မဲခေါင်၊ မေ ၁၉
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ စစ်ရှောင် ပြည်သူတွေ အတွက် ‘ဆန်နဲ့ သောက်သုံးရေ ထောက်ပံ့ကူ၊ မြတ်ကုသိုလ်ယူ’ ကမ်ပိန်းကို ပြည်သူတွေ ဝိုင်းဝန်း ကူညီပေးကြဖို့ ကရင်နီ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး ကွန်ရက်က မေတ္တာရပ်ခံ ထားပါတယ်။
ကမ်ပိန်း ၁၀ ရက်တာ အတွင်း ၄ ဒသမ ၅ ရာခိုင်နှုန်းသာ ရရှိသေးတာကြောင့် ပြည်သူတွေ ဆက်လက် ကူညီပေးကြဖို့လည်း ကရင်နီ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး ကွန်ရက်က တိုက်တွန်ထားပါတယ်။
လက်ရှိ ကရင်နီပြည်မှာ စစ်ရှောင်နေရတဲ့ ပြည်သူ တစ်သိန်းကျော်ရှိကာ စစ်ကောင်စီက စစ်ရှောင် ပြည်သူတွေကို ထောက်ပံ့တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေကို ပိတ်ပင်ထားတဲ့ အပြင် စစ်ရှောင် စခန်းတွေ ကိုပါ စစ်ကြောင်းထိုး တိုက်ခိုက်ကာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
MK-007
#MeKongNews
#ကရင်နီပြည်
#စစ်ဘေးရှောင်
#ဗုံးကြဲ