မနေ့ မနက်ပိုင်းက နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား ၆၆ ဦးကို ထောင်ဒဏ် ၅ နှစ်မှ ၁၇ နှစ်အထိ အသီးသီး အမိန့်ချပြီး အကျဉ်းသား ၄ ဦးသာ ပြန်လွှတ်ပေးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အဲဒီ အမိန့်ချမှတ်ခံရသူ ၆၆ ဦးထဲမှာ တနင်္သာရီဂျာနယ်ရဲ့ တိုင်ပင် ဆောင်းပါးရှင် ကိုအောင်လွင်လည်း ပါရှိပြီး သူ့ကို ၅၂(က) ပုဒ်မနဲ့ တရားစွဲကာ ထောင်ဒဏ် ၅ နှစ် ချမှတ်ထားတယ် လို့လည်းDawei Information Centerက ထုတ်ပြန်ထားပါတယ်။
ဒီတစ်ခါ ကျွန်မ သားလေး လွတ်မယ်လို့ မျှော်လင့်ထားတာပါ။ မျှော်လင့်ထား သလို ဖြစ်မလာခဲ့လို့ ရင်ကွဲမတတ် ခံစားရပါတယ်။ တစ်ခြားသူတွေ လွတ်လာလို့လည်း အရမ်းဝမ်းသာမိတယ်
လို့ ထောင်ဒဏ် အမိန့် ချမှတ်ခံရတဲ့သူရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။
ပြန်လွတ်လာသူ ၄ ဦးဟာ ကိုစုကန်း၊ ကိုဇော်မိုးထက်၊ ကိုချစ်မြတ်ထွေးနဲ့ လူငယ် တစ်ဦးတို့ ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်က ဦးအောင်လွင်၊ စောအယ်သယ်မိုး တို့ ၂ ဦး ပြန်လွတ်မြောက်လာကာ သူတို့ ၆ ဦးဟာ ထားဝယ် အရှေ့တောနယ်မှာ နေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။