အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့အထိ ဖြစ်တယ်လို့ သိရပါတယ်။

အသတ်ခံရသူ ပြည်သူ ၂,၆၈၈ ဦးထဲမှ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူ ၈၄၁ ဦးရှိကာ ၃၁ ဒသမ ၅ ရာခိုင်းနှုန်း ဖြစ်ပါတယ်။
အသတ်ခံရသူတွေ အနက် အမျိုးသမီး ၃၂၈ ဦး ပါဝင်ပြီး ၁၂ ဒသမ ၂ ရာခိုင်နှုန်းရှိကာ ကလေး ၂၇၄ ဦး အသတ်ခံရပြီး ၁၀ ဒသမ ၃ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ၁၆,၇၄၀ ဦးထဲမှာ ပြန်လည်လွတ်မြောက်လာသူတွေ ရှိပေမယ့် ၁၃,၂၁၇ ဦးဟာ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။
အဲဒီလို ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးဦးရေဟာ ၂၀ ရာခိုင်နှုန်း ပါဝင်ခဲ့ပြီး ၃,၄၅၅ ဦးရှိကာ အသက်မပြည့်သေးတဲ့ ကလေး စုစုပေါင်း ၄၈၂ ဦး အဖမ်းခံထားရပါတယ်။
ဖမ်းဆီး သတ်ဖြတ်ခံရသူ ဦးရေ အများဆုံးဟာ စစ်ကိုင်းတိုင်းမှဖြစ်ပြီး မကွေး၊ မန္တလေးနဲ့ ရန်ကုန်တိုင်း တို့ကလည်း သတ်ဖြတ်ခံရသူများတဲ့ ဒေသတွေဖြစ်တာကိုလည်း AAPP ရဲ့ စာရင်းမှာ တွေ့ရပါတယ်။