မြန်မာ့နွေဦး

စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းလာပြီး ဘိန်းထုတ်လုပ်မှုမှာ ၃၃ ရာခိုင်နှုန်း မြင့်တက်လာ

မဲခေါင် 25 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၅ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှု အထူးမြင့်တက်လာသလို ဘိန်းထုတ်ကုန် ၃၃ ရာခိုင်နှုန်းအထိ ပြန်မြင့်တက်လာတယ်လို့ ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံးက ထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၅

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှု အထူးမြင့်တက်လာသလို ဘိန်းထုတ်ကုန် ၃၃ ရာခိုင်နှုန်းအထိ ပြန်မြင့်တက်လာတယ်လို့ ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံးက ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ပွဲတွေနဲ့ မငြိမ်မသက်ဖြစ်ရခြင်း၊ ယူကရိန်းစစ်ပွဲကြောင့် ဆီစျေးတက်ခြင်းနဲ့ စီးပွားရေးချွတ်ခြုံကျလာတဲ့အတွက် ဘိန်းစိုက်ပျိုးမှုဘက်ကို ပိုမိုလုပ်ကိုင်လာကြတယ်လို့ ဆိုပါတယ်။

ဘိန်းစိုက်ပျိုးမှုကို ပြန်လည်လုပ်ကိုင်လာရာကနေ ဘိန်းထုတ်ကုန်တွေ ပြန်လည်မြင့်တက်လာတဲ့အခြေအနေကို ဂြိုဟ်တုကောင်းကင်ဓာတ်ပုံတွေ၊ မြေပြင်ကွင်းဆင်းလေ့လာမှုတွေအရ သိရှိနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံးက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း စီးပွားရေးတိုးတက်လာခြင်း၊ အစိုးရနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေပေါင်းပြီး ဘိန်းဆန့်ကျင်ရေး စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ခဲ့လို့ ၂၀၁၃ မှာ ဘိန်းထုတ်လုပ်မှု စံချိန်တင် မက်ထရစ်တန် ၈၇၀ ရှိခဲ့ရာက ၂၀၂၀ မှာ တန် ၄၀၀ အထိ လျှော့ချထုတ်လုပ်နိုင်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် မနှစ်က တန် ၇၉၀ အနည်းဆုံးထုတ်လုပ်ပြီး အများဆုံးအဖြစ် တန် ၁၂၀၀ အထိတောင် ထုတ်လုပ်ခဲ့တယ်လို့ အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဘိန်းထုတ်ရာမှာ ရွှေတြိဂံဒေသက အဓိကထုတ်လုပ်ပြီး ထုတ်ကုန်တွေဟာ ကမ္ဘာမှာ အရည်အသွေး အကောင်းဆုံးအဖြစ် သတ်မှတ်ခံရကာ လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့တွေရဲ့ ဦးဆောင်မှုကနေ ဘိန်းစိုက်ပျိုးမှုနဲ့ ဘိန်းထုတ်ကုန်တွေ ထုတ်လုပ်မှုဟာ လုပ်ကွက်ငယ်လေးတွေကနေ အဆင့်မြင့် လုပ်ကွက်ကြီး၊ စက်ရုံကြီးတွေ အဖြစ်ပါ တည်ရှိလာတယ်လို့ ဆိုပါတယ်။

မြန်မာ အာဏာသိမ်း စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ကြိုက်သလို ဘိန်းစိုက်ခွင့်၊ ဘိန်းထုတ်လုပ်ခွင့်ပေးပြီး NUG အဖွဲ့အစည်းနဲ့ PDF ကိုသာ အဓိက နှိမ်နင်းဖို့ ကြံစည်ခဲ့ခြင်းကလည်း ဘိန်းထုတ်လုပ်မှုကို ပိုမြင့်တက်လာစေတယ်လို့ International Crisis Group မြန်မာနိုင်ငံဆိုင်ရာအကြံပေး ရစ်ချက်ဟော့ဆေးကလည်း သုံးသပ်ပြောကြားသွားပါတယ်။

World Bank ရဲ့ အစီရင်ခံစာမှာ ဒီမိုကရေစီအစိုးရဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် နိုင်ငံစီးပွားရေး မြင့်တက်လာမှုဟာ စစ်အာဏာသိမ်းပြီး ပထမနှစ်မှာပဲ စီးပွားရေးကျဆင်းမှု ၁၈ ရာခိုင်နှုန်းဆီ ရောက်ရှိသွားကြောင်းနဲ့ မြန်မာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာသာ နေထိုင်ရှင်သန်နေကြရတယ်လို့ ဖော်ပြထားပါတယ်။

MKF-001

ဘိန်းစိုက်ပျိုးမှုမြင့်တက်

MilitaryCoupInMyanmar

Ref:theglobeandmail

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။