မြန်မာ့နွေဦး

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ကို စစ်ကောင်စီက ထောင် ၁၅ နှစ်ချ

မဲခေါင် 28 Dec - 2022
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD၊ အစိုးရအဖွဲ့ဝင်ဟောင်းတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို မန္တလေး အိုးဘိုထောင်တွင်း တရားရုံးက ပုဒ်မ-၅၀(ည) နဲ့ ထောင် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေထံမှ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံ အိုးဘိုထောင်တွင်း တရားရုံးကနေ အကြမ်းဖက်မှုတွေ အတွက် ငွေကြေး ထောက်ပံ့မှုဆိုင်ရာပြစ်မှု ပုဒ်မ- ၅၀(ည) နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တာလို့ သိရပါတယ်။

သူ့ကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက်မှာ ဒေါက်တာဇော်မြင့်မောင်ရဲ့ ရုံးချိန်းအပြီးမှာ စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားတာပါ။

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ ဒေါက်တာဇော်မြင့်မောင် အပေါ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ကျူးလွန်တယ်ဆိုတဲ့ အမှုနဲ့ အဂတိလိုက်စားမှုတွေ၊ NLD အစိုးရလက်ထက် မန္တလေးတိုင်းလျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီး ဦးဇာနည်အောင်ရဲ့ အမှုတွေအပြင် NLD ပါတီနာယက ဦးဝင်းထိန်ရဲ့ အမှုတွေအတွက်လည်း လိုက်ပါ ဆောင်ရွက်ပေးခဲ့ပါတယ်။

သူဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊မန္တလေးတိုင်းရဲ့ အလုပ်မှူဆောင်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမှုတွေကို လိုက်ပါ ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

ဒေါ်ရွက်နုအောင်ဟာ မန္တလေးမြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်-PDF အဖွဲ့ဝင်လို့ ဆိုတဲ့ တရားလွှတ်တော်ရှေ့နေ ဦးစည်သူ (ခ) ဆိတ်ကြီးကို ငွေကျပ် ၃ သိန်း ထောက်ပံ့မှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ ထွက်ဆိုချက်အရ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ စစ်ကောင်စီက အမှုဖွင့်ခဲ့တာပါ။

သူဟာ NLD အစိုးရလက်ထက်က နိုင်ငံကျော်အမှု တခုဖြစ်သော နေပြည်တော်မှ ဗစ်တိုး ရီးယားအမှုမှာ နစ်နာသူ ကလေးငယ်ဘက်မှ လိုက်ပါဆောင်ရွက်ပေးခဲ့သလို Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို အမျိုး ဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့-မဘသ က စွဲဆိုတဲ့ အမှုမှာလည်း အကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ်
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မြန်မာ့အရေး ဂျပန်အစိုးရအနေနဲ့ ဖိအားပေးဆောင်ရွက်ဖို့ ဂျပန်လွှတ်တော်အမတ် ၅၆ ဦး လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ ဖေဖော်ဝါရီ ၂ မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန်
မြန်မာ့နွေဦး

နိုဘယ်ငြိမ်းချမ်းရေးဆု တင်သွင်းစာရင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်

မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု တင်သွင်းဖို့ စာရင်း ထုတ်ပြန်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC တို့