မြန်မာ့နွေဦး

တန့်ဆည်မှာ အာဏာသိမ်းပြီးနောက် စစ်တပ်က ပြည်သူ ၈၀ ကျော်သတ်ဖြတ်ကာ နေအိမ်အဆောက်အဦ ၃,၅၀၀ ခန့် မီးရှို့ဖျက်ဆီး

မဲခေါင် 5 Jan - 2023
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်အာဏာသိမ်း ကာလ တစ်လျှောက် စစ်တပ်က အရပ်သား ပြည်သူ ၈၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး နေအိမ် အဆောက်အဦပေါင်း ၃,၅၀၀ ခန့် မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း တန့်ဆည်မြို့နယ်ရှိ ကျေးရွာ ၈၃ ရွာမှ လူနေအိမ် ၃,၄၇၄ လုံး၊ သာသနိက အဆောက်အဦ ၉ လုံး၊ စာသင်ကျောင်း တစ်ကျောင်းနဲ့ ဆေးရုံ ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက ပြည်သူ ၈၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ဒေသခံ အမျိုးသမီး တစ်ဦးကိုလည်း အဓမ္မပြုကျင့်ခဲ့တယ်လို့ တန့်ဆည်- ပအဖ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တန့်ဆည်မြို့နယ်ရှိ ဒေသခံ ၁၅,၆၃၀ ဦး အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး ပြည်သူ ၁၈,၀၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ဆိုပါတယ်။

ဒီနေ့ အထိ တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနနဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဌာနတို့က ကျပ် ၈၁,၇၃၉,၂၀ဝ ကျပ် တိတိကို အကူအညီ လိုအပ်တဲ့ နေရာ အသီးသီးသို့ ထောက်ပံ့နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပအဖအဖွဲ့သို့ ချိတ်ဆက်လှူဒါန်းကြတဲ့ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေရဲ့ ငွေကြေး၊ အစားအစာ၊ အဝတ်အထည် စတာ‌တွေလည်း ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ တန့်ဆည်-ပအဖ က အသိပေးထားပါတယ်။

ပအဖ အဖွဲ့အနေနဲ့ မြို့နယ်တွင်း လူသားချင်း စာနာမှု အကူအညီများ ရရှိနိုင်ဖို့ အခွန်ဘဏ္ဍာ ရှာဖွေတာ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်တာ၊ ပြည်တွင်း၊ ပြည်ပ အလှူရှင်‌ တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်း‌ တွေနဲ့ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကလည်း တန့်ဆည်မြို့နယ်သို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းတွေ ဆောင်ရွက်ပါက လုံခြုံရေးနဲ့ ထောက်ပံ့ရေး လုပ်ငန်း‌တွေ ပူးပေါင်း ကူညီ ဆောင်ရွက်ပေးနိုင်ဖို့ အတွက် ပအဖ အဖွဲ့သို့ ချိတ်ဆက် ဆောင်ရွက်ကြဖို့လည်း တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။