မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင် 3 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၃

ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ မနက် ၁၁ နာရီမှာ စစ်ကောင်စီက လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာ‌တွေ လာရောက်ပို့ဆောင်စဉ် အခြား ဂျက်တိုက်လေယာဉ် ၂ စီးမှ ပြည်သူတွေ နေထိုင်ရာ နားမိုး-ဆောဘွဲဒဲဒေသမှာ ဗုံးသီး ၂ လုံးကြဲချခဲ့သလို ဘောကော်ဒဲ ဒေသတွင်းရှိ အများပြည်သူ‌တွေ လုပ်ကိုင်စားသောက်ရာ လယ်ယာ၊ ဉယဉ်ခြံမြေ‌တွေ အတွင်းသို့ ဗုံးသီး ၂ လုံး တပြိုင်တည်း ကြဲချခဲ့တာပါ။

အဲဒီနေ့ မွန်းလွဲ ၂ နာရီ ၄ မိနစ်မှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာ သယ်ယူပို့ဆောင်ရေး လေယာဉ် ၃ စီး ကဟီးကျိုးစခန်း အတွက် စားနပ်ရိက္ခာ လာရောက်ပို့ဆောင်ရာမှာ တစ်စီးက ရိက္ခာတွေ ကြဲချပြီး ကျန် ၂ စီးက နားမိုး-ဆောဘွဲဒဲဒေသနဲ့ ဘောကော်ဒဲဒေသရှိ လယ်ယာ၊ ဉယာဉ်ခြံမြေတွေ အတွင်းသို့ ဗုံး ၄ လုံး ထပ်မံ ကြဲချခဲ့ပေမယ့် ပြည်သူ ထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ သိရပါတယ်။

တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ အတွင်းမှာ စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်တွေကို လေကြောင်းမှ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေရာ ဇန်နဝါရီလအတွင်း ပြည်သူ ၅ ဦးနဲ့အထက် သေဆုံးမှု ၂ ကြိမ် ရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၁၂ ရက်က မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးအုပ်စု လေးဝါးရွာအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ် ၄ စီးနဲ့ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဓမ္မဆရာတွေနဲ့ ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြားပြည်သူ ၅ ဦးနဲ့ ကျွဲ၊ နွားတွေ ထိခိုက်ဒဏ်ရာရရှိကာ ဘုရားကျောင်း ၃ ကျောင်း၊ စာသင်ကျောင်း ၂ ကျောင်းနဲ့ နေအိမ် ၂၁ လုံးတို့ ထိမှန်ပျက်စီးခဲ့ပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီက ဘူးသို့မြို့နယ်ရှိ လာဂေါ်ဒန်းကျေးရွာကို တိုက်လေယာဉ်တွေနဲ့ ဗုံး ၆ လုံးကြဲချခဲ့ရာ သားမိ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

အလားတူ ဇန်နဝါရီ ၇ ရက်နေ့က ဒွဲ့လိုးမြို့နယ်မှာ နေရာ ၇ နေရာကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ရွှေတူးဖော်နေတဲ့ လုပ်ငန်းရှင် မိသားစုနဲ့ အလုပ်သမား စုစုပေါင်း ပြည်သူ ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ- ဇန်နဝါရီလ ၁၂ ရက်က တိုက်လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် လူသောမြို့နယ်၊‌ ပေးကေးအုပ်စု လေးဝါးရွာမှ နေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့တာကို တွေ့ရစဉ်။

MK-003

#MeKongNews

#ဗုံးသီး

#တပ်မဟာ(၅)

#တိုက်လေယာဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက