မြန်မာ့နွေဦး

စစ်တပ်ပစ်ခတ်မှုကြောင့် စစ်ကိုင်းမှာ အမျိုးသမီးတစ်ဦး နှလုံးရပ်သေဆုံး

မဲခေါင် 31 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၃၁ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ကနေ နေရပ်ကနီမြို့နယ်ကိုရေကြောင်းနဲ့ ပြန်လာတဲ့ မိသားစုတစ်စုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာကြောင့် စက်လှေပေါ်ပါ အမျိုးသမီးတစ်ဦး နှလုံးရပ်ပြီးသေဆုံးခဲ့တယ်လို့ ယင်းမာပင် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ကနေ နေရပ် ကနီမြို့နယ်ကို ရေကြောင်းနဲ့ ပြန်လာတဲ့ မိသားစုတစ်စုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာကြောင့် စက်လှေပေါ်ပါ အမျိုးသမီးတစ်ဦး နှလုံးရပ်ပြီးသေဆုံးခဲ့တယ်လို့ ယင်းမာပင် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။

ဇန်နဝါရီ ၃၀ ရက် နံနက် ၈ နာရီခန့်က ယင်းမာပင်ကနေ ကနီမြို့နယ်ကို ရေကြောင်းနဲ့ အထက်ကို ဆန်တက်လာတဲ့ စက်လှေတစ်စင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရာ စက်လှေပေါ်ပါ မမာမာဝင်းဆိုသူ နှလုံးရပ်သေဆုံးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ့နောက် စစ်တပ်ဘက်က သူတို့တပ်စွဲနေထိုင်ရာ သပြေတောကျေးရွာကို ပစ်ခတ်ခံရတဲ့ မိသားစုကိုခေါ်သွားခဲ့ပြီး အထက်သို့ဆန်မတက်စေဘဲ လာရာကိုစေခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အမျိုးသမီးဟာ နှလုံးရောဂါရှိသူဖြစ်ပြီး သေဆုံးသူအမျိုးသမီးကို ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ သင်္ဂြိုလ်ခဲ့ရတယ်လို့ ယင်းမာပင်သတင်းမှန်က ထုတ်ပြန်ထားပါတယ်။

#MeKongNews

#စစ်ကောင်စီ

#ယင်းမာပင်

#နှလုံးရပ်သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။