မြန်မာ့နွေဦး

ဆားလင်းကြီးမြို့နယ်မှာ မီးရှို့ခံရတဲ့ကျေးရွာက ကလေးငယ် ၂၀၀ ကို ပဲနို့နဲ့ ဟမ်ဘာဂါ အာဟာရကျွေးမွေး

မဲခေါင် 19 Mar - 2023
မဲခေါင်၊ မတ် ၁၉ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ မီးရှို့ခံရတဲ့ ကျေးရွာက ကလေးငယ် အယောက် ၂၀၀ ကို မနေ့က မတ်လ ၁၈ ရက်နေ့မှာ ပဲနို့နဲ့ ဟမ်ဘာဂါ အာဟာရဒါန ပြုခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောပါတယ်။

မဲခေါင်၊ မတ် ၁၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ မီးရှို့ခံရတဲ့ ကျေးရွာက ကလေးငယ် အယောက် ၂၀၀ ကို မနေ့က မတ်လ ၁၈ ရက်နေ့မှာ ပဲနို့နဲ့ ဟမ်ဘာဂါ အာဟာရဒါန ပြုခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောပါတယ်။

အခုလို လှူဒါန်းနိုင်ဖို့ အတွက် LIGHTS OF THE FUTURD-Group အနာဂါတ် အလင်းတန်းအဖွဲ့က ကူညီပေး ခဲ့တယ်လို့ သိရပါတယ်။

“မီးလောင်ပြင်က ကလေးငယ်တွေ အတွက် တတ်နိုင်သလောက် လှူဒါန်း ဖြစ်တာပါ။ အရင်ကလို ပြန်မရနိုင်တော့တဲ့ အခြေအနေမှာ ကလေးငယ်တွေ အတွက် အားအင်ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ လှူဒါန်းခဲ့ပါတယ်” လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့မှာတော့ ယင်းမာပင်မြို့နယ်ထဲက မီးရှို့ခံရတဲ့ ကျေးရွာ ၂ ရွာက အိမ်ထောင်စု ၁၅၃ စုကို မီးဖိုချောင်သုံး ပစ္စည်း တစ်အိမ်ထောင် ဒန်အိုး တစ်လုံး၊ ဇလုံ တစ်လုံး၊ ဇွန်းကြီး တစ်ချောင်း၊ သောက်ရေခွက် တစ်ခု၊ ဆန် တစ်ပြည်၊ ဆီ ၅၀ သားနဲ့၊ ငါးသေတ္တာ တစ်ဗူးနှုန်း လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ စစ်ကိုင်းတိုင်းထဲက မီးလောင်အိမ်ခြေ ၁,၀၉၂ လုံးကို ထောက်ပံ့ လှူဒါန်းနိုင်ခဲ့ပြီး တစ်အိမ်ထောင် အတွက် ၁၈,၀၀၀ ကျပ် ကုန်ကျတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီး နောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူ ၇ သိန်းခွဲ ဝန်းကျင်ရှိနေပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတာပါ။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၅ သောင်းခွဲကျော် မီးလောင် ဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းထဲမှာ အိမ်ခြေ ၄၃,၀၀၀ ကျော် မီးလောင် ပျက်စီးသွားတယ်လို့ Data For Myanmar က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

MK-009

#MeKongNews

#ဆားလင်းကြီးမြို့နယ်

#UNOCHA

#အညာပစ်တိုင်းထောင်လေးများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက