မြန်မာ့နွေဦး

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနဲ့ တပ်မှူး ၂ ဦး လုပ်ကြံခံရမှု AA လက်ချက်လို့ ALP စွပ်စွဲ

မဲခေါင် 5 Jan - 2023
ရခိုင်ပြည် လွတ်မြောက်ရေး တပ်မ‌တော် စစ်ဦးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနဲ့ တပ်မှူး ၂ ဦး လုပ်ကြံခံရတာဟာ AA ရဲ့ လက်ချက် ဖြစ်တယ်လို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ-ALP က ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မနေ့က ဇန်နဝါရီလ ၄ ရက်၊ မနက် ၈ နာရီကျော်က စစ်ကောင်စီနဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ-ALP ရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်၊ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်-ALA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ်(၁၀၁) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီးခိုင်သူရိန္ဓ တို့ ၃ ဦးဟာ စစ်တွေမြို့မှာ ကားနဲ့ သွားနေစဉ် ရခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်-ULA/AA မှ အကြမ်းဖက် လုပ်ကြံတာကြောင့် စီးလာတဲ့ ကားပေါ်မှာပဲ သေနတ်ဒဏ်ရာ များစွာနဲ့ ကွယ်လွန် ခဲ့တယ်လို့ ALP က ထုတ်ပြန် စွပ်စွဲ ထားပါတယ်။

ဗိုလ်ချုပ်ခိုင်စိုးမြနဲ့ တပ်မှူး ၂ ဦးကို ULA/AA က ရခိုင်အမျိုးသား အချင်းချင်းကြား လူသားမဆန် အကြမ်းဖက် လုပ်ကြံတာဟာ ရခိုင်တမျိုးသားလုံး စည်းလုံး ညီညွတ်ရေးကို ထိခိုက်ပျက်စီးစေရုံ သာမက ရခိုင်ပြည်သူတွေ ကိုပါ တုန်လှုပ်ချောက်ချားစေတဲ့ အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်တယ်လို့ ထုတ်ပြန်စာမှာ ပါရှိပါတယ်။

ဗိုလ်ချုပ်ခိုင်စိုးမြဟာ ရခိုင်ပြည်လွတ်မြောက်ရေး အတွက် ၁၉၈၄ ခုနှစ်မှ စပြီး နှစ်ပေါင်း ၄၀ ခန့် ပါတီ- တပ်မတော်မှာ တာဝန် ထမ်းဆောင်လာခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

သူဟာ မဟာမိတ် ကရင်ပြည်နဲ့ အနောက်ဖက် စစ်ဒေသ-ရခိုင်ပြည် တို့မှာ ပါတီ-တပ်မတော်မှ ပေးအပ်တဲ့ တာဝန်အဆင့်ဆင့်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ စစ်ဘက် ခေါင်းဆောင်တစ်ဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ်ခိုင်စိုးမြနဲ့ တပ်မှူး ၂ ဦး လုပ်ကြံ သတ်ဖြတ်ခံရတာက မိမိတို့ ပါတီ-တပ်မတော်နဲ့ ခိုင်ပြည်သူ‌တွေ အတွက် အစားထိုး မရတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ULA/AA က မိမိတို့ ပါတီ-တပ်မတော်မှ ခေါင်းဆောင်‌တွေ၊ ပါတီဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးနှိပ်စက်တာ လုပ်ကြံသတ်ဖြတ်တာ တို့ကို ပြုလုပ်နေရုံ သာမက ရခိုင်နိုင်ငံရေးပါတီတွေမှ ခေါင်းဆောင် တွေ၊ ပါတီဝင်‌တွေ အပြစ်မဲ့ ရဟန်းသံဃာတွေနဲ့ ပြည်သူတွေကိုပါ မချန် ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာ၊ လုပ်ကြံ သတ်ဖြတ်တာ‌တွေကို ဆက်တိုက် ပြုလုပ်နေတာတွေ အတွက် တရားမျှတမှုရရှိဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုဌာနချုပ် က ထုတ်ပြန်ကြေငြာထားပါတယ်။

ဒီထုတ်ပြန် ကြေညာချက်ပါ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်-ULA/AA အနေနဲ့ တုံ့ပြန်တာ မရှိသေးပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ပင်လောင်းနဲ့ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရွာငံ အခြေစိုက် ချိုးဖြူတော်လှန်ရေးအင်အားစုရဲ့ ပုံရိပ်မှတ်တမ်း

မဲခေါင်၊ ဇွန် ၉ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ် မှတ်တမ်းတွေကို ရွာငံ အခြေစိုက်
မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ်
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ