မြန်မာ့နွေဦး

စစ်အာဏာရှင် အမြတ်ပြတ်ဖို့ တစ်ဖွဲ့တည်း ဦးဆောင်နေလို့မရဘူးလို့ KIO ဥက္ကဋ္ဌ သတိပေး

မဲခေါင် 6 Feb - 2023
မဲခေါင်၊ ဇန်နဝါရီ ၆ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ အတွက် တစ်ဖွဲ့တည်းက ဦးဆောင်နေလို့ မရဘူးလို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က သတိပေးလိုက်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၆

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ အတွက် တစ်ဖွဲ့တည်းက ဦးဆောင်နေလို့ မရဘူးလို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က သတိပေးလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်မှာ ကျရာက်တဲ့ ကချင် လွတ်လပ်ရေး တပ်မတော်-KIA တည်ထောင်ခြင်း (၆၂) နှစ်ပြည့် နှစ်ပတ်လည် မိန့်ခွန်းမှာ ကေအိုင်အို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က အခုလို သတိပေးလိုက်တာပါ။

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ဆိုရင် အခွင့်အရေး တန်းတူဖြစ်ဖို့လိုတဲ့ အပြင် တစ်ဦးတည်း၊ တစ်ဖွဲ့တည်းကပဲ နိုင်ငံရေး ပြဿနာကို ဦးဆောင် ဖြေရှင်းနေလို့ မရဘူးလို့ သူကပြောပါတယ်။

“စစ်မှန်တဲ့ ပြည်ထောင်စုကို အခွင့်အရေး တန်းတူရရှိတဲ့ ပြည်နယ်တွေ၊ Federal Unit တွေနဲ့ ဖွဲ့စည်းထားရမယ်။ လူဦးရေများတဲ့ လူမျိုးဖြစ်ခြင်းကြောင့် အခွင့်အရေး အသာစီးယူလို့ မရပါ။ လူဦးရေများတာ ဖြစ်ပေမဲ့ ဗမာလူမျိုးတွေ အတွက် ပြည်နယ် သတ်မှတ်ပေးရမယ်။ တခြား ပြည်နယ်တွေနဲ့ ဖက်ဒရယ်ယူနစ် တွေထက်ပိုတဲ့ အခွင့်အရေးကို အသာစီး လုယူလို့ မရပါ။ ဒီ (တန်းတူရေး) နည်းလမ်းနဲ့သာ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းနိုင်မယ်ဖြစ်ပြီး နိုင်ငံရေး ပြဿနာကို ဖြေရှင်းယူလို့ရမယ့် လမ်းကြောင်း ဖြစ်တယ်။ သို့သော် ပြဿနာကို ဖြေရှင်းတဲ့အခါ အဖွဲ့အစည်း တစ်ခုကိုသာ ရှေ့တန်းတင် ဦးဆောင်ခွင့်ပေးတာမျိုး မပြုလုပ်သင့်ပါ” လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ တောင်တန်းဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသား လူမျိုးတွေကို စစ်ရေး ရည်ရွယ်ချက်တွေနဲ့ တိုက်ခိုက် ချေမှုန်းနေပြီး အခြား တစ်ဖက်မှာတော့ “ငြိမ်းချမ်းရေး” လို့ ကြွေးကြော်ဝါဒဖြန့်ကာ သတ်ဖြတ် ချေမှုန်း ခံနေရတဲ့သူတွေကို ပြစ်မှုကျူးလွန်သူတွေ အဖြစ် နိုင်ငံတကာကို လိမ်လည် ဝါဒဖြန့်နေတယ်လို့လည်း သူက ဆိုပါတယ်။

ဒါကြောင့် ကေအိုင်အို အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲ ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်နေတဲ့ လုပ်ငန်းတွေမှာ အားစိုက် လုပ်ဆောင်နေတယ်လို့လည်း မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

ဗမာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ် အောက်မှာ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တာ ဖြစ်တဲ့အတွက် လက်ရှိ တော်လှန်ရေးကို လုပ်ဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေက လက်တွေ့ လုပ်ငန်း ဖော်ဆောင်ပြသရမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုပါတယ်။

လက်ရှိ အခြေအနေမှာ စစ်ကောင်စီကို ဘုံရန်သူအဖြစ် စစ်မျက်နှာဖွင့်ကာ ဝိုင်းဝန်း တော်လှန်နေကြပေမဲ့ လက်ဝါးကြီး အုပ်ချင်တဲ့ လူမျိုးကြီး စိတ်ဓါတ်တွေ လက်မလွတ်နိုင်သေးရင် အမျိုးသား တော်လှန်ရေးလည်း နှစ်ကြာရှည်လာနိုင်တယ်လို့ ကေအိုင်အို ဥက္ကဋ္ဌက သတိပေး ပြောကြားထားပါတယ်။

MK-003

#MeKongNews

#KIO

#ဗိုလ်ချုပ်ကြီးအင်ဘန်လ

#ဗမာလူမျိုးကြီးဝါဒ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက