မြန်မာ့နွေဦး

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ကြိုးစားခဲ့တဲ့ ကြည်ရွာနဲ့ ဘုရားထွက်ရွာကို စစ်တပ်က မီးရှို့မှု အိမ်ခြေ ၇၀၀ ကျော် ပြာကျ

မဲခေါင် 28 Dec - 2022
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ဖူးတဲ့ ကြည်ရွာ အပါအဝင် ဘုရားထွက်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ ၂ ရက်ဆက်တိုက် မီးရှို့နေတာကြောင့် အိမ်ခြေ ၇၀၀ ကျော် မီးလောင်ပြာကျထားတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက် ညနေ ၅ နာရီ ဝန်းကျင်မှာ ဒီပဲယင်းမြို့ပေါ်က ထွက်လာတဲ့ ခလရ (၇၀၁) တပ်ရင်းမှ အင်အား ၅၀ ကျော်ပါတဲ့ တပ်ဖွဲ့က ကြည်ရွာနဲ့ ဘုရားထွက်ကျေးရွာတွေထဲ ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက်နေ့မှာလည်း စစ်တပ်က ဆက်လက် မီးရှို့ခဲ့တာကြောင့် ၂ ရက်အတွင်း ကြည်ရွာက အိမ်ခြေ ၃၀၀ ဝန်းကျင် ဆုံးရှုံးခဲ့ရပြီး ဘုရားထွက်ရွာ ကတော့ အိမ်ခြေ ၄၀၀ ဝန်းကျင် မီးလောင် ဆုံးရှုံးခဲ့ရတာကြောင့် ၁၅ အိမ်ခန့်သာ ကျန်ရှိပြီး ရွာလုံးကျွတ်နီးပါး မီးလောင် ပြာကျ ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတဲ့ အပြင် ပြည်သူတွေ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာ ဆန်၊ စပါးနဲ့ အခြား အသုံးအဆောင် ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က မကျည်းစောက်ရွာကို မီးတင်ရှို့နေရာ ပျက်စီး ဆုံးရှုံးမှု အခြေနေကိုတော့ အခုထိ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက် ည ၈ နာရီ ဝန်းကျင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေရဲ့ စည်းရုံးရေး ယာဉ်တန်းဟာ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာ အရောက်မှာ စစ်အုပ်စုရဲ့ လက်ပါးစေ စွမ်းအားရှင် အမည်ခံ လူ ၅,၀၀၀ နီးပါးရဲ့ လုပ်ကြံ သတ်ဖြတ်မှုကို ခံခဲ့ရတာကြောင့် လိုက်ပါလာတဲ့ NLD ပါတီဝင် ၇၀ အပါအဝင် ကြည်ရွာနဲ့ အနီးနားက ရွာသူရွာသား ၂၀၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလ အတွင်းမှာ ဒီပဲယင်းမြို့နယ် ကျေးရွာ ၂၂ ရွာက အိမ်ခြေ ၃,၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီပဲယင်းမြို့နယ်က အိမ်ခြေ ၄,၀၀၀ ကျော် မီးလောင် ပြာကျ ခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုး ရပ်ကွက် ‌၅ က ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကို MNDAA နဲ့ပူးပေါင်းတပ်ဖွဲ့က စီးနင်းသိမ်းပိုက်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး ရပ်ကွက် ‌၅ က ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကို ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်မှာ ဆန်ဈေး မြင့်တက်ပြီး ရှားပါးနေတာကြောင့် ဆန်အလှူရှင်တွေကို အားကိုးနေရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဆန်ဈေး အဆမတန် မြင့်တက်ပြီး ဆန်ပြတ်လပ်နေတာကြောင့် နေ့စဉ် ဆန်အခက်အခဲ ဖြစ်နေပြီး ဆန်အလှူရှင်တွေကို အားကိုးနေရတယ်လို့ မြို့ခံတွေက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီကို ချတဲ့ စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် ပြည်သူ ၇ ဦး အနည်းဆုံးသေဆုံးရာတွင် SNLD တွဲဖက်အတွင်းရေးမှူးပါဝင်

ရှမ်းမြောက်၊ သိန္နီမြို့ကို ချတဲ့ စစ်ကောင်စီရဲ့ဗုံးဒဏ်ကြောင့် ပြည်သူ ၇ ဦး အနည်းဆုံးသေဆုံးရတဲ့ အထဲမှာ သိန္နီမြို့နယ် SNLD ရဲ့ စည်းရုံးရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူး ပါဝင်တယ်လို့ ကျားခေါင်းပါတီ(SNLD) ပါတီဝင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမြို့အဝင် စည်ပင် ‌နယ်နိမိတ်အထိ တိုက်ပွဲ ပြင်းထန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ‌MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဘက်က ၄ ရက်ကြာ စစ်ဆင်ရေး နား‌ပြီးနောက် ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက မြို့အဝင် စည်ပင် ‌နယ်နိမိတ်အထိ တိုက်ပွဲ ပြင်းထန်လာနေပြီဖြစ်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီး – တာချီလိတ်လမ်းတစ်လျှောက်မှာ တစ်လခွဲကျော်ကြာတဲ့အထိ ကားလမ်းပိတ်နေ

ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ကြီး-တာချီလိတ် လမ်းမကြီး တစ်လျှောက်က မိုင်းပျင်းတောင် လမ်းပိတ်မှုက ဇွန်လ ပထမပါတ်ကတည်းကနေ ယခု ဇူလိုင် လလယ်အထိ တစ်လခွဲကျော်ကြာ ခရီးလမ်းနှောင့်နှေး ကြန့်ကြာမှုတွေ ကြုံနေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်တိုင်းမှာ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက “ဦးအောင်ဆန်းရေ.. အာဏာရှင်တစုကြောင့် လူထုမျက်ရည်ကျနေရပြီ”ဆိုတဲ့ ခေါင်းစဉ်နဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike)က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ နှစ်ဘက် စစ်ရှိန်မြင့်လာလို့ တိုက်ပွဲတွေပြင်းထန်နေ

ရှမ်းမြောက်၊ လားရှိုးမှာ စစ်ကောင်စီတပ်နဲ့ MNDAA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ယနေ့ဇူလိုင်လ ၁၉ ရက် မနက် ၂းဝ၅ နာရီအချိန်က စပြီး နှစ်ဖက် စစ်ရှိန်မြင့်လာလို့ တိုက်ပွဲတွေ ပြင်းထန်လာနေတာ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေး ၁၀၀၉ IPDF အပတ်စဉ်-၈ သင်တန်းဆင်း အရန်အင်အားလုံလောက်ပြီလို့ ဆို

ရှမ်းတောင်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ်-၁၀၀၉ IPDF တပ်ရင်းရဲ့ အပတ်စဉ်-၉ အခြေခံစစ်သင်တန်းဆင်းပွဲကို ညောင်ရွှေမြို့နယ် တစ်နေရာမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now