မြန်မာ့နွေဦး

ဆေးရုံ၊ ဆေးခန်းတွေအပေါ် စစ်ကောင်စီရဲ့ ဗုံးကြဲမှုပိုမိုဆိုးရွားလာပြီး ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ NUG ဆို

မဲခေါင် 29 Apr - 2023
မဲခေါင်၊ ဧပြီ ၂၉ ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေ အပေါ် စစ်ကောင်စီရဲ့ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုတွေ ပိုမိုဆိုးရွားလာကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ ဧပြီ ၂၉

ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေ အပေါ် စစ်ကောင်စီရဲ့ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုတွေ ပိုမိုဆိုးရွားလာကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အနောက် ကယန်းဒေသ၊ ဖယ်ခုံမြို့နယ်၊ ယင်နွဲ့ကျေးရွာအုပ်စုရှိ ဆောင်းဖွေး ပြည်သူ့ဆေးရုံမှာ လူနာများ၊ ကျန်းမာရေး ဝန်ထမ်းများနဲ့ စစ်ဘေးရှောင် ပြည်သူတွေ ရှိနေချိန် ဧပြီလ ၂၅ ရက်က တိုက်လေယာဉ်နဲ့ ၅ ကြိမ်ထက်မနည်း ဗုံးသီး ၁၀ ကျော် ကြဲချခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် ၁၅ နှစ် အရွယ် ကလေး တစ်ယောက် အပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကလေးမီးဖွားပြီး ၂ ရက်သာ ရှိသေးတဲ့ ၁၈ နှစ်အရွယ် မပန်းလဲ့ဦး ရဲ့ ဦးခေါင်း ဗုံးစဖောက်ဝင် ဒဏ်ရာရရှိကာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင် ဆေးရုံ အဆောက်အအုံ အများစု၊ ဆေးနဲ့ဆက်စပ် ပစ္စည်းများအပြင် ဆိုင်ကယ်နဲ့ ကားအချို့လည်း ပျက်စီးသွားတာပါ။

အလားတူ မတ်လ ၂၄ ရက်နေ့က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေါတမကြီး ဆေးရုံကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ရာ ဆေးရုံ လုံးဝ ပျက်စီးသွားပြီး ပြည်သူ တစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒါတွေဟာ ပြည်သူ့ကျန်းမာရေး ကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ တိုက်ခိုက်နေတာ ဖြစ်ပြီး ဂျီနီဗာ ကွန်ဗန်းရှင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်၊ နိုင်ငံတကာ ဥပဒေများနဲ့ ပြည်တွင်း ဥပဒေ တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ အမြန်ဆုံး တားဆီး အရေးယူဖို့ NUG အစိုးရက အကြိမ်ကြိမ် အသိပေး တိုက်တွန်းခဲ့ပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တုံ့ပြန်ချက်တွေ နှေးကွေးပြီး မသိကျိုးကျွန် ပြုနေကြဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CJ-005
#MeKongNews
#NUG
#ကျန်းမာရေးဝန်ကြီးဌာန
#လေယာဉ်နဲ့ဗုံးကြဲ
#GenevaConventions

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ