မြန်မာ့နွေဦး

ညောင်ရွှေမြို့မှာ မိသားစု ၃ ဦးကို စစ်တပ်က ပစ်ခတ် ရိုက်နှက် ဖမ်းဆီး

မဲခေါင် 6 Apr - 2023
မဲခေါင်၊ ဧပြီ ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ အင်းလေးဒေသ ညောင်ရွှေမြို့ပေါ်က မိသားစု ၃ ဦးကို စစ်ကောင်စီတပ်က နေအိမ်ပေါ် သေနတ် ပစ်ဖောက် ဝင်ရောက် ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၆

ရှမ်းပြည်နယ် တောင်ပိုင်း၊ အင်းလေးဒေသ ညောင်ရွှေမြို့ပေါ်က မိသားစု ၃ ဦးကို စစ်ကောင်စီတပ်က နေအိမ်ပေါ် သေနတ် ပစ်ဖောက် ဝင်ရောက် ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ရွှေမြို့မှာ နေထိုင်တဲ့ ကိုမျိုး ဆိုသူနဲ့ မိသားစုကို စစ်ကောင်စီ ကား ၃ စီးနဲ့ ဧပြီလ ၅ ရက်၊ မနက် ၁၁ နာရီခန့်မှာ ဝင်ရောက် ဖမ်းဆီးတာဖြစ်ပြီး ဖမ်းဆီးစဉ် သေနတ်နဲ့ ပစ်လို့ ကိုမျိုး သေနတ်ထိမှန် ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“စစ်ခွေးတွေ အိမ်ပေါ်အထိ တက်လာပြီး ရိုက်နှက် ဖမ်းဆီးသွားကြတယ်။ သေနတ်လည်း ပစ်ဖောက်ကြတယ်။ သေနတ်နဲ့ ပစ်တော့ ကိုမျိုးက ခွေလဲသွားတယ်လို့လည်း သိရတယ်။ ခြေထောက် ထိသွားတာလို့ ပြောတယ်။ ကိုမျိုး ရဲ့ အမျိုးသမီးကိုလည်း အပြစ်မရှိ ဖမ်းဆီးသွားကြတယ်။ စစ်အာဏာသိမ်းပြီး ကတည်းက စစ်ခွေးတွေ မတရား ဖမ်းဆီး၊ မတရား သတ်ဖြတ်နေကြတာ ခုချိန်ထိ မပြီးနိုင်သေးဘူး။ လူဖမ်းဖို့ လူသတ်ဖို့ အာဏာ လုယူထားတာ လုံးဝသေချာနေပြီ” လို့ ညောင်ရွှေမြို့ခံ တစ်ဦးက ပြောပါတယ်။

လာဖမ်းဆီးချိန် နေအိမ်ပေါ်ရှိနေတဲ့ ကိုမျိုး ရဲ့ဇနီးနဲ့ အစ်မ ဖြစ်သူကိုပါ ဖမ်းသွားတာဖြစ်ပြီး ကိုမျိုး ဟာ ဂိမ်းဆိုင်ဖွင့်ထားသူ ဖြစ်တယ်လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

“လာဖမ်းတဲ့ အချိန်က PDF နဲ့ အဆက်သွယ်ရှိတယ် ဘာညာဆိုပြီး ဒလန်က ချွန်လိုက်လို့ ဖမ်းတာလို့ သိရတာ ပေါ့နော်။ အမှန်က ကိုမျိုးက အေးအေးဆေးဆေးနဲ့ ဂိမ်းဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက် နေတာပါ” လို့ အဲ့ဒီ ဒေသခံက ပြောပါတယ်။

လက်ရှိ သူတို့ ၃ ယောက်ကို ညောင်ရွှေ ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်းလေးဒေသမှာ လူငယ်တွေကို မကြာခဏ ဖမ်းဆီး ငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“PDF တွေနဲ့ ဆက်သွယ်ဖူးတယ် ဆိုရင်လည်း လိုက်ဖမ်းတယ်။ ရှာဖမ်းတယ်။ PDF ကို ထောက်ပံ့တယ်လို့ ဒလန်က တိုင်ရင်လည်း လိုက်ဖမ်းတယ်။ ခိုးမှု လုယက်မှု ဓားပြမှုတွေ ကျတော့ တစ်ခါမှ မဖမ်းမိဘူး” လို့ အင်းလေး ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရသူ ၂၁,၂၂၂ ဦး၊ သတ်ဖြတ်ခံရသူ ၃,၂၁၂ ဦး ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ဧပြီလ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

CJ -002

#MeKongNews

#ညောင်ရွှေမြို့

#PDF

#ပစ်ခတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။