မြန်မာ့နွေဦး

စစ်အာဏာရှင်အမြစ်ပြတ် တော်လှန်ဖို့ ရှေ့ထွက်မိုင်းတွေ ထုတ်လုပ်

မဲခေါင် 25 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၅ မြိုင်မြို့နယ် ပြည်သူကာကွယ်‌ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲ့ တပ်ခွဲ (၄) စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့မှ စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်နိုင်ဖို့ အတွက် ရှေ့ထွက်မိုင်း ၆၂ လုံးကို ဆက်လက် ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၅

မြိုင်မြို့နယ် ပြည်သူကာကွယ်‌ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲ့ တပ်ခွဲ (၄) စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့မှ စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်နိုင်ဖို့ အတွက် ရှေ့ထွက်မိုင်း ၆၂ လုံးကို ဆက်လက် ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အလုံးရေ ၁၀၀ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားပေမယ့် ကုန်ကြမ်း မလုံလောက်တာကြောင့် ၆၂ လုံးသာ ထုတ်လုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အခုလ အတွင်း ရဲ‌‌ဘော်တွေ အတွက် လိုအပ်‌‌တဲ့ ဒရုန်း တစ်စီး၊ အီ‌ကွေးမက် ၇ စုံ၊ ကျည်ဆန်၊ အမိုနီယမ် တစ်အိတ်၊ အိုင်ကွန်နားကြပ် ၁၀ ခု၊ ဘက္ထရီအိုးနဲ့ မိုင်း‌‌ထောင်ရာမှာ လိုအပ်တဲ့ ပစ္စည်း‌ တွေကို ဝယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို ဝိုင်းဝန်း ထောက်ပံ့ ကူညီပေးကြတဲ့ အလှူရှင်တွေကို ကျေးဇူးတင် ဂုဏ်ပြုတယ်လို့ စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့ က ပြောပါတယ်။

“ ကျွန်တော်တို့ စင်္ကြာ ဒေသကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ တိုက်ပွဲများ မကြာခဏ ဖော်ဆောင်လျက်ရှိသည့် အလျှောက် လိုအပ်လာသော တိုက်ခိုက်ရေး ပစ္စည်းများ ပြန်လည် ဖြည့်တင်းနိုင်ရန်အတွက် ဆက်လက် ထောက်ပံ့ပေးကြဖို့ တိုက်တွန်း မေတ္တာရပ်ခံ လိုက်ရပါတယ် ခင်ဗျာ” လို့ စင်္ကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက် မနက် ၁၀ နာရီ ဝန်းကျင်ခန့်က ပခုက္ကူမှ မြိုင်စက်မှု (၂) သို့ ထွက်လာတဲ့ ကား ၅ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို သရက်ကန်ပျူစခန်းနဲ့ ကိုင်းတောမနယ်မြေ ရဲစခန်းကြားမှာ ရှေ့ထွက်ပြောင်း၊ ရှေ့ထွက်မိုင်းတွေနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားသေဆုံးမှုတွေ ရှိသလို ဒဏ်ရာ အပြင်းအထန် ရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။