မြန်မာ့နွေဦး

စစ်တပ်နဲ့ MDY PDF နောင်ချိုမှာ တစ်ပတ်ကြာတိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံသောင်းနဲ့ချီ ထွက်ပြေးနေရ

မဲခေါင် 11 Apr - 2023
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ ဧပြီလ ၅ ရက်ကနေ ဒီနေ့ ဧပြီလ ၁၁ ရက်အထိ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY PDF တို့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေသောင်းနဲ့ချီကာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ MDY PDF ထံကနေ သိရပါတယ်။ 

မဲခေါင်၊ ဧပြီ ၁၁ 

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ ဧပြီလ ၅ ရက်ကနေ ဒီနေ့ ဧပြီလ ၁၁ ရက်အထိ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) – MDY PDF တို့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေသောင်းနဲ့ချီကာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ MDY PDF ထံကနေ သိရပါတယ်။ 

နောင်ချိုမှာ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်တည်းကစစ်တပ်စခန်းကုန်းကို ၀င်စီးရာက စစ်ကောင်စီ နဲ့ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာလို့ ပြောရေးဆိုခွင့်ရှိသူ အော်စမွန်က မဲခေါင်ပြောပါတယ်။

“တိုက်ပွဲကတော့ ဧပြီလ ၅ ရက်နေ့က စဖြစ်တာပေါ့နော်။ ဘ‌ယ်လို့စတင်ဖြစ်ပွားခဲ့လဲဆိုတော့ နောင်ချိုမြို့နယ် သံဘိုကျေးရွာမှာရှိတဲ့ စကစ စခန်းကုန်းကို ကျွန်တော်တို့ဘက်ကစပြီး ထိုးစစ်ပြုလုပ်ခဲ့တာပါ။ ဒါ့ကြောင့် ကျည်စပေါက်တာ” လို့သူက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေလို့ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

“စကစဘက်က ပစ်တဲ့ လက်နက်ကြီးကြောင့် သံဘိုရွာက ကလေးငယ် ၂ဦး သေဆုံးပြီး ရွာသူရွာသား ၃ ဦး ဒဏ်ရာရခဲ့တာရှိပါတယ်။ ၁၀ ရက်နေ့ တစ်ရက်တည်း ၅ကြိမ် လာကြဲပါတယ်။ ည ၁၂ ထိုးခါနီးထိကို ကြဲတုန်း ၁၁ ရက် နေ့မှာလဲ တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှု ရှိခဲ့ပါတယ်။ ၁၀ ရက်နေ့ လုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုမှာလည်း ဟိုခဲကျေးရွာ ဘုန်းကြီးကျောင်းနား ကျရောက်ခဲ့တဲ့အတွက် ပြည်သူတွေ ထိခိုက်မှုရှိခဲ့တယ်လို့တော့ သိထားရပါတယ်။ အိုးအိမ်ပျက်စီးမှုကတော့ တော်တော်များတယ်”လို့ ကိုအော်စမွန် ကဆိုပါတယ်။

ဒါ့အပြင်လက်ရှိမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်သလို  နောင်ချိုမြို့နယ် အနှံ့မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကိုအော်စမွန် ကပြောပါတယ်။

MK-007

#MeKongNews 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု