မြန်မာ့နွေဦး

စစ်တပ်က ဖမ်းဆီးထားတဲ့ မန္တလေး သံဃသမဂ္ဂက ဆရာတော် ၂ ပါး အဆက်အသွယ်ပြတ်နေ

မဲခေါင် 20 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၀ မန္တလေးမြို့မှာ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ သံဃသမဂ္ဂ-မန္တလေး ဦးဆောင် ဆရာတော် ၂ ပါးရဲ့ သတင်း မကြားရတော့ဘဲ အဆက်အသွယ် ပြတ်နေတယ်လို့ သံဃသမဂ္ဂ (မန္တလေး) က မ‌နေ့က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၀

မန္တလေးမြို့မှာ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ သံဃသမဂ္ဂ-မန္တလေး ဦးဆောင် ဆရာတော် ၂ ပါးရဲ့ သတင်း မကြားရတော့ဘဲ အဆက်အသွယ် ပြတ်နေတယ်လို့ သံဃသမဂ္ဂ (မန္တလေး) က မ‌နေ့က ထုတ်ပြန်ပါတယ်။

ဆရာတော် ၂ ပါး ဖမ်းဆီးခံရချိန်မှာစပြီး ဒီကနေ့အထိ ဘာသတင်း စကားမှ လုံးဝ မကြားသိရဘဲ အသက်အန္တရာယ် စိုးရိမ်တဲ့ အကြောင်း သံဃသမဂ္ဂ (မန္တလေး) က ထုတ်ပြန်ထားတာပါ။

ဖမ်းဆီးခံ ဆရာတော်တွေထဲက သံဃသမဂ္ဂ (မန္တလေး) ဦးဆောင် ဆရာတော် အရှင်စန္ဒိမာ ကတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ကတည်းက မြို့တွင်း တနေရာမှာ ဖမ်းဆီးခံရပြီး အဆက်သွယ်ပြတ်နေတာ ၁၀ လခန့်ရှိပြီးလို့ သိရပါတယ်။

အလားတူ သံဃသမဂ္ဂ (မန္တလေး) အဖွဲ့က အရှင်အာစာရ ကိုလည်း ကုသိုလ်တော်ဘုရား အနီးမှာ စစ်ကောင်စီတပ်တွေက ဒီလ ၃ ရက်နေ့ က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ အချိန်အထိ အရှင်စန္ဒိမာနဲ့ အရှင်အာစာရ ၂ ပါးစလုံး ကျန်းမာရေး အထူး ကောင်းမွန်လျက်ရှိပြီး ဒဏ်ရာ အနာတရ ကင်းစင်သူတွေ ဖြစ်တယ်လို့ သံဃသမဂ္ဂ (မန္တလေး) က အသိပေးထားပါတယ်။

အဲဒီဆရာတော် ၂ ပါးရဲ့ အန္တရာယ် တစုံတရာ ဖြစ်ပေါ်ခဲ့ပါက မတရားသဖြင့် ဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ တာဝန်သာ ဖြစ်တယ်လို့ သံဃသမဂ္ဂ(မန္တလေး) က ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့မှာ စစ်အုပ်စုက အာဏသိမ်းမှု ဆန့်ကျင်သူတွေကို မတရား ဖမ်းဆီးပြီး နန်းတွင်း စစ်ကြောရေးကို အရင်ဆုံး ပို့ဆောင်လေ့ ရှိတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီး ကတည်းက သပိတ်လှုပ်ရှားမှုတွေ အားကောင်းခဲ့တဲ့ မန္တလေးမြို့မှာတော့ သပိတ် စစ်ကြောင်းတွေကို ကားတိုက်ဖြိုခွင်းတာ၊ သံဃာ‌တော်တွေကို လူဝတ်လဲ ဖမ်းဆီးတာတွေနဲ့ သပိတ်မှာ ပါဝင်တဲ့ လူငယ်တွေကို ဖမ်းဆီးတာတွေကို စစ်တပ်က ဆက်တိုက် ဆိုသလို လုပ်ခဲ့ပါတယ်။

သံဃာသမဂ္ဂ (မန္တလေး) က ဦးဆောင် ဆရာတော်တွေလည်း မကြာခဏ အဖမ်းခံရလေ့ရှိပြီး စစ်တပ်ဘက်က နှိပ်စက်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ပင်လောင်းနဲ့ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရွာငံ အခြေစိုက် ချိုးဖြူတော်လှန်ရေးအင်အားစုရဲ့ ပုံရိပ်မှတ်တမ်း

မဲခေါင်၊ ဇွန် ၉ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ် မှတ်တမ်းတွေကို ရွာငံ အခြေစိုက်
မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ်
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ