပေးဆောင်ရွက်ဖို့ ဂျပန်လွှတ်တော်အမတ် ၅၆ ဦး လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ ဖေဖော်ဝါရီ ၂ မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန်