မြန်မာ့နွေဦး

စစ်ဘေးရှောင်တွေကို အကူအညီပေးဖို့ ဆီဆိုင်မြို့ PNLO ဆက်ဆံရေးရုံးသို့ လာတဲ့ နိုင်ငံတကာ သံတမန်ယာဉ်တန်း ပစ်ခတ်ခံရ

မဲခေါင် 8 May - 2023
မဲခေါင်၊ မေ ၈ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဆက်ဆံရေးရုံးသို့ စစ်ဘေးရှောင်အကူအညီပေးရေး လာရောက်တဲ့ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံမှ သံတမန်များ၊ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးစင်တာ-AHA စင်တာ တာဝန်ရှိသူများ ပါဝင်တဲ့ ယာဉ်တန်း ဆီဆိုင်မြို့မရောက်ခင်မှာ လုပ်ကြံပစ်ခတ်ခံခဲ့ရတယ်လို့ မဲခေါင်းသတင်းဌာနက စုံစမ်းသိရှိရပါတယ်။

မဲခေါင်၊ မေ ၈

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဆက်ဆံရေးရုံးသို့ စစ်ဘေးရှောင်အကူအညီပေးရေး လာရောက်တဲ့ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံမှ သံတမန်များ၊ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးစင်တာ-AHA စင်တာ တာဝန်ရှိသူများ ပါဝင်တဲ့ ယာဉ်တန်း ဆီဆိုင်မြို့မရောက်ခင်မှာ လုပ်ကြံပစ်ခတ်ခံခဲ့ရတယ်လို့ မဲခေါင်းသတင်းဌာနက စုံစမ်းသိရှိရပါတယ်။

AHA စင်တာမှ တာဝန်ရှိသူ ၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံ သံတမန် ၂ ဦး၊ စင်ကာပူနိုင်ငံ သံတမန် ၂ ဦး ပါဝင်တဲ့ ယာဉ်တန်းဟာ မနေ့ မေလ ၇ ရက်နေ့မှာ တောင်ကြီးမြို့မှ ဆီဆိုင်မြို့ရှိ PNLO ရုံးသို့ လာရောက်စဉ် ဆီဆိုင်မြို့နယ် နန်းဩကျေးရွာမြောက်ဘက်၊ သရက်ပင်ကြီးအကွေ့အရောက်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

“ဆီဆိုင် PNLO ရုံးမှာ စစ်ဘေးရှောင်အကူအညီပေးဖို့လာတာပေါ့။ အဲ့ဒါ နန်းဩရွာနားအရောက်မှာ ယာဉ်တန်းမှာပါလာတဲ့ ရဲကားတစ်စီး လေးငါးချက်အပစ်ခံရလို့ ယာဉ်တန်းက ပြန်ဆုတ်သွားတယ်။ ဆီဆိုင်မှာက စစ်ဘေးရှောင်တွေ PNLO တာဝန်ရှိသူတွေက စောင့်နေပေမယ့် အဲ့ဒီသံတမန်တွေနဲ့ မတွေ့လိုက်ရဘူး” လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

အဲ့ဒီလို ယာဉ်တန်းအပစ်ခံရတဲ့အတွက် သံတမန်များဟာ ဆီဆိုင်မြို့သို့ ဆက်မသွားတော့ဘဲ နောက်ကြောင်းပြန်လှည့်ခဲ့ရပါတယ်။ ပစ်ခတ်ခံရတဲ့ ယာဉ်တန်းထဲမှာ PNLO ကိုယ်စားလှယ်လည်း ပါတယ်လို့ စုံစမ်းသိရှိရပါတယ်။

သံတမန်တွေက စစ်ဘေးရှောင်တွေကို အကူအညီပေးမယ့် အဲ့ဒီ အစီအစဉ်မှာ စစ်ဘေးရှောင်တွေကိုယ်တိုင်လည်း တက်ခွင့်ရတာမို့လို့ သံတမန်တွေနဲ့ စစ်ဘေးရှောင်တွေ တိုက်ရိုက်စကားပြောနိုင်ဖို့ အခွင့်အလမ်းလည်း ရနိုင်ပြီး အများကြီးမျှော်လင့်ချက်ထားခဲ့တယ်လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးကပြောပါတယ်။

“ကျွန်တော်တို့ကြုံရတဲ့အခက်အခဲတွေ အကူအညီတွေကို တင်ပြခွင့်ရရင် တင်ပြမယ်လို့ပဲ မျှော်မှန်းထားတာပါ။ ကျွန်တော်တို့နဲ့ နိုင်ငံခြားသားတွေကို မပေးတွေ့ချင်တဲ့လူက နှောက်ယှက်တယ်လို့ပဲ ပြောချင်ပါတယ်” လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးကလည်း ပြောပါတယ်။

ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေကို ဆီဆိုင်မြို့နယ်ကနေ ထွက်ခွါသွားကြဖို့ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီရဲ့ ထွေအုပ်က စာနဲ့မောင်းထုတ်ဖူးပါတယ်။

PNLO အဖွဲ့နဲ့ ချိတ်ဆက်ပြီး စစ်ဘေးရှောင်တွေကို ကူညီဖို့လာရောက်တဲ့ သံတမန်တွေကို ပစ်ခတ်တာဟာ နိုင်ငံခြားသံတမန်တွေက စစ်ဘေးရှောင်တွေကို တိုက်ရိုက်ကူညီတွေ့ဆုံတာကို မလိုလားသူတွေ နဲ့ PNLO ရုံးကို နိုင်ငံတကာ သံတမန် လာတာကို မလိုလားသူတွေက လုပ်ကြံပစ်ခတ်တာဖြစ်နိုင်တယ်လို့ ပအိုဝ်းအရေးကျွမ်းကျင်သူတစ်ဦးကပြောပါတယ်။

“စစ်ဘေးရှောင်ကို အကူအညီပေးဖို့လာတဲ့သူကို ပစ်တယ်ဆိုတာက အဲ့ဒီနိုင်ငံတကာသံတမန်နဲ့ စစ်ဘေးရှောင်တွေ တွေ့ဆုံစကားပြောမှာကို မလိုလားတဲ့သူရယ် ဒါမှမဟုတ် နိုင်ငံရေးအရ PNLO ကို ရန်ဘက်အဖြစ်မြင်တဲ့ သူတွေရယ် အဲ့ဒီနှစ်မျိုးထဲက တစ်မျိုးမျိုး အုပ်စုတစ်အုပ်စုက လုပ်တယ်လို့ ပြောလို့ရပါတယ်။ မည်သူမည်ဝါ လုပ်တယ်ဆိုတာကတော့ နာမည်နဲ့ပြောဖို့ခက်ပါတယ်” လို့ သူကပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် တစ်စုံတစ်ဦး ထိခိုက်တာ၊ ယာဉ်တွေ အကြီးအကျယ်ပျက်စီးတာတွေ မရှိတဲ့အတွက် အခုလုပ်ကြံမှုရည်ရွယ်ချက်ဟာ သေကြေစေဖို့ထက် နိုင်ငံတကာ သံတမန်တွေ နဲ့ စစ်ဘေးရှောင်တွေ တိုက်ရိုက်တွေ့ခွင့်ရမယ့် ပွဲပျက်ဖို့ကိုပဲ ဦးတည်လုပ်ကြံတယ်ဆိုတာ ပေါ်လွင်တယ်လို့လည်း သူကပြောပါတယ်။

အဲ့ဒီပစ်ခတ်လုပ်ကြံမှုဟာ စစ်ကောင်စီ နဲ့ PNO ပြည်သူ့စစ်က တမင်သက်သက် ပွဲဖျက်ချင်လို့ လုပ်ကြံမှုအတု ပြန်ဖန်တီးတာလို့လည်း ပအိုဝ်းဒေသတွင်းသတင်းတွေကို ဖော်ပြေနေတဲ့ လူမှုကွန်ယက်စာမျက်နှာတွေက ရေးသားနေကြတာလည်း တွေ့ရပါတယ်။

အဲ့ဒီပစ်ခတ်မှုကို စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာတွေမှာတော့ PDF တွေက လုပ်တာလို့ စွပ်စွဲထားပါတယ်။ ဒါပေမယ့် အဲ့ဒီယာဉ်တန်း ပစ်ခတ်ခံရတယ်ဆိုတဲ့ နန်းဩကျေးရွာမြောက်ဘက် သရက်ပင်ကြီးရှိတဲ့ အကွေ့ နေရာဟာ ကရင်နီပြည်နယ်စပ်နဲ့ ၅၈ မိုင်အထိ အကွာအဝေးရှိပါတယ်။

ဒါ့အပြင် အဲ့ဒီနေရာဟာ စစ်ကောင်စီ နဲ့ PNO ပြည်သူ့စစ်တို့ရဲ့ တပ်စခန်းနှစ်ခုကြားက အလယ်တည့်တည့်မှာရှိပါတယ်။ အဲ့ဒီပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာဟာ ဆီဆိုင်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ၄၂၃၊ ၄၂၄ တပ်ရင်းကနေ ၁၁ မိုင်ကျော်ကွာဝေးပြီး ဆိုက်ခေါင်မှာရှိတဲ့ PNO ပြည်သူ့စစ်ရဲ့ အောင်ဆုဗွေစခန်းနဲ့လည်း ၁၁ မိုင်ကွာဝေးပါတယ်။

CJ – 002

#MeKongNews

#PNLOဆက်ဆံရေးရုံး

#သံတမန်ယာဉ်တန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု