မြန်မာ့နွေဦး

စစ်အုပ်စုရဲ့ ဆိုးရွားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် လေကြောင်းပိုင်နက်တွေ အသုံးပြုခွင့်မပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG တောင်းဆို

မဲခေါင် 17 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၇ စစ်အုပ်စုရဲ့ ဆိုးရွားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အတွက် လေကြောင်း ပိုင်နက်တွေ အသုံးပြုခွင့် မပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ-NUG၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၇

စစ်အုပ်စုရဲ့ ဆိုးရွားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အတွက် လေကြောင်း ပိုင်နက်တွေ အသုံးပြုခွင့် မပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ-NUG၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ စစ်အုပ်စုရဲ့ ဆိုးရွားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အတွက် မိမိတို့ရဲ့ လေကြောင်း ပိုင်နက်တွေ အသုံးပြုခွင့် မပေးဖို့ တောင်းဆိုလိုက်တာပါ။

ဇန်နဝါရီလ ၁၀ နဲ့ ၁၁ ရက်နေ့တွေမှာ ချင်းအမျိုးသားတပ်ဦး-CNF ဗဟိုဌာနချုပ် တည်ရှိရာ အိန္ဒိယ-မြန်မာ နယ်စပ်ရှိ Camp Victoria ကို စစ်အုပ်စုက ဂျက်တိုက် လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား အများအပြား ထိခိုက် ဒဏ်ရာရ သေကြေခဲ့ရသလို လူနေအိမ် ၃ လုံးနဲ့ နေ့စဉ်ဝန်ဆောင်မှု ပေးနေတဲ့ ဒေသန္တရ ဆေးကုသဆောင် အပါအဝင် အရပ်ဘက် အခြေခံ အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုမှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက် အသုံးချခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦးမှ ပေးပို့တဲ့ သတင်းတင်ပြချက်တွေအရ သိရှိရပြီး အခြားသော မြေပြင် သတင်းရင်းမြစ်တွေအရလည်း စစ်အုပ်စုရဲ့ ဗုံးကြဲမှု‌ တွေက အိန္ဒိယ ပိုင်နက် အတွင်းကို ကျရောက်နေတာ သိရှိရတယ်လို့ ဖော်ပြထားပါတယ်။

စစ်အုပ်စုဟာ အိမ်နီးချင်း နိုင်ငံတွေရဲ့ လေပိုင်နက်တွေကို ကျူးကျော် အသုံးပြုပြီး ရမ်းကား တိုက်ခိုက်မှု‌တွေ ကျူးလွန်တာက ပထမဆုံး အကြိမ် မဟုတ်ဘဲ အခြား အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွေရဲ့ လေပိုင်နက်တွေ ကိုလည်း ကျူးကျော် အသုံးပြုခဲ့တဲ့ အစဉ်အလာတွေ ဖြစ်ပေါ်ခဲ့တာကို တွေ့ရှိခဲ့ရပြီး ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလို အခြေအနေတွေက ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ပြည်သူတို့ရဲ့ အသက်အိုးအိမ်တွေ ဘေးကင်း လုံခြုံရေးကို ရှေးရှုပြီး မြန်မာပြည်သူတို့ရဲ့ အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ မိမိတို့ရဲ့ လေပိုင်နက်တွေကို အသုံးပြုပြီး မြန်မာ ပြည်သူတွေကို လေကြောင်းမှ အကြမ်းဖက် တိုက်ခိုက်နေတာတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ခွင့်မပြုဖို့ အမျိုးသား ညီညွတ်ရေး အစိုးရက မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

အဲဒီ တောင်းဆိုမှုက အရပ်သားတွေနဲ့ အများပြည်သူပိုင် အဆောက်အအုံတွေကို တိုက်ခိုက်တာကို ဆန့်ကျင် ရှုံ့ချထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) အရ ဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်မှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတာကို ချက်ချင်း ရပ်တန့်ဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက် ဖြစ်ပေါ်နေတာကို တားဆီးဟန့်တားဖို့ တောင်းဆိုတဲ့ အချက် တွေလည်း ပါဝင်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-003

MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့