မြန်မာ့နွေဦး

ဆီဆိုင်မြို့မြောက်ဘက်မှာ စစ်ကောင်စီက တိုက်ပွဲအတု ဖန်တီး

မဲခေါင် 8 May - 2023
မဲခေါင် ၊ မေ ၇ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မြောက်ဘက် ၁၁ မိုင်အကွာမှာ စစ်ကောင်စီက တိုက်ပွဲအတုဖန်တီးပြီး PDF တွေက စစ်တပ်ယာဉ်တန်းကို စောင့်ကြိုပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သလိုမျိုး လုပ်ဆောင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

မဲခေါင် ၊ မေ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မြောက်ဘက် ၁၁ မိုင်အကွာမှာ စစ်ကောင်စီက တိုက်ပွဲအတုဖန်တီးပြီး PDF တွေက စစ်တပ်ယာဉ်တန်းကို စောင့်ကြိုပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သလိုမျိုး လုပ်ဆောင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီကနေ့(မေ ၇ ရက်) မနက်မှာ စစ်ကောင်စီယာဉ်တန်းဟာ ဆီဆိုင်မြို့မြောက်ဘက် ၁၁ မိုင်အကွာ နန်းဩရွာမြောက်ဘက်မှာရှိတဲ့ သရက်ပင်ကြီးအကွေ့နားမှာ တိုက်ပွဲဖြစ်ပွားသယောင် သေနတ်အချက်ရေပေါင်းများစွ ာပစ်ခတ်ပြီး တိုက်ပွဲအတု ဖန်တီးခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတုဖန်တီးပြီးနောက် PDF က သူတို့ စစ်ယာဉ်တန်းကို စောင့်ကြိုပစ်ခတ်တာလို့ စစ်ကောင်စီက လူထုတွေကြား သတင်းအမှားတွေ ဖြန့်နေတယ်လို့ သတင်းအရင်းအမြစ်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။

“ဒီမနက် ၉ နာရီလောက်မှာ သေနတ်သံတော့ ကြားရတယ်ဗျ။ နန်းဩ ရွာရဲ့ မြောက်ဘက် သရက်ပင်ကြီးရှိတဲ့ အကွေ့မှာပစ်ကြတာလို့ပြောတယ်။ ပထမ လက်နက်ငယ် ၅ ချက် ၆ ချက်လောက်ကြားတယ်။ ပြီးမှ လက်နက်ငယ်သံတွေ ဆက်တိုက် ကြားရတယ်။ ၁၀ မိနစ်လောက်ကြားပြီး ပြန်ငြိမ်သွားတယ်” လို့ ဆီဆိုင်မြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။

တောင်ကြီး – လွိုင်ကော်ကားလမ်းမကြီးအတိုင်း ဦးတည်နေတဲ့ ကား ၁၀ စီးလောက်ပါဝင်တဲ့ စစ်ကောင်စီ ယာဉ်တန်းဟာ အဲ့ဒီနေရာအရောက်မှာ ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် နောက်ကြောင်းပြန်လှည့်သွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

“ဆိုက်ခေါင်ကျေးရွာကို ဖြတ်သွားတာ မကြာဘူး တစ်နာရီလောက်ကြာတော့ ပြန်လှည့်လာတာကိုတွေ့ရတယ်။ တောင်ကြီးဘက်ကို ပြန်တက်သွားတယ်။ ဆီဆိုင်မရောက်ခင်မှာ ပစ်ခတ်မှုတွေဖြစ်လို့ ပြန်လှည့်လာတာလို့ ပြောကြတယ်ဗျ” လို့ နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာမှာ ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှ မရှိသလို တောအုပ်တွေလည်းမရှိလို့ ဘယ်အဖွဲ့မှ ချုံခိုတိုက်ခိုက်တာ မဟုတ်ပဲ စစ်ကောင်စီက တိုက်ပွဲတု ဖန်တီးသာမျိုးသာဖြစ်တယ်လို့ ပအိုဝ်းဒေသ နယ်မြေကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

“ကျွန်တော်ထင်တာတော့ ကရင်နီဖက်ကို မဆင်းချင်လို့ တိုက်ပွဲတု ဖန်တီးတာဖြစ်မယ်ထင်တယ်။ ဒါမှမဟုတ် သူတို့ကို PDF တွေက ဆီဆိုင်အထိ လာရောက်ပစ်ခတ်နေပြီဆိုပြီး ပအိုဝ်းလူထုအကြား သတင်းအမှားတွေ ဖြန့်ချင်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲ့နေရာက PDF တွေလာဖို့မလွယ်ပါဘူး။ စစ်တပ်ဂိတ်ကော ပြည်သူ့စစ်ဂိတ်ကော အဆင့်ဆင့်ရှိနေသေးတဲ့အပြင် ဆီဆိုင်မြို့ထဲမှာလည်း တပ်ရင်း ၂ ရင်းရှိသေးတယ်လေ။ PDF က လုပ်ရင် ဆီဆိုင်မြို့နယ်တောင်ဘက်မှာပဲ လုပ်မှာပေါ့” လို့ ပအိုဝ်းဒေသ နယ်မြေကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါတယ်။

ဒါ့အပြင် အဲ့ဒီနေရာဟာ စောင့်ကြိုပစ်ခတ်မှု ပြုလုပ်လို့ကောင်းတဲ့ နေရာမဟုတ်သလို PDF တွေက စောင့်ကြိုပစ်ခတ်မှုပြုလုပ်ရင်လည်း လက်နက်ငယ်တွေနဲ့ အနည်းငယ်ပစ်ခတ်တာမျိုးထက် အင်အားအသားစီးနဲ့ အပိုင်စောင့်ပြီး ပစ်ခတ်တာမျိုးကသာ ပိုလုပ်နိုင်ခြေရှိတယ်လို့ သူကသုံးသပ်ပါတယ်။

“တစ်ကယ်လို့ PDF ကပစ်ရင် အင်အားအသားစီးနဲ့ ပစ်တာမျိုး၊ လက်နက်ကြီး လက်နက်ငယ်နဲ့ပစ်တာမျိုး ပိုဖြစ်နိုင်တာပေါ့။ အခုက လက်နက်ငယ်ပစ်ခတ်သံပဲကြားရတာဆိုတော့ အတုဖန်တီးတာက ပိုဖြစ်နိုင်ခြေများတာပေါ့။ နောက်တစ်ခုက PNO ကလည်း လူထုတွေကို ကျည်ဆံဖိုး တစ်အိမ်ငါးသောင်း အနည်းဆုံးကောက်ထားတော့ နယ်မြေမတည်ငြိမ်ကြောင်း ဖောရှိုးလုပ်ပြတာလားပေါ့။ PDF အနေနဲ့က အဲ့ဒီအထိ လာပစ်ရင် ကရင်နီဘက်ကို ပြန်ဆုတ်ဖို့က မလွယ်ပါဘူး။ ဆီဆိုင်မှာက တပ်ရင်း ၂ ရင်းထိုင်ထားတာလေနော်။ ဒါကြောင့် စစ်ကောင်စီက တိုက်ပွဲတုဖန်တီးတာပဲဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်”လို့ ပအိုဝ်းဒေသ နယ်မြေကျွမ်းကျင်သူက ပြောပါတယ်။

အဲ့ဒီ စစ်ကောင်စီယာဉ်တန်း ပစ်ခတ်ခံရတယ်ဆိုတဲ့ နန်းဩကျေးရွာမြောက်ဘက် သရက်ပင်ကြီးရှိတဲ့ အကွေ့ နေရာဟာ ကရင်နီပြည်နယ်စပ်နဲ့ ၅၈ မိုင်အထိ အကွာအဝေးရှိပါတယ်။

ဒါ့အပြင် အဲ့ဒီနေရာဟာ စစ်ကောင်စီ နဲ့ PNO ပြည်သူ့စစ်တို့ရဲ့ တပ်စခန်းနှစ်ခုကြားက အလယ်တည့်တည့်မှာရှိပါတယ်။ အဲ့ဒီပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာဟာ ဆီဆိုင်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့၄၂၃၊ ၄၂၄ တပ်ရင်းကနေ ၁၁ မိုင်ကျော်ကွာဝေးပြီး ဆိုက်ခေါင်မှာရှိတဲ့ PNO ပြည်သူ့စစ်ရဲ့ အောင်ဆုဗွေစခန်းနဲ့လည်း ၁၁ မိုင်ကွာဝေးပါတယ်။

CJ – 002
#MeKongNews
#ဆီဆိုင်မြို့
#တိုက်ပွဲတုဖန်တီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု