မြန်မာ့နွေဦး

တစ်ခါခြင်္သေ့ဖြစ်ဖူးရင် အမြဲတမ်း ခြင်္သေ့ဖြစ်ရမယ်ဆိုပြီး လူမိုက်ခင်ရီက ကြံ့ပါတီဝင်ဟောင်းတွေကို အတင်းခေါ်တွေ့

မဲခေါင် 18 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၈ တစ်ခါ ခြင်္သေ့ ဖြစ်ဖူးရင် အမြဲတမ်း ခြင်္သေ့ ဖြစ်ရမယ်ဆိုပြီး လူမိုက်အဖြစ် ဝိဂြိုလ်ပြုခံရသူ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပါတီဝင်ဟောင်းတွေကို တောင်ကြီးမှာ အတင်းခေါ်ယူ တွေ့ဆုံခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၈

တစ်ခါ ခြင်္သေ့ ဖြစ်ဖူးရင် အမြဲတမ်း ခြင်္သေ့ ဖြစ်ရမယ်ဆိုပြီး လူမိုက်အဖြစ် ဝိဂြိုလ်ပြုခံရသူ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပါတီဝင်ဟောင်းတွေကို တောင်ကြီးမှာ အတင်းခေါ်ယူ တွေ့ဆုံခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ပါတီ ရုံးခန်းမမှာ ဇန်နဝါရီလ ၁၆ ရက်က လူမှုရေးအသင်းအဖွဲ့တွေ၊ ဘာသာရေး အသင်းအဖွဲ့တွေ၊ ရှမ်းတောင် ပါတီ တာဝန်ရှိသူတွေ အပြင် နှုတ်ထွက်ထားတဲ့ ပါတီဝင်ဟောင်းတွေကိုပါ အတင်း ခေါ်ယူ တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ ဖိတ်စာနဲ့ လာဖိတ်တာ ဆိုပေမယ့် မတက်မနေရ ပုံစံမျိုးကို ပြောသွားတာ။ နှုတ်ထွက်ထားတဲ့ ပါတီ အမာခံဟောင်း တချို့ ဆိုရင် သူကိုယ်တိုင် ဖုန်းဆက်ခေါ်တာ။ တစ်ခါ ခြင်္သေ့ဖြစ်ဖူးရင် အမြဲတမ်း ခြင်္သေ့ ဖြစ်ရမယ်ဆိုပြီး ပြောပြောပြီး ခေါ်တာပေါ့။ ဆွေးနွေးပွဲ မိန့်ခွန်းမှာပါ ထည့်ပြောသွားသေးတယ်” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဦးခင်ရီက ၂၀၂၀ ရွေးကောက်ပွဲ ကာလမှာ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတွေ၊ ရက် ၉၀ စီမံချက်မှာ ပါဝင်တဲ့ တန်းတူရည်တူ ဆက်ဆံရေး ကိစ္စရပ်တွေ၊ လူငယ်၊ အမျိုးသမီး၊ မီဒီယာ၊ နိုင်ငံတကာ စတဲ့ ရပ်ဝန်း ၈ ခု အချက်အလက်တွေနဲ့ လာမယ့် ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေကို ပြောဆို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပါတီတွင်း စည်းလုံးညီညွတ်မှုရှိဖို့၊ တစ်ယောက်ရရင် တစ်ယောက်၊ တစ်အိမ်ရရင် တစ်အိမ် ရသမျှ စည်းရုံးပြီး ပါတီ အောင်နိုင်ရေး အတွက် စည်းရုံးရေး လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်ဖို့ ခိုင်းစေခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်ကလည်း အဲဒီရုံးခန်းမမှာ ပအိုဝ်း၊ ရှမ်း၊ ကိုးကန့်၊ အင်း၊ တောင်ရိုး၊ ပလောင်၊ ယင်းကြား၊ မုန်းဝန်းစတဲ့ တိုင်းရင်းသား စာပေယဉ်ကျေးမှု အဖွဲ့ ၈ ဖွဲ့ကို ခေါ်ယူတွေ့ဆုံကာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ အတွက် စည်းလုံးညီညွတ်စွာနဲ့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ‌ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

MK-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့