မြန်မာ့နွေဦး

စစ်တပ်အာဏာသိမ်းပြီးနောက် ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖို့ ထွက်ခွာသွားသူ ၁၀,၀၀၀ နီးပါးအထိရှိ

မဲခေါင် 24 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၄ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာကြောင့် လူငယ်လူရွယ် တွေဟာ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်ကြရာမှာ ဂျပန် နိုင်ငံသို့ အလုပ်လုပ်ဖို့ ထွက်ခွာသူ ၁၀,၀၀၀ နီးပါး ရှိလာတယ်လို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ ထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၄

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာကြောင့် လူငယ်လူရွယ်တွေဟာ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်ကြရာမှာ ဂျပန် နိုင်ငံသို့ အလုပ်လုပ်ဖို့ ထွက်ခွာသူ ၁၀,၀၀၀ နီးပါး ရှိလာတယ်လို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ ထံက သိရပါတယ်။

၂၀၂၀ နိုဝင်ဘာကစပြီး ၂၀၂၁ ဖေဖော်ဝါရီလအထိ ဂျပန်နိုင်ငံကို လုပ်သား ၃,၀၀၀ ခန့်သာ စေလွှတ်နိုင်ခဲ့ပေ မယ့် အခု ၂၀၂၂ ခုနှစ် မတ်လကနေ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ အေဂျင်စီ ၁၀၅ ခုကနေ လုပ်သား ၉,၀၀၀ ကျော် စေလွှတ်နိုင်ခဲ့တယ်လို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

“အလုပ်သင် လုပ်သားတွေကိုတော့ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ စိုက်ပျိုး၊ မွေးမြူရေး၊ စားသောက် ကုန်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းတွေမှာ ခေါ်ယူမှု အများဆုံး ဖြစ်ပြီးတော့ ကျွမ်းကျင် လုပ်သားတွေကိုတော့ လုပ်ငန်း အမျိုးအစား ၁၄ မျိုးရှိတဲ့ အထဲမှာမှ သက်ကြီး ရွယ်အို စောင့်ရှောက်ရေး၊ စားသောက်ကုန်နဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေ အတွက် အများဆုံးခေါ်ယူတယ်” လို့ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ဂျပန်ဘက်က အလုပ်ခေါ်စာ အများစုမှာ JLPT ကို ဦးစားပေး တောင်းနေတာမို့ လူငယ်တွေ ဒုက္ခခံ ဖြေဆိုနေကြတာဖြစ်ပြီး ဂျပန်နိုင်ငံကို အသက် ၃၀ အောက် လူငယ်တွေ အများဆုံး သွားရောက် လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

“ဒီမှာက ဘာမှလုပ်လို့ အဆင်မပြေတော့ဘူး။ တစ်နေ့တစ်ခြား ကုန်ဈေးနှုန်းက ကြီးလာပြီ။ ဂျပန်သွား မရရင်တော့ စင်ကာပူ၊ မလေးရှား အနိမ့်ဆုံး ထိုင်းတော့ ထွက်မယ် စဉ်းစားထားတယ်။ ဂျပန်နိုင်ငံသွား ရောက် အလုပ်လုပ်ကိုင်ဖို့တော့ အခွင့်အလမ်း ပိုများနေတယ်” လို့ ဂျပန်သွားရောက်ဖို့ပြင်ဆင်နေသူ တစ်ဉီး က ပြောပါတယ်။

လကရှိ ဂျပန်နိုင်ငံ အလုပ်သွားရောက် လုပ်ကိုင်သူတွေထဲမှာ အမျိုးသား ၄,၀၀၀ ကျော်နဲ့ အမျိုးသမီး ၅,၀၀၀ ကျော် ရှိ တယ်လို့ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ စာရင်းတွေမှာ ဖော်ပြ ထားပါတယ်။

MK-010

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်ဖို့ NUG မှာ တာဝန်ရှိတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ် သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၇ စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်စေဖို့ NUG
မြန်မာ့နွေဦး

ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်မှာ ကျင်းပ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းမှာ ဖေဖော်ဝါရီ ၇
မြန်မာ့နွေဦး

အာဏာသိမ်းကာလ စစ်ရေးပဋိပက္ခများအတွင်း ကရင်နီနှင့် ရှမ်းတောင်တွင် စစ်ဘေးရှောင် ၁၂၈ ဦး အပါအဝင် အရပ်သား ၄၀၀ ကျော် သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၄ စစ်ရေးပဋိပက္ခအပြင်းထန်ဆုံးဒေသတစ်ခုဖြစ်တဲ့ ကရင်နီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အာဏာသိမ်း ၂ နှစ်အတွင်း စစ်ရှောင် ၁၂၈ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့နွေဦး

ယူကေ နိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တရားဝင်တွေ့ဆုံ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ယူကေ နိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မနေ့ ညနေ ၃ နာရီခွဲက လန်ဒန်မြို့ UK
မြန်မာ့နွေဦး

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ ယူကေနိုင်ငံ Labor Party လွှတ်တော်အမတ် Rushanara Ali တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ယူကေနိုင်ငံ Labor Party မှ လွှတ်တော်အမတ် Rushanara Ali တို့ မနေ့က
မြန်မာ့နွေဦး

TNLA က ဂျာယန်ပြည်သူ့စစ်စခန်းကို စီးနင်းပြီး အဓမ္မစစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေအပါအဝင် တအာင်း ၁၂၇ ဦးကို ကယ်ထုတ်

မဲခေါင်၊ ဇန်နဝါရီ ၇ TNLA တပ်ဖွဲ့ အင်အား ၅၀၀ ဟာ ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်းပြီး အဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေ အပါအဝင် တအာင်း-ရူစိင် ၁၂၇ ဦးကို ကယ်ထုတ်ခဲ့တယ်လို့ မနေ့က
မြန်မာ့နွေဦး

လမိုင်းမြို့နယ်ခွဲမှာ ဖမ်းမိတဲ့ ခမရ (၅၄၅) မှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း

မဲခေါင်၊ ဖေဖော်ဝါရီ ၆ မွန်ပြည်နယ်၊‌ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲမှာ ဇန်နဝါရီလ ၄ ရက်နေ့က ဖမ်းဆီးရမိတဲ့ ခမရ (၅၄၅) တပ်ရင်းမှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း ပေးလိုက်တယ်လို့ YGF-
မြန်မာ့နွေဦး

စစ်အာဏာရှင် အမြတ်ပြတ်ဖို့ တစ်ဖွဲ့တည်း ဦးဆောင်နေလို့မရဘူးလို့ KIO ဥက္ကဋ္ဌ သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၆ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ အတွက် တစ်ဖွဲ့တည်းက ဦးဆောင်နေလို့ မရဘူးလို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က သတိပေးလိုက်ပါတယ်။