မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ လေကြောင်းတိုက်ခိုက်မှု မူလတန်းကျောင်းနဲ့ နေအိမ်တွေပျက်စီးပြီး ဒေသခံ ၃,၁၉၅ ဦး ထွက်ပြေးရ

မဲခေါင် 22 Mar - 2023
မဲခေါင်၊ မတ် ၂၂ ကရင်ပြည်နယ်၊ ခလယ်လွီခရိုင်-ညောင်လေးပင်ခရိုင်၊ ဆောထိနဲ့ လယ်ဒိုမြို့နယ်အတွင်း မတ်လ ၂၀ ရက်က လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မူလတန်းကျောင်း အပါအဝင် နေအိမ် ၅ လုံးပျက်စီးပြီး ဒေသခံပြည်သူ ၃,၁၉၅ ဦး စစ်ဘေးရှောင် နေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး ဗဟိုက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ မတ် ၂၂

ကရင်ပြည်နယ်၊ ခလယ်လွီခရိုင်-ညောင်လေးပင်ခရိုင်၊ ဆောထိနဲ့ လယ်ဒိုမြို့နယ်အတွင်း မတ်လ ၂၀ ရက်က လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မူလတန်းကျောင်း အပါအဝင် နေအိမ် ၅ လုံးပျက်စီးပြီး ဒေသခံပြည်သူ ၃,၁၉၅ ဦး စစ်ဘေးရှောင် နေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး ဗဟိုက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဆောထိနဲ့ လယ်ဒိုမြို့နယ်အတွင်း မတ်လ ၂၀ ရက် ညနေပိုင်းမှာ စစ်တိုက်လေယာဉ်တွေ ၉ ကြိမ်လာရောက်ကာ ဗုံး ၂၈ လုံး ကြဲခဲ့လို့ မူလတန်းကျောင်း တစ်ကျောင်း၊ နေအိမ် ၅ လုံး မီးလောင်ပျက်စီးပြီး ပြည်သူ တစ်ဦး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို တိုက်လေယာဉ်တွေနဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လို့ ကျေးရွာ ၂၁ ရွာနေ ဒေသခံ ပြည်သူတွေ စစ်ဘေး တိမ်းရှောင် နေရတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ကရင်ပြည်နယ်က ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အကြမ်းဖက် မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ဒေသခံ ပြည်သူ သိန်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ စစ်ဘေး‌ရှောင် ကူညီထောက်ပံ့ရေးအဖွဲ့တွေက ပြောပါတယ်။

MK-007

#MeKongNews

#ကရင်ပြည်နယ်

#KNU

#လေကြောင်းတိုက်ခိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ