မြန်မာ့နွေဦး

စစ်အာဏာရှင် တိုက်ဖျက်ရေး အဆုံးထိပါဝင်မယ်လို့ နယ်ခြားစောင့်တပ် ကလလတ အဖွဲ့ ကြေညာ

မဲခေါင် 21 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၁ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ် တပိုင်းဖြစ်တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ အနေနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ အဆုံးထိ ပါဝင်သွားမယ်လို့ ကရင်နီ တပ်မတော်-KA၊ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်-KNDF တို့နဲ့ အတူ မနေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၁

စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ် တပိုင်းဖြစ်တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ အနေနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမှာ အဆုံးထိ ပါဝင်သွားမယ်လို့ ကရင်နီ တပ်မတော်-KA၊ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်-KNDF တို့နဲ့ အတူ မနေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာလ အတွင်းက ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲ၊ ဟွေအောကျေးရွာ အနီးမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး KNPLF -ကလလတ၊ KA နဲ့ KNDF အကြား အဖြစ်မှန် ပေါ်ပေါက်ရေး ကော်မတီဖွဲ့ပြီး ဆောင်ရွက်ခဲ့တဲ့ အပေါ် လူထုကို အသိပေး ရှင်းပြခဲ့တာပါ။

အဲဒီ ကြေညာချက်မှာ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး ဆက်လက် ဆောင်ရွက်မယ့် အခြေအနေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဟွေအောရွာ ဖြစ်စဉ်မှာ KNDF/KA ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ် တပိုင်း ဖြစ်တဲ့ KNPLF ရဲဘော် ၁၀ ဦးနဲ့ ကားသမား ၂ ဦး သေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အမြင့်ဆုံး အာဏာရှိ ထိပ်တန်းအဆင့် ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်အရ သတင်းအချက်အလက် အမှန်အကန်ရရှိရေး၊ စိစစ်မှတ်တမ်း ရယူတာနဲ့ အဖြစ်မှန် ပေါ်ပေါက်ရေးတို့ အတွက် ကော်မတီ ဖွဲ့စည်း ဆောင်ရွက်ခဲ့ရာမှာ တစ်လကျော်အတွင်း ပြီးစီး အောင်မြင်ခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးရဲ့ ထိပ်သီး ခေါင်းဆောင်တွေထံ အစီရင်ခံ ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီ ဖြစ်ရပ်ကြောင့် ညီညွတ်ရေးကို မထိခိုက်စေဘဲ ဆက်လက် ထိန်းသိမ်းထားနိုင်ရေး၊ စစ်အာဏာရှင် တော်လှန်ရေး အရှိန်မြှင့်တင်နိုင်ရေးနဲ့ ပြည်သူလူထုရဲ့ ထောက်ခံ ယိုင်းပင်းမှု မကျဆင်းစေရေးတို့ အတွက် ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့ တပ်ဖွဲ့ဝင်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ ချမှတ်ထားတဲ့ စစ်စည်းမျဉ်း ဥပဒြေ ပဌာန်းချက်နဲ့အညီ အပြစ်ပေး အရေးယူမှုတွေ အချိန်နဲ့ တပြေးညီ ဆောင်ရွက်မယ်လို့လည်း အသိပေးထားပါတယ်။

ဒါကြောင့် ပြည်သူတွေ အနေနဲ့ စိုးရိမ်မှုတွေ မဖြစ်ကြဖို့၊ ကောလဟလတွေကို မယုံကြဖို့၊ သွေးခွဲသပ်လျိုမှု တွေကို တော်လှန်ရေး အသိနဲ့ အထူးသတိထားကြဖို့၊ ပြည်သူ တစ်ရပ်လုံး အနေနဲ့ တော်လှန်ရေးကို ဆက်လက် ထောက်ခံ အားပေး ကူညီကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကို အတူတကွ အဆုံးထိ ဆက်လက်ပါဝင် သွားကြမယ်လို့လည်း KA၊ KNDF နဲ့ KNPLF တို့က ပူးတွဲသဘောထား ထုတ်ပြန်ထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့
မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေအလွဲအပို့ရှိတဲ့ အကောင့်တွေကို ဦးတည်ချက်ထားပိတ်ဆို့နေတယ်လို့ K Pay အသုံးပြုသူများထံကသိရပါတယ်။
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။