မြန်မာ့နွေဦး

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်ဖို့ NUG မှာ တာဝန်ရှိတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ် သတိပေး

မဲခေါင် 7 Feb - 2023
မဲခေါင်၊ ဇန်နဝါရီ ၇ စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်စေဖို့ NUG အနေနဲ့ တာဝန်ရှိတယ်လို့ အမျိုးသား ညီညွတ်‌ရေး အစိုးရ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ဒီကနေ့ ပြုလုပ်တဲ့ ၅/၂၀၂၃ အစိုးရအဖွဲ့ အစည်းအဝေးမှာ သတိပေး ပြောကြားလိုက်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၇

စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်စေဖို့ NUG အနေနဲ့ တာဝန်ရှိတယ်လို့ အမျိုးသား ညီညွတ်‌ရေး အစိုးရ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ဒီကနေ့ ပြုလုပ်တဲ့ ၅/၂၀၂၃ အစိုးရအဖွဲ့ အစည်းအဝေးမှာ သတိပေး ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့က စစ်ကောင်စီဘက် အာဏာသိမ်းမှု ၆ လ ထပ်တိုးတာနဲ့အတူ အပြောင်းအလဲတွေ လုပ်လာရာမှာ မြို့နယ် ၃၇ ခုကိုလည်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး အာဏာကို ကျင့်သုံးဖို့ အမိန့်ထုတ်ခဲ့တဲ့အပေါ် သူက အခုလို သတိပေးလိုက်တာပါ။

“ ကျွန်တော်တို့ အစိုးရအနေနဲ့ စနစ်တကျ လေ့လာသုံးသပ်ဖို့ လိုမှာ ဖြစ်ပါတယ်။ သူတို့ဟာ ဘယ်လိုပုံစံတွေပဲ ပြောင်းပြောင်း သေချာတာက ကျွန်တော်တို့ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် ဒုက္ခပေးဖို့ အစီအစဉ်တွေပဲ ဖြစ်မှာ သေချာတယ် ဆိုတာကတော့ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အစိုးရ တစ်ရပ် အနေနဲ့ ပြည်သူတွေ အထိအခိုက်နည်းနိုင်သမျှ နည်းအောင် ကြိုးစားရမယ့် တာဝန်အပြည့်ရှိပါတယ်” လို့ သူက ပြောပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ၃၇ မြို့နယ်ဟာ ကြားကာလ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေ စီမံရင်း မိမိတို့ရဲ့ စိုးမိုး ထိန်းချုပ်နယ်မြေတွေ အဖြစ် ဆောင်ရွက်နေတဲ့ မြို့နယ်တချို့ ပါဝင်သလို ချင်းတို့၊ ကရင်နီတို့မှ မြို့နယ်တွေမှာ ဆိုရင် ပြည်နယ်အလိုက် အုပ်ချုပ်ရေး စီမံခန့်ခွဲနေတဲ့ မြို့နယ်တွေ ဖြစ်တယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါကြောင့် ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီမှာ Focal Department အဖြစ် ဆောင်ရွက်နေတဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေ အနေနဲ့ စနစ်တကျ သေချာတိုင်ပင် ဆွေးနွေးပြီး စီမံဆောင်ရွက်မှုတွေ အမြန်ဆုံး လုပ်ထားဖို့ လိုအပ်နေပြီလို့လည်း သူကဆိုပါတယ်။

“ စီမံဆောင်ရွက်မယ့် ပုံစံတွေကိုလည်း ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီမှာ သေချာချပြ တိုင်ပင်ဆွေးနွေး ပေးမယ်ဆိုရင် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနတို့လို ပြင်ဆင်ထားရမယ့် ဝန်ကြီးဌာနတွေ အနေနဲ့လည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားနိုင်မှာ ဖြစ်သလို ပညာရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာနတို့လို ဌာနတွေ ကလည်း ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားနိုင်မှာ ဖြစ်လို့ အားလုံးဝိုင်းဝန်း ကြိုးစား ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပါတယ်” လို့ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

အလားတူ နိုင်ငံတကာကို သွားလာ လှုပ်ရှားနိုင်တဲ့ ဝန်ကြီးတွေဟာ ကဏ္ဍ အသီးသီးကနေ လှုပ်ရှား ဆောင်ရွက်နေကြတာ ရှိသလို ပြည်တွင်းက ပြည်သူတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့အားပေးနိုင်တဲ့ ဝန်ကြီးတွေ ကလည်း ပြည်တွင်းမှာ လှုပ်ရှားစီမံမှုတွေ ဆောင်ရွက်နေကြတာမို့ မိမိတို့ အစိုးရ အနေနဲ့. ဟန်ချက်ညီညီ လှုပ်ရှားဆောင်ရွက်နေကြတယ်လို့လည်း သူက ပြောပါတယ်။

နိုင်ငံတကာရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေက တော်လှန်ရေး အတွက် အရေးပါတာမို့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ဘက်ပေါင်းစုံက အကူအညီတွေ အတွက် ဆောင်ရွက်နေတဲ့ ဝန်ကြီးဌာန‌ တွေကိုလည်း ကျေးဇူးတင်ရှိ‌တယ်လို့ ပြောပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အနေနဲ့ တော်လှန်ရေး ဘဏ္ဍာငွေ ရရှိနိုင်ရေး ကြိုးပမ်းနေတာ အားရစရာ ကောင်းပြီး စီမံဆောင်ရွက်လိုက်တဲ့ Project တိုင်း အောင်မြင်နေတာဟာ မိမိတို့အတွက် အင်အား ၂ ရပ်ကို ရရှိစေတယ်လို့ သူက ဆိုပါတယ်။

“ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ One year plan အောင်မြင်နိုင်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေ ရရှိလို့ စိတ်အားတက်ရသလို တစ်ဖက်ကလည်း ဒီလို Project တွေ အောင်အောင်မြင်မြင် ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ပြည်သူတွေရဲ့ တော်လှန်ရေးအပေါ် ခံယူချက်၊ ယုံကြည်ချက်တွေဟာ တစ်စက်ကလေးမှ မလျော့သွားဘဲ ပါဝင်ပေးနေကြတာကို သိရတဲ့အတွက် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်” လို့ ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောပါတယ်။

ပြည်သူတွေရဲ့ ယုံကြည်မှုတွေအတွက် မိမိတို့ အစိုးရအနေနဲ့ စစ်ကောင်စီကို ဖြိုဖျက်ဖို့ သန်မာသထက် သန်မာအောင် ကြိုးစားသွားမယ်လို့လည်း မန်းဝင်းခိုင်သန်းက ကတိပေး ပြောကြားထားပါတယ်။

MK-003

#MeKongNews

#စစ်အုပ်ချုပ်ရေး

#ပြည်ထောင်စုဝန်ကြီးချုပ်

#NUG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။