မြန်မာ့နွေဦး

စစ်တပ်အာဏာသိမ်းပြီးနောက် အင်းလေးကန် ထိန်းသိမ်းသူ မရှိတော့

မဲခေါင် 20 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၀ စစ်တပ်က နိုင်ငံတော် အာဏာကို မတရား သိမ်းယူပြီးနောက် ရှမ်းပြည်နယ် တောင်ပိုင်းရဲ့ အထင်ကရ တစ်ခု ဖြစ်တဲ့ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် ထိန်းသိမ်းရေး လုပ်ငန်းတွေ အားနည်းလာပြီး လုပ်ကိုင်သူ မရှိတော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၀

စစ်တပ်က နိုင်ငံတော် အာဏာကို မတရား သိမ်းယူပြီးနောက် ရှမ်းပြည်နယ် တောင်ပိုင်းရဲ့ အထင်ကရ တစ်ခု ဖြစ်တဲ့ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် ထိန်းသိမ်းရေး လုပ်ငန်းတွေ အားနည်းလာပြီး လုပ်ကိုင်သူ မရှိတော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေထံက သိရပါတယ်။

ကမ္ဘာကျော် အင်းလေးကန်ကို အရင် အစိုးရ လက်ထက်က နှစ်စဉ် ဒါမှမဟုတ် လစဉ် ဗေဒါနဲ့ တိုးချဲ့ရေခြံတွေ ရှင်းလင်းဖယ်ရှားတာ၊ နွေရာသီ ကာလမှာ နှုန်းဆယ်ယူတာတွေ လုပ်ခဲ့ပေမယ့် စစ်တပ်ကတော့ ဘာမှ မလုပ်တော့ဘဲ မျက်ကွယ်ပြုထားတယ်လို့ ဆိုပါတယ်။

“ နှုန်းဆယ်စက်တွေဆို သိန်းပေါင်း သောင်းနဲ့ချီပြီး အကုန်ခံ ဝယ်ထားတာ။ အခုလို ဘာမှမလုပ်တော့ နှမျောစရာတွေ ဖြစ်ကုန်တာပေါ့။ ဒီတိုင်းသာ ဆက်သွားမယ်ဆို အင်းလေးကန်က တဖြည်းဖြည်း စိုးရိမ်စရာ ကောင်းလာပြီ။ ဗေဒါတွေဆိုလည်း လုံးဝမှ မဆယ်တော့တာ” လို့ အင်းလေး အခြေစိုက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

NLD အစိုးရ လက်ထက်က ဗေဒါနဲ့ တိုးချဲ့ရေခြံတွေ ရှင်းလင်း ဖယ်ရှားတာ၊ နွေရာသီ ကာလမှာ နှုန်းဆယ်ယူ တာတွေကို အစိုးရ ရန်ပုံငွေ၊ ဘဏ္ဍာငွေ အပြင် အလှူရှင်တွေ ဝိုင်းဝန်း လှူဒါန်းတာတွေနဲ့ ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဒေသခံတွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အရပ်ဘက် အဖွဲ့အစည်း‌တွေနဲ့ ဒေသခံတွေက စစ်ကောင်စီနဲ့ ပူးပေါင်း လုပ်ဆောင်လိုမှု မရှိတဲ့ အပြင် စစ်ကောင်စီကလည်း ဒေသဖွံ့ဖြိုးရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးထက် အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဖမ်းဆီး သတ်ဖြတ်ဖို့သာ စိတ်ဝင်စားတာကြောင့် အင်းလေးကန် အခြေအနေဟာ စိုးရိမ်စရာ ကောင်းလာနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းလေးကန်မှာ အရင်က ဗေဒါပင်တွေ အနည်းငယ်သာ ရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ် ၃၀ ခန့်မှ စတင်ပြီး တဖြည်းဖြည်း တိုးပွားလာတာကြောင့် NLD အစိုးရ လက်ထက်မှာ နှစ်စဉ် ဖယ်ရှား ရှင်းလင်းတာတွေ ပြုလုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

MK-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ပင်လောင်းနဲ့ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရွာငံ အခြေစိုက် ချိုးဖြူတော်လှန်ရေးအင်အားစုရဲ့ ပုံရိပ်မှတ်တမ်း

မဲခေါင်၊ ဇွန် ၉ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ် မှတ်တမ်းတွေကို ရွာငံ အခြေစိုက်
မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ်
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ