မြန်မာ့နွေဦး

စစ်တပ် လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် KNU နယ်မြေ ကျေးရွာ ၆ ရွာက ပြည်သူ ၅,၆၀၀ ကျော် ထွက်ပြေးနေရ

မဲခေါင် 6 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၆ စစ်တပ်က ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ တိုက်ခိုက်နေမှုကြောင့် ကရင်အမျိုးသား အစည်းအရုံး-KNU အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် ကျေးရွာ ၆ ရွာထဲက ပြည်သူ ၅,၆၆၆ ဦး အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ KNU ဗဟိုက မနေ့က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၆

စစ်တပ်က ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ တိုက်ခိုက်နေမှုကြောင့် ကရင်အမျိုးသား အစည်းအရုံး-KNU အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် ကျေးရွာ ၆ ရွာထဲက ပြည်သူ ၅,၆၆၆ ဦး အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ KNU ဗဟိုက မနေ့က ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ KNU ရဲ့ ခလယ်လွီထူခရိုင် တပ်မဟာ (၃) မှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့ ခမရ (၃၅၁) နဲ့ ခလရ (၆၀) က ဖေဖော်ဝါရီ ၄ ရက် မနက် ၅ နာရီမှာ အင်အား ၆၀ ခန့်နဲ့ မူးမြို့နယ် မြင်သာယာကျေးရွာကို စတင်ဝင်ရောက်ပြီး ဝဲကြီးကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

အဲဒီစစ်တပ် ကျေးရွာတွင်းကို ဝင်ရောက်စဉ် မြင်သာယာကျေးရွာ၊ ဝဲကြီးကျေးရွာနဲ့ ညောင်ပင်ဆိမ်ကျေးရွာ တွေက ရွာလုံးကျွတ် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ရာ လူဦးရေ ၂,၄၃၁ ဦးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျေးရွာတွင်း ဝင်ရောက်စဉ် မြင်သာယာကျေးရွာမှ ပြည်သူတွေရဲ့ ဆိုင်ကယ် ၅ စီးနဲ့ ဆန် ၁၀ အိတ်ကို တပ်စွဲထားတဲ့ ဝဲကြီးဘုန်းကြီးကျောင်းသို့ ယူဆောင်သွားတယ်လို့ သိရပါတယ်။

စစ်တပ်က ကျေးရွာတွင်း တပ်စွဲထားလို့ ကျေးရွာ‌နေ ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးပြီးနောက် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုး သားလွတ်မြောက် ရေးတပ်မတော်-K.N.L.A၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO၊ တပ်မဟာ (၃) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့‌တွေ ညနေ ၆ နာရီခွဲမှ ၇ နာရီကျော်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး ၁၅ လုံး ပစ်ခတ်ခဲ့ရာ အနီးအနားမှာရှိတဲ့ ကျေးရွာတွေသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ဇီးခုံကျေးရွာမှ အရပ်သား ၂ ဦးကို လက်နက်ကြီး ကျည်စ ထိမှန်ခဲ့လို့ နီးစပ်ရာ ဆေးရုံသို့ သွားရောက် ကုသခဲ့ရတယ်လို့ ဖော်ပြပါတယ်။

ဇန်နဝါရီလ ၃၁ ရက် မနက် ၈ နာရီကျော်မှာ စစ်တပ်ရဲ့ ခလရ (၆၀) က လပတ်ကျေးရွာမှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မရမ်းစိမ်လေးကျေးရွာတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦး ကျည်စထိမှန် ဒဏ်ရာရရှိကာ ဝက်တစ်ကောင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသူတွေဟာ အသက် ၁၃ နှစ်ရှိ နော်မူမူနဲ့ အသက် ၅ နှစ်ရှိ နော်ဖော ညီအမ နှစ်ဦးနဲ့ အသက် ၆ နှစ်ရှိ နော်လယ်ဝါး တို့ဖြစ်ပြီး လယ်ဒိုမြို့ ဆေးရုံမှာ ကုသခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလို ပစ်ခတ်မှုကြောင့် လပတ်ကျေးရွာနဲ့ မရမ်းစိမ်လေး ကျေးရွာရှိ လူဦးရေ ၁,၉၀၈ ဦးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ ညနေ ၂ နာရီခွဲမှာ ခလရ (၆၀) မှ တပ်သားတွေက ကျေးရွာရှိ တဲ ၈ လုံးနဲ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ KNU ခလယ်လွီထူခရိုင်၊ မူးမြို့နယ်ရှိ နောက်ထပ် ကျေးရွာ ၆ ရွာဖြစ်တဲ့ မြင်သာယာကျေးရွာ၊ ဝဲကြီးကျေးရွာ၊ ညောင်ပင်ဆိပ်ကျေးရွာ၊ ဗမာမျက်ရဲကျေးရွာ၊ လပတ်ကျေးရွာနဲ့ မရမ်းစိမ်လေးကျေးရွာမှာရှိတဲ့ လူဦးရေ ၅၆,၆၆ ဦး နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-003

#MeKongNews

#KNU

#စစ်ဘေးရှောင်

#လက်နက်ကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။