မြန်မာ့နွေဦး

ညောင်ရွှေနဲ့ ပင်လောင်း‌ရောက် စစ်ဘေး‌ရှောင်တွေ နေရပ်မပြန်နိုင်သေး

မဲခေါင် 31 May - 2024
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တို့မှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေဟာ ကိုယ်ထူကိုယ်ထ ရပ်တည်ဖို့ အခက်အခဲရှိနေသေးတာကြောင့် နေရပ်မပြန်နိုင်ကြသေးဘူးလို့ ‌ဒေသတွင်း လူမှုကူညီဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ မေ ၃၁

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တို့မှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေဟာ ကိုယ်ထူကိုယ်ထ ရပ်တည်ဖို့ အခက်အခဲရှိနေသေးတာကြောင့် နေရပ်မပြန်နိုင်ကြသေးဘူးလို့ ‌ဒေသတွင်း လူမှုကူညီဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

“မိုးရာသီ ရောက်တော့မှာ ဆိုတော့ ဟိုရောက်သွားရင်လည်း အဆင်မပြေနိုင်ဘူးပေါ့။ သူတို့က မပြေလည်ကြ သူတွေဆိုတော့လေ။ ဟိုရောက်သွားလည်း သူတို့က တဲဆောက်နေရမှာ။ ရိက္ခာအခက်အခဲကလည်း ရှိသေးတယ်။ ဒီမှာ ဆိုရင်တော့ ဆွေမျိုးတွေ ဘုန်းကြီးကျောင်းတွေနား ဝေယျာဝစ္စလုပ်ရင်း မှီစားလို့ရတာပေါ့” လို့ ပြောပါတယ်။

မေလနောက်ဆုံးပတ်အတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ၊ ဆီဆိုင်မြို့နယ်နဲ့ ကရင်နီ‌ပြည်က တိန်းရှောင် လာသူအများစုဟာ နေရပ်ပြန်ကုန်ကြပေမယ့် ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တို့မှာ ငွေကြေးမပြေလည်တဲ့ စစ်ဘေး‌ရှောင် ၃၀၀၀၀ ကျော်ခန့် ကျန်ရှိနေပြီး နီးစပ်ရာဆွေမျိုးတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင် နေကြတယ်လို့ ဆိုပါတယ်။

ဆီဆိုင်မြို့ တောင်ဘက်နဲ့ အရှေ့မြောက်ရပ်ကွက်တွေကို နေ့စဥ်နဲ့အမျှ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေပြီး လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက် အပါအဝင် ရပ်ကွက်တချို့မှာ တိုက်ပွဲဖြစ်ပွားနေသေးတာကြောင့် နေရပ် မပြန်ရဲတဲ့သူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်ဝေယျာဝစ္စလုပ်ပေးနေသူတစ်ဦးက “သူတို့က ဘုန်းကြီးကျောင်းမှာဆိုတော့ စားရသောက်ရအဆင်ပြေပေမယ့် လာလှူတဲ့သူတော့ မရှိဘူးပေါ့။ ဘုန်းကြီးဆွမ်းမကျန်တဲ့ရက်တွေဆို မစားရ တာတွေလည်း ရှိပါတယ်။ အိမ်တောင်မငှားနိုင်သေးတာ၊ ကားခဘယ်လိုလုပ် အဆင်ပြေသေးမှာလဲ။ တစ်ယောက်၊ နှစ်ယောက်လည်းမဟုတ်၊ မိသားစုလိုက်ဆိုတော့လေ” လို့ ပြောပါတယ်။

ဒါ့အပြင် ပင်လောင်းဘက် စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေသူတွေဟာလည်း မေလ ၂၅ ရက် ဝန်းကျင်လောက်ကစပြီး ရာသီဥတုအခက်အခဲကြောင့် ညောင်ရွှေမြို့နယ်ကို လူဦးရေ ၅၀၀ ခန့် ပြောင်းရွှေ့လာကြတယ်လို့ ဆိုပါတယ်။

ဆီဆိုင်နဲ့ လွိုင်ကော်မြို့ကို မေလ နောက်ဆုံးပတ်အတွင်း ပြန်လာကြတဲ့ စစ်ဘေးရှောင်တွေ ရှိပေမယ့် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ပြန်လို့ရပြီဆိုပြီး တရားဝင်စာမထုတ်ပြန်သေးတဲ့အပြင် အချိန်မရွေး လက်နက်ကြီး၊ လက်နက်ငယ်၊ မြေမြှုပ်မှိုင်းအန္တရာယ်တွေ ကြုံတွေ့နိုင်တာကြောင့် နေရပ်မပြန်ကြသေးဖို့ မေတ္တာ ရပ်ခံထားပါတယ်။

စစ်ကောင်စီဝါဒဖြန့်သူတွေဟာ လူမှုကွန်ယက်စာမျက်နှာ (Facebook) နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ လွိုင်ကော်နဲ့ ဆီဆိုင်မြို့ကို နေရပ်ပြန်နိုင်ပြီလို့ဆိုကာ လူစည်ကားတဲ့နေရာတွေနဲ့ ကျောင်းအပ်သူတွေရဲ့ ဓာတ်ပုံတွေအပြင် စစ်ကောင်စီတပ်ရဲ့ မိုင်းရှင်းလင်းနေတဲ့ပုံတွေနဲ့ ဝါဒဖြန့်နေကြတယ်လို့ သိရပါတယ်။

MK 014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ် ဒေါ်နန်းကြည်တောင်ပေါ်က စစ်ကောင်စီစခန်း တိုက်ခိုက်ခံနေရ

ရှမ်းမြောက်နဲ့ထိစပ်နေတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဒေါ်နန်းကြည်တောင်ပေါ်က စစ်ကောင်စီတပ်စခန်းတစ်ခု တိုက်ခိုက်ခံနေရကြောင်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုး အနီး စစ်ကောင်စီနဲ့ MNDAA တို့အကြား မိနစ် အနည်းငယ် ထိတွေ့တိုက်ပွဲ ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ကုန်းညောင်ရွာ အနီးမှာ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီနဲ့ MNDAA တို့အကြား မိနစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျောက်မဲတွင် စကခကုန်းနဲ့ ဘေးတပ်ရင်းတွေကို တော်လှန်ရေးတပ်တွေ စတင်တိုက်ခိုက်

ရှမ်းမြောက်၊ ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီနေ့ ဇွန် ၂၅ ရက်နေ့ မနက်ပိုင်းမှာ စတင်တိုက်ခိုက်နေတယ်လို့ ကျောက်မဲမြို့နေ ပြည်သူတွေက ပြောကြားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အောင်ပန်းပြောက်ကျားတပ်ဖွဲ့က သင်တန်းဆင်းပွဲ ပြုလုပ်

ရှမ်းပြည်တောင်ပိုင်း၊ ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)ရဲ့ တပ်ခွဲ ၂ ဖြစ်တဲ့ အောင်ပန်းမြို့ပြ ပျောက်ကျားတပ်ဖွဲ့ (UTF) ဟာ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁/၂၀၂၄) ကို ဒီနေ့ (ဇွန် ၂၄) မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြို့ပြပြောက်ကျားတပ်တွေအတွက် ရည်ရွယ်ပြုလုပ်တဲ့ “မြို့ပြတွေမှာ မွှေမယ့်ကြွက်” ကမ်ပိန်းအစီအစဥ် အောင်မြင်ဖို့ တိုက်တွန်း

ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက မြို့တွေမှာရှိတဲ့ မြို့ပြပြောက်ကျားတပ်တွေအတွက် ပြုလုပ်သွားမယ့် “မြို့ပြတွေမှာ မွှေမယ့်ကြွက်” ကမ်ပိန်းအစီအစဥ်မှာ ပါဝင်ပေးကြဖို့ ကမ်ပိန်းတာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်ကောင်စီဘက်က ထိပ်တန်း အကြီးအကဲတစ်ဦး လာဖို့စီစဥ်နေလို့ ပျံကျစျေးသည်တွေကို ရက်အနည်းငယ် ပိတ်ခိုင်းထား

တောင်ကြီးမြို့ ကို လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို စစ်ကောင်စီဘက်က အကြီးအကဲတစ်ဦး လာရောက်ဖို့ စီစဥ်နေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပျားစစ်ကြောင်း (Bees Column )ရဲ့ စစ်အခြေခံသင်တန်းအပတ်စဉ်-၂ သင်တန်းဆင်းပွဲကို စစ်ကောင်စီစခန်းအနီးမှာ ပြုလုပ်

ရှမ်းတောင်၊ ပျားစစ်ကြောင်း(Bees Column )ရဲ့ စစ်အခြေခံသင်တန်းအပတ်စဉ်-၂ သင်တန်းဆင်းပွဲကို မနေ့က ညောင်ရွှေမြို့နယ်၊ စစ်ကောင်စီစခန်းဗျူဟာ တစ်ခုရဲ့ အနီးကပ်ဆုံးနေရာမှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီဘက်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေလို့ လွိုင်ကော် ပစ္စည်းပြန်ယူသူတွေကို စစ်တပ်က အမြန်ဆုံး ပြန်ထွက်ခိုင်းနေ

ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် နေရပ်ပြန် ပစ္စည်းယူသူတွေကို အမြန်ဆုံး ထွက်ခိုင်းနေတယ်လို့ လတ်တလော ပြန်ရောက်နေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now