မြန်မာ့နွေဦး

ဇန်နဝါရီလကုန်မှာ ပတ်စ်ပို့ပြန်လုပ်ပေးမယ်လို့ဆိုပေမယ့် ကန့်သတ်ချက်တွေနဲ့သာ ဖွင့်လှစ်နိုင်တယ်လို့ သုံးသပ်သူတွေပြော

မဲခေါင် 27 Jan - 2023
မဲခေါင်၊ ဇန်နဝါရီလ ၂၇ စစ်ကောင်စီကနိုင်ငံကူးလက်မှတ်တွေကို ဇန်နဝါရီလကုန်ပိုင်းမှာ ပြန်လည်ပြုလုပ်ပေးမှာဖြစ်ပြီး MoU အလုပ်သမားတွေနဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးအေဂျင်စီတွေကိုသာ ပတ်စ်ပို့ရုံးအတွင်းကို ဝင်ခွင့်ပြုမှာဖြစ်တယ်လို့ နီးစပ်ရာ အသိုင်းအဝန်းကသိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီလ ၂၇

စစ်ကောင်စီကနိုင်ငံကူးလက်မှတ်တွေကို ဇန်နဝါရီလကုန်ပိုင်းမှာ ပြန်လည်ပြုလုပ်ပေးမှာဖြစ်ပြီး MoU အလုပ်သမားတွေနဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးအေဂျင်စီတွေကိုသာ ပတ်စ်ပို့ရုံးအတွင်းကို ဝင်ခွင့်ပြုမှာဖြစ်တယ်လို့ နီးစပ်ရာ အသိုင်းအဝန်းကသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်ကစပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားမှုတွေကို စတင်ရပ်ဆိုင်း ခဲ့ရာကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်မှာတော့ ကြိုတင်အကြောင်းကြားမှုမရှိဘဲအားလုံးကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

“ အခုပြန်ဖွင့်မှာက ပတ်စ်ပို့ရုံးက ပြန်ဖွင့်လိုက်တဲ့ပုံစံမျိုး မဟုတ်ဘဲ အရင်စနစ်တွေ လုံးဝမရှိတော့ဘူး။ QR ကုတ်နဲ့ ဘိုကင်တင်ရတာ မရှိတော့ဘူး။ အခုက ဗုဒ္ဓဂါယာသွားမယ့်သူတွေနဲ့ MOU စနစ်နဲ့သွားမယ့်သူတွေ ဒီ ၂ ခုထဲက အေဂျင်စီကလူတွေပဲ ရုံးထဲကိုပေးဝင်မယ်။ နေပြည်တော်ထိ တင်ပြရမယ်၊ သူတို့ခွင့်ပြုမှ အေဂျင်စီကခေါ်ပြီး လုပ်ရမှာ။ အရင်လို ပွဲစားဆိုတာ မရှိတော့ဘူး” လို့ ရုံးတွင်းနီးစပ်သူတစ်ဦးက ဆိုပါတယ်။

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှာ ကုန်စရိတ်သတ်မှတ်ချက်ကတော့ ယခင်သတ်မှတ်ချက်အတိုင်းသာ ကုန်ကျမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

လတ်တလော နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု ရပ်ဆိုင်းထားတဲ့အတွက် MOU စနစ်နဲ့ စေလွှတ်မယ့် အလုပ်သမားတွေ၊ ကျန်းမာရေးနဲ့ ပညာရေးအတွက် ပြည်ပထွက်ခွာမယ့်သူ အများအပြား အခက်အခဲတွေ ကြုံနေရတာပါ။

နိုင်ငံကူးလက်မှတ်လုပ်ဖို့အတွက် Online booking စနစ်ကို ဒီဇင်ဘာ (၅) ရက်မှာ ရပ်ဆိုင်းခဲ့ပြီး QR ကုတ် ရထားပြီးသူတွေကို ဆက်လက်လုပ်ကိုင်ပေးခဲ့ရာက ဇန်နဝါရီလဆန်းပိုင်း မှာတော့ MoU အလုပ်သမားနဲ့ ဗုဒ္ဓဂါယာဘုရားဖူးတွေကလွဲလို့ တခြားလုပ်ငန်းစဉ်အားလုံးကိုပါ ယာယီရပ်ဆိုင်းထားခဲ့တာပါ။

“ ပညာတော်သင်သွားမယ့်သူတွေ၊ မကျန်းမာလို့ ဆေးကုသဖို့သွားမယ့်သူတွေ အဆင်မပြေမှု ပိုဖြစ်ကြပါတယ်။ ပြည်ပနိုင်ငံတွေကို ငွေကြိုသွင်းထားတာ၊ ရောဂါကုသဖို့ အချိန်နောက်ကျတာ တော်တော်ဆိုးရွားတဲ့ လုပ်ရပ်ပါ။ ရုံးတွင်းပိုင်းကကြား​တာတော့ System Update လုပ်ဖို့ရယ်၊ ရွေးကောက်ပွဲနီးတာရယ်၊ နောက်ပြီး နိုင်ငံခြားထွက်တဲ့သူများလို့ လူစွမ်းအားအရင်းအမြစ် လျော့နည်းတယ်ဆိုပြီး ဖိအားပေးမှုတွေလည်း ရှိပါတယ်” လို့ ရုံးတွင်းနီးစပ်သူနောက်ထပ်တစ်ဦးက ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်ဆောင်က နိုင်ငံအတွင်းရှိလူအများ ပြည်ပထွက်ခွာအလုပ်လုပ်သူ များပြားကာ လူ့စွမ်းအားအရင်းအမြစ် လျော့နည်းမှုရှိနေတယ်လို့ နေပြည်တော်ရှိ ဝန်ကြီးအဆင့်အစည်းဝေးတွေမှာ ဖိအားပေးသဖွယ်ပြောကြားမှုတွေကြောင့် အခုလိုတင်းကျပ်မှုတွေလုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

“ MOU နဲ့သွားမယ့်သူတွေကို ပိုပြီးတင်းကျပ်မယ့်သဘော ရှိတယ်။ ဦးဆောင်တဲ့ ကုမ္မဏီတွေကိုလည်း Blacklist သွင်းပြီး လူအများအပြားမလွှတ်နိုင်အောင် တင်းကျပ်နေတာတွေလည်း တွေ့နေရတယ်” လို့ ပတ်စ်ပို့ရုံးနဲ့နီးစပ်သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး အဆင်မပြေမှုတွေကြောင့် တစ်လကို မြန်မာနိုင်ငံသား ၄၀၀၀၀ လောက်ဟာ ပြည်ပကို အကြောင်း​အမျိုးမျိုးနဲ့ ထွက်ခွာနေကြရတယ်လို့ IOM အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။