စစ်ရေးသတင်း

ဆီဆိုင်အရှေ့ဘက် အနီးဝန်းကျင်ရွာတွေမှာ တိုက်ပွဲဖြစ်လို့ ဒေသခံ ၁၀၀၀ ခန့် ညောင်ရွှေနဲ့ဟိုပုံးဘက်ကို စစ်ရှောင်

မဲခေါင် 22 May - 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့ရဲ့အရှေ့ဘက်အနီးဝန်းကျင်က ရွာတွေဖြစ်တဲ့ ထီလီ၊ ခိုမုန်း၊ တုံပန်၊ လွယ်ထွယ်ရွာဘက်တွေမှာ တိုက်ပွဲတွေဖြစ်ပွားလို့ ဒေသခံ ၁ ထောင်ကျော် ဟိုပုံးနဲ့ ညောင်ရွှေဘက်ကို စစ်ဘေးရှောင်ကြရတယ်လို့ သိရပါတယ်။

မဲခေါင်၊ မေ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့ရဲ့အရှေ့ဘက်အနီးဝန်းကျင်က ရွာတွေဖြစ်တဲ့ ထီလီ၊ ခိုမုန်း၊ တုံပန်၊ လွယ်ထွယ်ရွာဘက်တွေမှာ တိုက်ပွဲတွေဖြစ်ပွားလို့ ဒေသခံ ၁ ထောင်ကျော် ဟိုပုံးနဲ့ ညောင်ရွှေဘက်ကို စစ်ဘေးရှောင်ကြရတယ်လို့ သိရပါတယ်။

မေလ ၂၀ ရက်ကနေ ယနေ့အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်နဲ့သူ့လက်အောက်ခံ PNA တွေက ရွာတွေဘက် စစ်ကြောင်းထိုး ဝင်ရောက်လာတာမှာ ဒေသခံတွေ ကြောက်လန့်ပြီးထွက်ပြေးပုန်းရှောင်ကြတာလို့ PNLA စစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

“ စစ်အုပ်စုတွေက ရွာတွေကိုဝင် သူကြီးနဲ့ရွာသူရွာသားတွေကို ဖမ်းသတ်ဖြတ်၊ ရွာထဲကို လက်နက်ကြီးနဲ့ပစ်လို့ကြောက်ပြီး ပြည်သူတွေ ထွက်ပြေးကြရတာပါ၊ ကိုယ်ကျိုးသမား စစ်ကောင်စီကို ကာကွယ်ပြီး ကိုယ့်အမျိုးသားချင်း သတ်ဖြတ်မှုတွေမလုပ်ကြဘဲ မှန်ကန်တဲ့ အမျိုးသားရေး လမ်းကြောင်းပေါ်ကိုတက်လာဖို့ အမြဲတန်းတိုက်တွန်းနေပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ဆီဆိုင်မြို့ဒေသခံတွေကို ပြန်လာနေဖို့ စစ်ကောင်စီက ဖိအားပေးနေပေမယ့် ဖြစ်ပွားနေတဲ့ ဆီဆိုင်ရပ်ကွက် အောင်ချမ်းသာရပ်ကွက်၊ နယ်မြေ-၇ မှာနဲ့ နောင်ရင်းရွာဘက်ကို လက်နက်ကြီး ၂ လက် ထောင်ထားပြီး အနီးဝန်းကျင်ရွာတွေထဲ ပစ်ခတ်နေလို့ နှလုံးရောဂါနဲ့ သွေးနုသားနုမိခင်တွေ ပြန်လာဖို့ မသင့်သေးဘူးလို့ ဒေသခံတွေက ပြောနေကြပါတယ်။

“ ပြန်လာတာ ၁၅ ရက်ပဲ ရှိသေးတယ်၊ ခု ထပ်ပစ်လာလို့ ထပ်ပြေးရပြန်ပြီ” လို့ လွယ်ထွယ်ရွာသားတစ်ဦးက လူမှုကွန်ရက်မှာ ဖော်ပြလာပါတယ်။

ပအိုဝ်းအမျိုးသား လူငယ်အစည်းအရုံးက ရှမ်းတောင်တိုက်ပွဲ (၁၁၂) ရက်အတွင်း ထုတ်ပြန်ချက်မှာ ပအိုဝ်းဒေသအတွင်း စစ်ဘေးရှောင် ၇၂၀၀၀ ဦးနဲ့အထက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ရှောင်စခန်းထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကျလို့ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဒဏ်ရာရရှိ

ရှမ်းတောင်၊ ပင်လောင်းနဲ့ ဖယ်ခုံနယ်စပ် ဆောင်လန်စစ်ရှောင်စခန်းနဲ့ ဗန်းမောက်ရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာမှာ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်သား ၃ ဦး တိုက်ပွဲမှာသေဆုံး

ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်၊ ထမ်းယံတိုင်ကျေးရွာအနီးကို စစ်ကောင်စီက စစ်ကြောင်ထိုးလာလို့ မနေ့က ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်ခမ်းက အများပြည်သူစျေးကို ဒေသခံတွေ မညှိနှိုင်းဘဲ TNLA က စတင်ဖျက်နေ

ရှမ်းမြောက်၊ နမ့်ခမ်းမြို့က အများပြည်သူရောင်းချနေတဲ့ အောင်မေတ္တာ အမှတ် ၂ စျေးကို ဒေသခံတွေအား မညှိနှိုင်းဘဲ TNLA က မနေ့ဇွန် ၁၈ ရက်က စပြီး ဖြိုဖျက်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မူဆယ်က ဆေးစွဲသူတွေကို စစ်ကောင်စီက ဖမ်းပြီး နမ့်ခမ်းဘက်သွားလမ်းမှာ သွားလွှတ်လို့ ဒေသခံတွေ စိုးရိမ်နေ

ရှမ်းမြောက်၊ မူဆယ်မြို့က ဆေးစွဲနေသူတွေကို စစ်ကောင်စီက ဖမ်းပြီး နမ့်ခမ်းဘက်ကို ဇွန် ၁၇ ရက်က သွားလွှတ်လို့ ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တောင်ကြီး မြို့မဈေးမှာ ဈေးနေ့တိုင်း ခါးပိုက်နှိုက်တွေ သောင်းကျန်းနေလို့ ဈေးသည်နဲ့ဈေးဝယ်တွေ အခက်တွေ့

တောင်ကြီးမြို့၊ မြို့မဈေးမှာ ဈေးနေ့တိုင်းလိုလို ခါးပိုက်နှိုက်တွေက လူကြပ်တာကို အခွင့်ကောင်းယူပြီး ဈေးဝယ်တွေရဲ့ ဖုန်းနဲ့ပိုက်ဆံအိတ်တွေ နှိုက်ယူတာ၊ ဈေးဆိုင်တွေမှာ ဈေးမေးဟန်ပြုကာ လူအလစ်မှာ ပစ္စည်းယူပြေးတာတွေ ကျူးလွန်နေကြလို့ ဈေးသည်နဲ့ ဈေးဝယ်တွေအတွက် အခက်တွေ့နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကယန်းဒေသ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာဖူလုံရေးအတွက် ကယန်းမျိုးဆက်သစ်လူငယ်(KNGY)က စိုက်ပျိုးရေး သင်တန်းပေးခဲ့

ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသရှိ ကျေးရွာ ၅ ခုက စစ်ဘေးရှောင် အယောက် ၂၀၀ ကို ဇွန်လ ဒုတိယပတ်အတွင်း စိုက်ပျိုးရေး သင်တန်းပေးနိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးအပြီး စစ်ကောင်စီ-တရုတ်နယ်စပ်ကုန်သွယ်ရေး ၁၂ ရာခိုင်နှုန်းအထိ ကျဆင်း

တရုတ်နဲ့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ နယ်စပ်ကုန်သွယ်ရေးရှိခဲ့တဲ့ စစ်ကောင်စီဟာ ၁၀၂၇ ရှမ်းမြောက်တခွင်က ဒေသတွင်းတိုက်ပွဲအပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ အားလုံးနီးနီး ပိတ်ထားလိုက်ရတာကြောင့် စစ်ကောင်စီရဲ့ နယ်စပ်ကုန်သွယ်မှုတန်ဖိုး ဆက်တိုက်ကျဆင်းနေတာပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ အိမ်ငှားခ ဈေးတက်လို့ စစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့နယ်တချို့မှာ အိမ်ငှားခတွေ ဈေးတက်လာတာကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်နေတယ်လို့ ‌ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now