မြန်မာ့နွေဦး

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၈၀ ရာခိုင်နှုန်းကျော်အထိ စံချိန်တင် ကျဆင်း

မဲခေါင် 8 Mar - 2023
မဲခေါင်၊ မတ် ၈ စစ်တပ် အာဏာသိမ်းပြီးနောက် ဒုတိယ အကြိမ် ပြုလုပ်တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ အရေအတွက် အာဏာမသိမ်းခင်ကထက် ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်လို့ ပညာရေး လေ့လာစောင့်ကြည့်သူတွေထံက သိရပါတယ်။

မဲခေါင်၊ မတ် ၈

စစ်တပ် အာဏာသိမ်းပြီးနောက် ဒုတိယ အကြိမ် ပြုလုပ်တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ အရေအတွက် အာဏာမသိမ်းခင်ကထက် ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်လို့ ပညာရေး လေ့လာစောင့်ကြည့်သူတွေထံက သိရပါတယ်။

NLD အစိုးရ လက်ထက် ပညာရေးဝန်ကြီးဌာန စာရင်းတွေအရ ၂၀၂၀ ခုနှစ်က ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသူ ၉ သိန်းကျော် ရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးတဲ့ ၂၀၂၂ ခုနှစ်မှာ ၃ သိန်း ဝန်းကျင်ရှိကာ အခုနှစ်မှာတော့ တစ်သိန်းရှစ်သောင်း နီးပါးသာ ရှိတယ်လို့ သိရပါတယ်။

“အချို့ ကျေးရွာများတွင် စစ်တပ်က စစ်ကြောင်းထိုးမှုများကြောင့် ပညာသင်ကြားနိုင်ခြင်း မရှိဘဲ ထွက်ပြေး တိမ်းရှောင်နေရတယ်။ တစ်ချို့နေရာတွေမှာကြတော့ အခြေအနေက တော်တော်လေးကို ဆိုးတာ စာသင်ဖို့တောင်မှ မလွယ်ဘူး။ ကျောင်းတွေ ပိတ်ရတဲ့ အခြေအနေတွေ ဖြစ်နေတယ်” လို့ စစ်ကိုင်းတိုင်း အတွင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ပညာရေးဝန်ထမ်း သိန်းနဲ့ချီ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်တာကလည်း စစ်ကောင်စီ လက်အောက်မှာ ပညာရေးကဏ္ဍ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေတဲ့ အကြောင်းရင်း တစ်ခု ဖြစ်တယ်လို့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

“ဒီလို အခြေအနေ အတွင်းမှာပဲ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ကြားကာလ ပညာရေးစနစ်ကို အကောင်အထည်ဖော်နေပြီး ၁၀ တန်း စာမေးပွဲ ဖြေဆိုသူ ဦးရေ ၉ သောင်း ဝန်းကျင်ရှိတယ်” လို့ NUG ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောပါတယ်။

စစ်ကောင်စီရဲ့ စာရင်းအရ အခု ၂၀၂၂ – ၂၀၂၃ စာသင်နှစ်မှာ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက် ဖြေဆိုသူ ၁၇၉, ၇၄၂ ဦးသာ ရှိပြီး အာဏာ မသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ၉ သိန်းကျော်နဲ့ နှိုင်းယှဉ်ကြည့်ရင် ဖြေဆိုသူ အရေအတွက် ၁၈ ရာခိုင်နှုန်းကျော်သာ ရှိတယ်လို့ ပညာရေး အသိုင်းအဝိုင်းမှ သိရပါတယ်။

MK-010

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက