မြန်မာ့နွေဦး

စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်ရမယ့် အရေးကြီးကာလ ရောက်နေပြီလို့ TNLA တပ်လှန့်

မဲခေါင် 12 Jan - 2023
စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ ဝိဝါဒကွဲပြားမှုကို ကျော်လွှားပြီး တော်လှန် တိုက်ပွဲဝင်ရမယ့် အရေးကြီး ကာလ ရောက်နေပြီလို့ TNLA က ဒီကနေ့မှာ တပ်လှန့် ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၂

စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ ဝိဝါဒကွဲပြားမှုကို ကျော်လွှားပြီး တော်လှန် တိုက်ပွဲဝင်ရမယ့် အရေးကြီး ကာလ ရောက်နေပြီလို့ TNLA က ဒီကနေ့မှာ တပ်လှန့် ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ နှစ် (၆၀) ပြည့် တအာင်း အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး-PSLF/ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA က အခုလို တပ်လှန့်လိုက်တာ ဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ အခြေခံ အခွင့်အရေးတွေကို ဖိနှိပ်ချုပ်ချယ် ယုတ်လျော့စေခဲ့တဲ့ မဆလ တစ်ပါတီ အာဏာရှင် ဦးနေဝင်း၊ နဝတ-နအဖ စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေနဲ့ ‌ယနေ့ခေတ် အာဏာရှင် ဗိုလ်ချုပ်မင်းအောင်လှိုင် အစရှိတဲ့ မြန်မာ အာဏာရှင် အဆက်ဆက်ကို ဒီမိုကရေစီ၊ တော်လှန်ရေး အင်အားစုတွေနဲ့ အတူ တအာင်း လူမျိုးတွေ ကလည်း ပုံစံ အသီးသီးနဲ့ တိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ နိုင်ငံရေး အကျဉ်းသားတွေကို သေဒဏ်ပေး ကွပ်မျက်တာ အစရှိတဲ့ စစ်ရာဇဝတ်နဲ့ ပြစ်မှုပေါင်းစုံကို မကြောက်မရွံ့ ကျူးလွန်နေတဲ့ စစ်ကောင်စီ လုပ်ရပ်က တိုင်းရင်းသား ပြည်သူ တရပ်လုံးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ဆိတ်သုန်း ကင်းမဲ့နေစေတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပိုမိုယဉ်ကျေး တိုးတက်လာတဲ့ ၂၁ ရာစု ကမ္ဘာကြီးမှာ ဆိုးရွားတဲ့ မြန်မာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှား တိုက်ထုတ်ဖို့ နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ အင်အားစု အသီးသီးမှ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေက အမျိုးမျိုးသော ဝိဒါဒ ကွဲပြားမှုတွေကို ကျော်လွန်ပြီး ပိုမိုခိုင်မာတဲ့ ညီညွှတ်ရေးနဲ့ အောင်ပွဲခံမယ့် မဟာဗျူဟာတွေနဲ့ တော်လှန်တိုက်ပွဲ ဝင်ရမယ့် အရေးကြီးတဲ့ အချိန်ကာလ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားတယ်။

MK-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မြန်မာ့အရေး ဂျပန်အစိုးရအနေနဲ့ ဖိအားပေးဆောင်ရွက်ဖို့ ဂျပန်လွှတ်တော်အမတ် ၅၆ ဦး လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ ဖေဖော်ဝါရီ ၂ မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန်
မြန်မာ့နွေဦး

နိုဘယ်ငြိမ်းချမ်းရေးဆု တင်သွင်းစာရင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်

မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု တင်သွင်းဖို့ စာရင်း ထုတ်ပြန်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC တို့
မြန်မာ့နွေဦး

ရွှေပြည်အေးမြို့ကို PDF တပ်ပေါင်စု စီးနင်းသိမ်းပိုက်ထား

မဲခေါင်၊ ဖေဖော်ဝါရီ ၂ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ-နအဖ ခေတ်က ဗိုလ်ချုပ်သာအေး တည်ထောင်ခဲ့တဲ့ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ဒေသခံ ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားပြီ ဖြစ်တယ်လို့ ခန္တီးခရိုင် အမှတ် (၁) တပ်ရင်း၊ ဟုမ္မလင်းက