မြန်မာ့နွေဦး

တပ်မတော်နေ့ နေပြည်တော် စစ်ရေးပြမလိုက်ချင်တဲ့ စစ်သားတွေ ကျပ်သိန်းဆယ်ချီပေးပြီး လူစားထည့်နေရ

မဲခေါင် 30 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၃၀ နေပြည်တော်မှာ ကျင်းပဖို့ ရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့ အခမ်းအနား ချီတက် စစ်ရေးပြပွဲ အတွက် ကြိုတင် လေ့ကျင့်ဖို့ စစ်တပ်တွင်း အမည်စာရင်း ကောက်ယူနေရာ စစ်ရေးပြ အခမ်းအနားမှာ မပါဝင်လိုတဲ့ စစ်သားတွေ အနေနဲ့ လူစားထိုး ထည့်သွင်းဖို့ ကျပ် ၁၀ သိန်းအထိ ပေးနေရတယ်လို့ တပ်တွင်း သတင်းရင်းမြစ်ထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၀

နေပြည်တော်မှာ ကျင်းပဖို့ ရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့ အခမ်းအနား ချီတက် စစ်ရေးပြပွဲ အတွက် ကြိုတင် လေ့ကျင့်ဖို့ စစ်တပ်တွင်း အမည်စာရင်း ကောက်ယူနေရာ စစ်ရေးပြ အခမ်းအနားမှာ မပါဝင်လိုတဲ့ စစ်သားတွေ အနေနဲ့ လူစားထိုး ထည့်သွင်းဖို့ ကျပ် ၁၀ သိန်းအထိ ပေးနေရတယ်လို့ တပ်တွင်း သတင်းရင်းမြစ်ထံက သိရပါတယ်။

လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ခမ်းခမ်းနားနား ကျင်းပဖို့ ရှိနေတဲ့ (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ပါဝင် ချီတက်မယ့် တပ်အသီးသီးဟာ ဖေဖော်ဝါရီလလယ်က စပြီး နေပြည်တော်မှာ စုဖွဲ့ကာ တစ်လ ကြိုတင် လေ့ကျင့်မှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

“အရင်ကတော့ ကြည်း၊ ရေ၊ လေ က တိုက်ခိုက်ရေး အုပ်စုတွေ အများဆုံး ပါတာပေါ့။ အခုက တပ်အကုန် ရှေ့တန်းထွက်နေရသလို ဖြစ်နေတော့ ပညာသည် အုပ်စုနဲ့ အရန် အင်အားထဲကနေ စစ်ရေးပြအတွက် ထုတ်နှုတ်ရတဲ့ အခြေအနေ ဖြစ်နေတယ်။ တလလုံး ဘာဂွင်မှ မရှိဘဲ နေပူထဲ ပင်ပင်ပန်းပန်း လျှောက်ရမှာ ဆိုတော့ မလိုက်ချင်ကြဘူး။ တချို့ အသက်ကြီးပိုင်းတွေလဲ စာရင်းထဲ ပါနေတာရှိတယ်။ အဲတော့ သူ့တပ် ကိုယ်တပ်ထဲက လုံခြုံရေး နောက်ချန် ထားတဲ့ထဲက လိုက်ချင်သူရှိရင် အရာရှိက လူစားထိုး စီမံပေးရတာပေါ့။ အဲမှာ ဘယ်လောက်ဆိုပြီး ဈေးတွေ ဖြစ်လာတာ” လို့ တပ်တွင်း သတင်းရင်းမြစ်က ရှင်းပြပါတယ်။

နေပြည်တော် တစ်လ လမ်းလျှောက် ခရီးစဉ်ကို ရှောင်လွှဲလိုသူ အများစုဟာ အကြောင်းအမျိုးမျိုးနဲ့ ဝင်ငွေ ကောင်းနေသူတွေ ဖြစ်လို့ တပ်တွင်း နောက်ချန်အဖြစ် နေရမယ့် ဘဝတူ စစ်သားတွေကို အခကြေးငွေပေးကာ ပြန်လည်ငှားရမ်း လူစားထိုးနိုင်တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

လက်ရှိ နိုင်ငံတဝှမ်း စစ်မျက်နှာ အများအပြား ဖွင့်ထားရတဲ့ စစ်ကောင်စီတပ် အတွင်းမှာ အရင်က သက်သောင့်သက်သာရှိတဲ့ ပညာသည် အုပ်စုဝင် အင်ဂျင်နီယာတပ်ကဲ့သို့ တပ်တွေပင် နီးစပ်ရာ ဒေသတွေမှာ လုံခြုံရေး ယူနေရပြီး ရေတပ်နဲ့ လေတပ်က စစ်သားများလည်း တပ်အထိုင်ချရာ ဒေသတွေရဲ့ လုံခြုံရေး တာဝန်ယူနေရလို့ နာမကျန်းခွင့် ပိတ်ပင်ထားရတဲ့ အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“လမ်းမကြီးတွေမှာ ဂိတ်ထိုင်ရတဲ့တပ် ဆိုရင် ပိုပေးတယ်ပေါ့ဗျာ။ သူတို့ ဂွင်တည့်နေတာ နေရာပျောက်မှာ စိုးတာကိုး။ တစ်ယောက် ၁၀ သိန်း ၁၅ သိန်း ပေးတဲ့ တပ်တွေရှိတယ်။ ၃ သိန်း ၄ သိန်းပဲ ပေးနိုင်တဲ့ တပ်တွေရှိတယ်။ အမျိုးမျိုးပေါ့။ ထောက်ပို့က ဒီဇယ်ကိုင်တဲ့ အရာရှိ နေပြည်တော် တစ်လ ဘယ်သွားမလဲ။ ဂွင်ပျောက်သွားမှာပေါ့။ တချို့ အသက်ကြီးပြီး ကျန်းမာရေး သိပ်မကောင်းတဲ့ သူတွေကျတော့ မရှိရှိရာ ရှာပေးပေါ့ဗျာ။ ခုကတော့ ဈေးကွက်လို ဖြစ်လာတာပေါ့။ နေပြည်တော် သွားမယ့် ကောင်လေးတွေကလည်း သူ့ကင်းအလှည့် အတွက် လူပြန်ငှားရတာ အရာရှိကို ပေးရတာ ဒါမျိုးလေးတွေ ရှိတယ်” လို့ မိထ္ထီလာ လေတပ်မှ ပညာသည် အုပ်စုဝင် အရာရှိ တစ်ဦးက ရှင်းပြပါတယ်။

လက်ရှိ တပ်မတော်နေ့ အတွက် ကြည်း၊ ရေ၊ လေ တပ်များမှ စစ်တိုင်း အလိုက် လူစာရင်း ကောက်ခံနေရာ စစ်ရုံးချုပ်က ကနဦး အနည်းဆုံး စစ်သည်အင်အား တစ်သောင်းမှ တောင်းခံထားတယ်လို့ သိရပါတယ်။

#MeKongNews

#တပ်မတော်နေ့

#နေပြည်တော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။