ဒေသတွင်းသတင်း

စစ်တပ်ဖမ်းတာခံရတဲ့ တာချီလိတ်အွန်လိုင်းလောင်းကစားလုပ်ငန်း တလ ဘတ်သိန်းနဲ့ချီပြီး ရဲကို လိုင်းကြေးပေးထားရ

မဲခေါင် 25 Feb - 2024
တာချီလိတ်မြို့က လူပေါင်း ၇၀၀ နီးပါးဖမ်းဆီးခံရတဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းဖမ်းဆီးခံရမှုမှာ လောင်းကစားရုံတာဝန်ခံတွေက တာချီလိတ်မြို့နယ်နဲ့ ခရိုင်က ရဲတွေကို တလဘတ်သိန်းနဲ့ချီပြီး လိုင်ကြေးပေးထားရတယ်လို့ လောင်းကစားရုံတာဝန်ခံနဲ့ နီးစပ်သူတွေက မဲခေါင်ကို ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၅

တာချီလိတ်မြို့က လူပေါင်း ၇၀၀ နီးပါးဖမ်းဆီးခံရတဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းဖမ်းဆီးခံရမှုမှာ လောင်းကစားရုံတာဝန်ခံတွေက တာချီလိတ်မြို့နယ်နဲ့ ခရိုင်က ရဲတွေကို တလဘတ်သိန်းနဲ့ချီပြီး လိုင်ကြေးပေးထားရတယ်လို့ လောင်းကစားရုံတာဝန်ခံနဲ့ နီးစပ်သူတွေက မဲခေါင်ကို ပြောပါတယ်။

အဓိကလိုင်ကြေးကို တာချီလိတ် ဒနတပ်ဖွဲ့ခေါင်းဆောင် ရဲအုပ်ကိုကိုဦးက လက်ခံရယူပြီး တခြားအဖွဲ့တွေကိုလည်းပေးရတယ်လို့ လောင်းကစားရုံတာဝန်ခံနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။

“ဒနခေါင်းဆောင် ရဲအုပ်ကိုကိုဦးက အွန်လိုင်းဂိမ်းနဲ့ ကျားဖြန့်ကုမ္ပဏီကြီးတွေ ဆီကနေ လစဉ်ကြေးယူထားတယ်။ သူက တာချီလိတ်ခရိုင်ရဲက ရဲအုပ်လေ၊ ကျွန်တော်တို့ကတော့လကုန်ပြီဆို ခရိုင်ရုံးကိုသွားပြီး လိုင်းကြေးသွားပေးရတယ်။ အခုလဲစစ်တပ်က Online Game တွေ ဝင်ဖမ်းတယ် ဘာမှလဲ တာဝန်ယူပြီးမရှင်းပေးဘူး” လို့ သူက ပြောပါတယ်။

လိုင်းကြေးအနေနဲ့ တာချီလိတ်ရဲတွေကို ဘတ်သိန်းနဲ့ချီပေးရပြီး ပေးရတဲ့ပမာဏကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ မဲခေါင်သတင်းဌာနက စုံစမ်းရရှိတဲ့ အချက်အလက်တွေအရ အွန်လိုင်းလောင်းကစားနဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ တလကို ဘတ် ၁သိန်းခွဲကနေ ၄သိန်းအထိ တာချီလိတ်ရဲတွေကို ပေးရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၃ရက် ညသန်းခေါင်ကျော်က တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်ထဲက အွန်လိုင်းလောင်းကစားလုပ်ငန်းတစ်ခု စစ်တပ်ကဝင်ဖမ်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသား ၅၄၀ဦး၊ ထိုင်းနိုင်ငံသား ၁၄၈ ဦးနဲ့ တရုတ်နိုင်ငံသား ၁ဦး စုစုပေါင်း ၆၈၉ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်ကွန်ပျူတာ ၄၀၀ လုံး၊ မီးခံသေတ္တာ မဖွင့်ရသေး ၁၀ လုံး၊ ဖုန်းမျိုးစုံ ၂၇၀ လုံး၊ ကားမျိုးစုံ ၃၀ စီးနဲ့ ဆိုင်ကယ်မျိုးစုံ ၁၇၀ စီးကိုလည်း စစ်တပ်က သိမ်းဆည်းသွားပါတယ်။

ဒီလိုဝင်ရောက်ဖမ်းဆီးတာကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဒေသခံရဲတွေ သိတောင်မသိလိုက်ဘူးလို့ ဆိုပါတယ်။

တာချီလိတ်မြို့မှာ အွန်လိုင်းလောင်းကစားလုပ်ငန်းနဲ့ ကျားဖြန့်လုပ်ငန်းတွေ အများအပြားရှိပေမယ့် တစ်ခုထဲကိုသာ ကွက်ဖမ်းတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။

MK – 004

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီမြို့ပေါ် အမျိုးသမီးတပ်တွေအပါ KNLA၊ KNA၊ DKBA နဲ့ PDF ပူးပေါင်းတပ်တွေ ကင်းလှည့်

မြ၀တီမြို့ပေါ် KNLA၊ KNA၊ DKBA နဲ့ PDF တပ်တွေ ကင်းလှည့်နေပြီး ဘတ်တံဆိပ်ပေါင်းစုံနဲ့ ကင်းလှည့်နေတဲ့ အဖွဲ့တွေထဲမှာ မိန်းကလေး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နေပြည်တော် အေလာလေတပ်စခန်း ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်ခံရပြန်

နေပြည်တော် အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ဒီနေ့ မနက်အစောပိုင်းက အောင်မြင်စွာတိုက်ခိုက်ခဲ့တယ်လို့ Mountain Knights-

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားကန့် နန့်ယားစစ်ကောင်စီစခန်း အလံဖြူထောင်

စစ်ကောင်စီတပ်နဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ အားလုံ အလံဖြူထောင် လက်နက်ချပြီး ထွက်ပြေးသွားကြောင်း KIA ရှေ့တန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

အင်းလေးရေပေါ်သင်္ကြန် ပြည်သူ့စစ်က လုံခြုံရေး ယူပေးမယ်

အင်းလေးရေလည်ခန်းမမှာ ကျင်းပမယ့် အင်းလေးရေပေါ်သင်္ကြန်ကို ပအိုဝ်းပြည်သူ့စစ် (PNA)က လုံခြုံရေး ယူပေးမယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ ဝန်ကြီးချုပ်လာမှာမို့ ဟိုပုံးမြို့မဈေးကြီးကို ပိတ်ခိုင်း

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့က သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ လူမစည်မှာစိုးလို့ ဟိုပုံးမြို့မစျေးကြီးကို ဖွင့်ပွဲ နေ့မှာ ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြဝတီက စစ်ကောင်စီနောက်ဆုံးစခန်း ခလရ-၂၇၅ ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်၊ လက်နက်အများအပြား သိမ်းမိတယ်လို့ KNU ထုတ်ပြန်

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ နောက်ဆုံးကျန်တဲ့ ခလရ-၂၇၅ စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ပူးပေါင်းအဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KNU က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မိုင်းတုံမှာ လေပြင်းတိုက်လို့ စေတီတစ်ဆူထီးတော်ပြုတ်ကျ၊ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေ

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့မှာ မနေ့ ညပိုင်းက မိုးရွာလေပြင်းတိုက်လို့ စေတီထီးတော်ပြုတ်ကျပြီး အိမ်အချို့ သွပ်မိုးများလန်ကာ၊ ဆက်သွယ်ရေး တိုင်တွေပြိုလဲလို့ လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းနောင်နဲ့ ကျေးသီးမြို့နယ်မှာ စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ်သုံးသောင်း SSPP လစဥ်ကောက်ခံ

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က စစ်မှုမထမ်းရသူတွေကို တစ်အိမ်ကျပ် ၃ သောင်း လစဥ်ပေးဆောင်ရမယ်လို့ ကောက်ခံနေကြောင်း မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now