မဲခေါင်၊ ဖေဖော်ဝါရီ ၆
စစ်အာဏာရှင် အမြစ်ဖြတ်ကျဆုံးတဲ့ အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့ချုပ်-FGWM က မနေ့က ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ က စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို တော်လှန်ဖို့ အတွက် မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့ချုပ်မှ စက်ရုံ ၁၀ ရုံက အလုပ်သမား ၁၂,၀၀၀ ကျော်ဟာ စက်ရုံတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဖဲကြိုးနီ ကမ်ပိန်းကို စတင်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ၂ နှစ်ပြည့် သဘောထား ထုတ်ပြန်ချက်မှာ FGWM အနေနဲ့ အလုပ်သမားထုနဲ့အတူ မလျော့သော စိတ်ဓာတ်တွေ နဲ့ စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ အလုပ်သမားထုနဲ့ မိဘပြည်သူတွေကို အသိပေးတယ်လို့ ဖော်ပြထားပါတယ်။
MK-003
#MeKongNews