မြန်မာ့နွေဦး

တန့်ယန်းမှာ စစ်ကောင်စီက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် အမျိုးသား ၃ ဦးသေဆုံး၊ SSPP/SSA တပ်ဖွဲ့ဝင်များမဟုတ်ဟု SSPP ဆို

မဲခေါင် 24 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၄ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်ရှိ နေအိမ်တစ်ခု အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက် ပစ်ခတ်ခဲ့တဲ့ အတွက် အမျိုးသား ၃ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်ရှိ နေအိမ်တစ်ခု အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက် ပစ်ခတ်ခဲ့တဲ့ အတွက် အမျိုးသား ၃ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ အဆိုပါ နေအိမ်ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA တပ်ဖွဲ့ဝင် နေအိမ်ဖြစ်တယ်လို့ သတင်းထွက်နေပေမယ့် အဖွဲ့အစည်းနဲ့ သက်ဆိုင်တာ မရှိဘူးလို့ SSPP ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီးစိုင်းစုက မဲခေါင်သတင်းကို ပြောပါတယ်။

“သူတို့က SSPP/SSA တပ်ဖွဲ့ဝင် မိသားစု နေအိမ်ဆိုတာ မဟုတ်ပါဘူး။ မန်လွယ်ရွာသားတွေပါ။ Home made သေနတ်တွေ ထုတ်လုပ်ရောင်းချလို့ စစ်ကောင်စီရဲတွေက လာရောက်ပစ်ခတ် သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းနဲ့ ပတ်သက်မှု မရှိပါဘူး” လို့ SSPP ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းစုက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က စစ်ကား ၄ စီးနဲ့ တန့်ယန်းမြို့နယ်၊ မိုင်းပတ်ကျေးရွာအုပ်စု၊ မန်လွယ်ကျေးရွာရှိ နေအိမ် တစ်အိမ်ကို ပိတ်ဆို့ ပစ်ခတ်ခဲ့တာကြောင့် မိသားစုဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

ပတ်ဝန်းကျင်ရှိ ဒေသခံတွေရဲ့ ပြောဆိုမှုအရ SSPP/SSA အဖွဲ့က လူတွေဆိုပြီး ပြောဆိုသံတွေ ကြားပြီးနောက် ပစ်ခတ်မှုတွေ ရှိခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ နယ်မြေစိုးမိုးမှုရှိတဲ့ နေရာအချို့မှာ အကြမ်းဖက်လုပ်ရပ်တွေကို အလျဉ်းသင့်သလို ကျူးလွန်နေတဲ့ အတွက် ဒေသခံတွေ ထိတ်လန့်ကြောက်ရွံ့နေရပါတယ်။

MK-003
#Mekongnews
#SSPP/SSA
#ရှမ်းမြောက် #တန့်ယန်း
#MilitaryInCoup

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။