မြန်မာ့နွေဦး

ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ ဈေးတက်လာတာကြောင့် လုပ်ငန်းခွင်တချို့ ခေတ္တရပ်ဆိုင်းထားရ

မဲခေါင် 26 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၆ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာတာကြောင့် ရန်ကုန်မြို့ အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေက ဆောက်လုပ်ရေးလုပ်ငန်းခွင် တချို့ ခေတ္တရပ်ဆိုင်း ထားရတယ် လို့လုပ်ငန်းရှင်တွေ ဆီကသိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၆

ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာတာကြောင့် ရန်ကုန်မြို့ အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေက ဆောက်လုပ်ရေးလုပ်ငန်းခွင် တချို့ ခေတ္တရပ်ဆိုင်း ထားရတယ် လို့လုပ်ငန်းရှင်တွေ ဆီကသိရပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အဓိကအသုံးပြုရတဲ့ ပစ္စည်းတွေ ဈေးတက်လာတာကြောင့် တည်ဆောက်ရေးလုပ်ငန်းတွေမှာ တွက်ခြေမကိုက် ဖြစ်လာပြီး လုပ်ငန်းခွင်ဘယာယီ​ရပ်ဆိုင်းမှုတွေရှိနေတာပါ။

ဆောက်လုပ်ရေး လုပ်ငန်းသုံး အုတ်၊ သဲ၊ ကျောက်စရစ်၊ သံချောင်း နဲ့ ဘိလပ်မြေဈေးနှုန်း တွေဟာ ဇန်နဝါရီလ အစမှာတင် အနည်းဆုံး ၁၀၀၀ ကျပ် ကနေ အများဆုံး သောင်းဂဏန်း အထိတန်ဖိုး အနည်းအများ​အပေါ်မှုတည်ပြီး ဈေးနှုန်းမြင့်တက်လာတယ်လို့လည်းသိရပါတယ်။

“ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမရောက်ခင် ဈေးလေးတွေ ပြန်ကျတော့ လုပ်လက်စလုပ်ငန်းခွင်တွေ ပြန်လုပ်ကြတယ်။ နှစ်ကုန်ပိုင်းကနေစပြီး စျေးတွေပြန်တက်လာတာ၊ နောက်ပြီးတချို့ တည်ဆောက်ရေး ပစ္စည်းတွေက ပြည်ပက သွင်းရတာရှိတယ်။ လမ်းမှာ တိုက်ပွဲအခြေနေတွေကြောင့် တင်သွင်းလို့မရတာရယ် အစိုးရမူဝါဒ သတ်မှတ်ချက်တွေကြောင့် လိုသလောက်မှာလို့ မရတာအပြင် ဈေးတွေကတက်လာတော့ လုပ်ငန်းက ရပ်နားထားရတဲ့သဘောပေါ့။ ဘဏ်စနစ်တွေကြောင့်လည်း လုပ်ငန်းလုပ်ရတဲ့အပိုင်းမှာ အခက်ခဲတွေရှိနေတာပါလို့” ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။

အခုလို ဈေးနှုန်းမြင့်တက်နေတာကြောင့် ပုဂ္ဂလိကလုပ်ငန်းခွင်သာမက အစိုးရအဆောက်အဦးတွေဆောက်လုပ်နေတဲ့ ကုမ္မဏီတွေလည်း ရပ်နားထားမှုတွေရှိတယ်လို့ သူကပြောပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းအများ ဆုံးဖန်တီးပေးနိုင်တဲ့ ဆောက်လုပ်ရေးကဏ္ဍရပ်ဆိုင်းနေမှုကြောင့် အခြေခံလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်နေရပြီး စားဝတ်နေရေးအခက်ခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

“ ကိုဗစ်ပြီးတော့ နိုင်ငံရေးကြောင့်အလုပ်မရှိတာကြာပြီ။ အလုပ်ပြန်ရတာ ၄ လလောက်ပဲ ရှိသေးတယ်။ အခုထပ် ပြီးနားရတာပေါ့ အခြေခံလုပ်သားဖြစ်တဲ့အတွက် အပိုစုဆောင်းထားတာ မရှိပါဘူး။ အိမ်ဌားမနေနိုင်လို့ ကလေးတွေရွာပြန်ပို့ပြီး၊ ဒီမှာအဆောင်ဌားနေနေရတာပါ။ စားဝတ်နေရေး အခက်ခဲတွေနဲ့ ကြုံတွေနေရတယ်လို့” ရန်ကုန်မြို့နေသူ ဆောက်လုပ်ရေးလုပ်သားတစ်ဦးကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေပါ ရပ်နားထားရတဲ့အတွက် ပန်းရံလုပ်သားတွေနဲ့ အခြေခံဆောက်လုပ်ရေးလုပ်သားတွေ အခက်ခဲနဲ့ကြုံတွေ့နေရတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကျိုးဆက် တွေကြောင့် ရုန်းကန်နေရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းဟာ ရပ်တန့်လုနီးပါးဖြစ်နေပြီး၊ ၂၀၂၃ ခုနှစ် မှာလည်းကောင်းလာနိုင်​ခြေ မရှိဘူးလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်ဖို့ NUG မှာ တာဝန်ရှိတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ် သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၇ စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်စေဖို့ NUG
မြန်မာ့နွေဦး

ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်မှာ ကျင်းပ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းမှာ ဖေဖော်ဝါရီ ၇
မြန်မာ့နွေဦး

အာဏာသိမ်းကာလ စစ်ရေးပဋိပက္ခများအတွင်း ကရင်နီနှင့် ရှမ်းတောင်တွင် စစ်ဘေးရှောင် ၁၂၈ ဦး အပါအဝင် အရပ်သား ၄၀၀ ကျော် သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၄ စစ်ရေးပဋိပက္ခအပြင်းထန်ဆုံးဒေသတစ်ခုဖြစ်တဲ့ ကရင်နီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အာဏာသိမ်း ၂ နှစ်အတွင်း စစ်ရှောင် ၁၂၈ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့နွေဦး

ယူကေ နိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တရားဝင်တွေ့ဆုံ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ယူကေ နိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မနေ့ ညနေ ၃ နာရီခွဲက လန်ဒန်မြို့ UK
မြန်မာ့နွေဦး

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ ယူကေနိုင်ငံ Labor Party လွှတ်တော်အမတ် Rushanara Ali တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ယူကေနိုင်ငံ Labor Party မှ လွှတ်တော်အမတ် Rushanara Ali တို့ မနေ့က
မြန်မာ့နွေဦး

TNLA က ဂျာယန်ပြည်သူ့စစ်စခန်းကို စီးနင်းပြီး အဓမ္မစစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေအပါအဝင် တအာင်း ၁၂၇ ဦးကို ကယ်ထုတ်

မဲခေါင်၊ ဇန်နဝါရီ ၇ TNLA တပ်ဖွဲ့ အင်အား ၅၀၀ ဟာ ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်းပြီး အဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေ အပါအဝင် တအာင်း-ရူစိင် ၁၂၇ ဦးကို ကယ်ထုတ်ခဲ့တယ်လို့ မနေ့က
မြန်မာ့နွေဦး

လမိုင်းမြို့နယ်ခွဲမှာ ဖမ်းမိတဲ့ ခမရ (၅၄၅) မှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း

မဲခေါင်၊ ဖေဖော်ဝါရီ ၆ မွန်ပြည်နယ်၊‌ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲမှာ ဇန်နဝါရီလ ၄ ရက်နေ့က ဖမ်းဆီးရမိတဲ့ ခမရ (၅၄၅) တပ်ရင်းမှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း ပေးလိုက်တယ်လို့ YGF-
မြန်မာ့နွေဦး

စစ်အာဏာရှင် အမြတ်ပြတ်ဖို့ တစ်ဖွဲ့တည်း ဦးဆောင်နေလို့မရဘူးလို့ KIO ဥက္ကဋ္ဌ သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၆ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ အတွက် တစ်ဖွဲ့တည်းက ဦးဆောင်နေလို့ မရဘူးလို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က သတိပေးလိုက်ပါတယ်။