မြန်မာ့နွေဦး

တအာင်းဒေသမှာ အခြေအနေတည်ငြိမ်တာနဲ့ ကျောင်းများအားလုံး ပြန်ဖွင့်မယ်လို့ တအာင်းပညာရေးကော်မတီ ကြေညာ

မဲခေါင် 10 Jan - 2024
တအာင်းဒေသအတွင်းရှိ ကျောင်းများအားလုံးကို ဒေသအခြေအနေ တည်ငြိမ်တာနဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ တာဝန်ယူ ဖွင့်လှစ်သွားမယ်လို့ တအာင်းအမျိုးသားပညာရေးကော်မတီ TNEC က သတင်းထုတ်ပြန်ပါတယ်။

မဲခေါင် ၊ ဇန်နဝါရီ ၁၀

တအာင်းဒေသအတွင်းရှိ ကျောင်းများအားလုံးကို ဒေသအခြေအနေ တည်ငြိမ်တာနဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ တာဝန်ယူ ဖွင့်လှစ်သွားမယ်လို့ တအာင်းအမျိုးသားပညာရေးကော်မတီ TNEC က သတင်းထုတ်ပြန်ပါတယ်။

တအာင်းဒေသမှာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းကစပြီး ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ ၂၀၂၄ နှစ်ဆန်းထိ ဒေသအနှံကူးစက်ကာ စစ်မီးတောက်လောင်နေတဲ့အတွက် စာသင်ကျောင်း အများစုကို ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် အခု ၂၀၂၄ ခုနှစ်မှာ ဒေသအခြေအနေ တည်ငြိမ်လာတာနဲ့ တပြိုင်နက် ပိတ်ထားခဲ့တဲ့ ကျောင်းတွေကို ဆက်လက်ဖွင့်လှစ်သွားမယ်လို့ TNEC ကဆိုပါတယ်။

ဒါပေမယ့် အရင်က စစ်ကောင်စီဖွင့်လှစ်ခဲ့တဲ့ ကျောင်းတွေဖြစ်တဲ့ နမ့်ခမ်းမြို့နယ်မှ ၅၉ ကျောင်း ၊ နမ့်ဆန်မြို့နယ်မှ ၁၉ ကျောင်း ၊ နမ္မတူမြို့နယ်မှ ၅၆ ကျောင်း ၊မန်တုံမြို့နယ်မှ ၆ ကျောင်း၊ မိုင်းငေါ့မြို့ ၊ မိုင်းလုံမြို့ နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ ဖွင့်ထားတဲ့ ကျောင်းတွေကိုတော့ သင်ကြားရေးဆရာ/ဆရာမများ မရှိသေးတဲ့အတွက် အခုပညာသင်နှစ်မှာ ဖွင့်လှစ်သင်ကြားပေးနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ကျောင်းပိတ်ထားတဲ့ ကာလအတွင်း ကျောင်းသူ ကျောင်းသူများအနေနဲ့ ပညာရေးဆုံးရှုံးမှု မဖြစ်စေရေးအတွက် ကိုယ်ပိုင်လေ့လာမှုပြုခြင်း၊ စာသင်ဝိုင်းဖွဲကာ လေ့လာခြင်း၊ မိသားစုလုပ်ငန်းအား ကူညီလုပ်ကိုင်ခြင်းနဲ့ ကွင်းဆင်းလေ့လာခြင်းများ ပြုလုပ်ကြရန် တအာင်းအမျိုးသားပညာရေးကော်မတီ TNEC က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပိတ်ထားတဲ့ ကျောင်းတွေမှာ ပညာသင်ကြားခဲ့တဲ့ ကျောင်းသား ကျောင်းသူများရဲ့ ပညာရေး ထိခိုက်နစ်နာမှု မရှိစေရေး ၎င်းတို့ဖြေဆိုခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဝက်စာမေးပွဲ ရလဒ် ဒါမှမဟုတ် ဒီဇင်ဘာလစာမေးပွဲရလဒ်များကို အတန်းတဆင့်တက် ပညာသင်ကြားနိုင်ရန်လက်ခံမယ်လို့ TNEC ကဆိုပါတယ်။

TNEC ဟာ တအာင်းဒေသအတွင်းရှိ ကျောင်းပညာရေးသင်ယူရန် ခက်ခဲတဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်ပြီး ပညာသင်ကြားပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

CJ-002

#MeKongNews

#တအာင်း

#ပလောင်

#တည်ငြိမ်

#စာသင်ကျောင်း

#ပညာရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now