မြန်မာ့နွေဦး

စစ်တပ် တပ်စွဲပြီး မီးရှို့ခဲ့တဲ့ အလယ်ရှိုရွာက အိမ်ခြေ ၁၀၀ ကျော်မီးလောင်ပြာကျပြီး ဒေသခံ ၉ ဦးအသတ်ခံရ

မဲခေါင် 4 Jan - 2023
စစ်တပ် တပ်စွဲပြီး မီးရှို့ခဲ့တဲ့ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုရွာက အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပြာကျပြီး အသတ်ခံထားရတဲ့ အလောင်း ၉ လောင်းကို ဒီကနေ့ တွေ့ရှိထားတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

လယ်ရှိုကျေးရွာကို ရွှေဘိုလေ့ကျင့်ရေး (၈) နဲ့ ကန့်ဘလူနယ် ဇီးကုန်းသကြားစက်မှ စစ်သားတွေ၊ ရွာခံပျူတွေ စုစုပေါင်း အင်အား ၁၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက် မနက် ၅ နာရီခွဲမှ စတင်ပြီး ဇန်နဝါရီလ ၂ ရက်နေ့ အထိ ၆ ရက်တိတိ ရွာထဲသို့ အကြမ်းဖက် ဝင်ရောက် တပ်စွဲနေခဲ့တာပါ။

အဲဒီလို စစ်ကောင်စီ တပ်စွဲထားတဲ့ ၆ ရက်အတွင်းမှာ အလယ်ရှိုကျေးရွာထဲက အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၉ ဦးကို အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသလို အိမ်ခြေ ၁၀၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသူတွေဟာ ဦးချစ်ခင် အသက် ၆၅ နှစ်၊ ကိုအောင်ကို အသက် ၃၅ နှစ်၊ ကိုဆန်းနိုင် အသက် ၂၁ နှစ်၊ မောင်နေမျိုးအောင် အသက် ၁၇ နှစ်၊ ဦးထွန်းမင်း အသက် ၄၈ နှစ်၊ ကိုကျော်စိုးအောင် အသက် ၄၃၊ ကိုအောင်မြင့်သန်း အသက် ၃၈ နှစ်၊ ဒေါ်ဝင်းဌေး အသက် ၄၅ နှစ်၊ ဒေါ်ချောပို အသက် ၄၈ နှစ် တို့ဖြစ်ပါတယ်။

ဒါ့အပြင် ဆိုင်ကယ်အစီးရေ ၃၀ ကျော်၊ တိရိစ္ဆာန် အကောင်ရေ ၃၀ ကျော်နဲ့ အိမ်ထောင်ပရိဘောဂ များစွာကိုလည်း မီးရှို့ဖျက်ဆီး ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ကျေးရွာ စာသင်ကျောင်းအတွင်း ကတုတ်ကျင်း ဘန်ကာတွေ တည်ဆောက်ထားခဲ့တယ်လို့လည်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ကျေးရွာထဲက ထွက်သွားပေမယ့် ပြန်ဝင်လာမှာကို စိုးရိမ်တာကြောင့် ကျေးရွာနေ ဒေသခံ ပြည်သူ ၄,၀၀၀ ကျော်ဟာ ရွာအတွင်း ပြန်မဝင်ရဲသေးဘဲ တိမ်းရှောင်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ခင်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း ၅၉ ရွာမှ နေအိမ်ပေါင်း ၁,၆၀၀ ခန့် ကို မီးရှို့ဖျက်ဆီးထားပြီး ပြည်သူ ၂၅၀ ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်ဖို့ NUG မှာ တာဝန်ရှိတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ် သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၇ စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်စေဖို့ NUG
မြန်မာ့နွေဦး

ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်မှာ ကျင်းပ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းမှာ ဖေဖော်ဝါရီ ၇
မြန်မာ့နွေဦး

အာဏာသိမ်းကာလ စစ်ရေးပဋိပက္ခများအတွင်း ကရင်နီနှင့် ရှမ်းတောင်တွင် စစ်ဘေးရှောင် ၁၂၈ ဦး အပါအဝင် အရပ်သား ၄၀၀ ကျော် သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၄ စစ်ရေးပဋိပက္ခအပြင်းထန်ဆုံးဒေသတစ်ခုဖြစ်တဲ့ ကရင်နီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အာဏာသိမ်း ၂ နှစ်အတွင်း စစ်ရှောင် ၁၂၈ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့နွေဦး

ယူကေ နိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တရားဝင်တွေ့ဆုံ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ယူကေ နိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မနေ့ ညနေ ၃ နာရီခွဲက လန်ဒန်မြို့ UK
မြန်မာ့နွေဦး

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ ယူကေနိုင်ငံ Labor Party လွှတ်တော်အမတ် Rushanara Ali တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ယူကေနိုင်ငံ Labor Party မှ လွှတ်တော်အမတ် Rushanara Ali တို့ မနေ့က
မြန်မာ့နွေဦး

TNLA က ဂျာယန်ပြည်သူ့စစ်စခန်းကို စီးနင်းပြီး အဓမ္မစစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေအပါအဝင် တအာင်း ၁၂၇ ဦးကို ကယ်ထုတ်

မဲခေါင်၊ ဇန်နဝါရီ ၇ TNLA တပ်ဖွဲ့ အင်အား ၅၀၀ ဟာ ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်းပြီး အဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေ အပါအဝင် တအာင်း-ရူစိင် ၁၂၇ ဦးကို ကယ်ထုတ်ခဲ့တယ်လို့ မနေ့က
မြန်မာ့နွေဦး

လမိုင်းမြို့နယ်ခွဲမှာ ဖမ်းမိတဲ့ ခမရ (၅၄၅) မှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း

မဲခေါင်၊ ဖေဖော်ဝါရီ ၆ မွန်ပြည်နယ်၊‌ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲမှာ ဇန်နဝါရီလ ၄ ရက်နေ့က ဖမ်းဆီးရမိတဲ့ ခမရ (၅၄၅) တပ်ရင်းမှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း ပေးလိုက်တယ်လို့ YGF-
မြန်မာ့နွေဦး

စစ်အာဏာရှင် အမြတ်ပြတ်ဖို့ တစ်ဖွဲ့တည်း ဦးဆောင်နေလို့မရဘူးလို့ KIO ဥက္ကဋ္ဌ သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၆ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ အတွက် တစ်ဖွဲ့တည်းက ဦးဆောင်နေလို့ မရဘူးလို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က သတိပေးလိုက်ပါတယ်။