မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ရန်ဖြစ်ရာက PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင် အချင်းချင်း ပစ်သတ်

မဲခေါင် 21 Apr - 2023
မဲခေါင်၊ ဧပြီ ၂၁ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ရေဖြူကျေးရွာမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် အချင်းချင်း သေနတ်နဲ့ ပစ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၂၁

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ရေဖြူကျေးရွာမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် အချင်းချင်း သေနတ်နဲ့ ပစ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၁၁ ရက်၊ ည ၆ နာရီခန့်မှာ ရေဖြူကျေးရွာ အနီး စခန်း အတွင်း PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် ခွန်ဘချစ်နဲ့ ခွန်ဝင်းတို့ အရက်မူးပြီး ရန်ဖြစ်ရာက ခွန်ဘချစ် သေနတ်နဲ့ ပစ်ခတ်ရာ ခွန်ဝင်း ဦးခေါင်း ထိသွားတာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ခွန်ဝင်း ဦးခေါင်မှာ ဒဏ်ရာ ပြင်းထန်စွာရရှိပြီး ဆေးကုသမှု ခံယူပေမဲ့ ဧပြီ ၁၃ ရက်နေ့မှာ သေဆုံးသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ဘချစ်က အရက်မူးနေတာ။ အဲ့ဒါ ရန်ဖြစ်ပြီး ပြန်ပစ်ကြတယ်လို့ သိရတယ်ဗျ။ သူတို့ ရွာသားတွေကို ပြောတာ ကတော့ သေနတ်က ကျည်ဆံထွက်ပြီး မတော်တဆ ထိတာလို့ ပြောတယ်” လို့ ဒေသခံက ပြောပါတယ်။

သေဆုံးသွားတဲ့ ခွန်ဝင်းဟာ အသက် ၂၁ နှစ် လူငယ်ဖြစ်ပြီး ရေဖြူကျေးရွာ မြောက်ဘက်မှာရှိတဲ့ နောင်ရင်းကျေးရွာ ဇာတိဖြစ်ကာ PNO ပြည်သူ့စစ်ထဲ ဝင်တာ ၄ နှစ်ကျော်ရှိပြီလို့ သူက ဆက်ပြောပါတယ်။

အခု ဖြစ်ပွားတဲ့ လူသတ်မှု သတင်းမထွက်ဖို့ PNO ပြည်သူ့စစ်ဟာ ဒေသခံတွေကို ခြိမ်းခြောက် ထားတယ်လို့ စုံစမ်း သိရှိရပါတယ်။

ပြစ်မှု ကျူးလွန်သူ ခွန်ဘချစ်ဟာ PNO ဗိုလ်ကြီးတီး ဦးဆောင်တဲ့ တပ်ခွဲက ဖြစ်ပြီး ရှမ်း-ကရင်နီ နယ်စပ် ရေဖြူ နဲ့ ထီးစဲခါး စခန်းမှာ စခန်းထိုင်နေသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ တတိယပတ်ကလည်း ဦးခွန်ဗိ ဦးဆောင်တဲ့ PNO ပြည်သူ့စစ်အဖွဲ့ဟာ ရေဖြူကျေးရွာ မြောက်ဘက်မှာရှိတဲ့ နောင်ဘိုကျေးရွာနေ ခွန်ရွှေထူး ဆိုသူကို မူးယစ်ဆေးဝါး အကြောင်းပြ ဖမ်းဆီးရာမှ သေဆုံး ခဲ့ပါတယ်။

“ရွှေထူးက အရက်မူးလို့၊ အဲ့ဒါ PNO ဦးခွန်ဗိ က ဖမ်းထားဖို့ ပြောတာ။ အောက်က လူတွေက ခိုင်းတာထက် ပိုလုပ်လိုက်တာ ရွှေထူး သေသွားတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးပြီး ကြိုးနဲ့ချီ လည်ပင်းကိုပါ ချည်လိုက်တဲ့ အတွက် အသက်ရှူကြပ် သေဆုံးသွားတာ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။

“အဲ့ဒီ အမှုကိုလည်း ရဲတွေက မသွားချင်လို့လား မသိဘူး အမှုလည်း မဖွင့်ပေးဘူး။ PNO ပြည်သူ့စစ်တွေလည်း သတင်းတွေ ပိတ်ထားတော့ သတင်းက အပြင်ကို မထွက်လာဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

PNO ပြည်သူ့စစ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်ကလည်း တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာ ပြည်သူ တစ်ဦးကို မြေသိမ်းတာ မပေးလို့ဆိုပြီး ပစ်သတ်ခဲ့ပါသေးတယ်။

အဲ့ဒီ လူသတ်မှုမှာလည်း PNO ပြည်သူ့စစ်ဟာ သတင်းတွေ မပေါက်ကြားဖို့ ဒေသခံတွေကို လက်မှတ်ထိုးခိုင်းပြီး သေနတ်က လူမရွေးဘူးဆိုပြီး ခြိမ်းခြောက်ခဲ့ပါသေးတယ်။

CJ – 002

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု