မြန်မာ့နွေဦး

စစ်တပ်က တာတိုင်ရွာ ဓားစာခံ ၁၅ ဦး ရက်ရက်စက်စက် သတ်ဖြတ်မှုကျူးလွန်

မဲခေါင် 3 Mar - 2023
မဲခေါင်၊ မတ် ၃ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာကို စီးနင်း ဝင်ရောက်တဲ့ စစ်ကောင်စီတပ်တွေဟာ ရွာက ပြန်ထွက်စဉ် ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ ပကဖ ရဲဘော် တစ်ဦးနဲ့ ပြည်သူ ၁၄ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မဲခေါင်၊ မတ် ၃

စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာကို စီးနင်း ဝင်ရောက်တဲ့ စစ်ကောင်စီတပ်တွေဟာ ရွာက ပြန်ထွက်စဉ် ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ ပကဖ ရဲဘော် တစ်ဦးနဲ့ ပြည်သူ ၁၄ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှာ အထိုင်ချတဲ့ စစ်ကောင်စီတပ် အင်အား ၈၀ ဝန်းကျင်က ဧရာဝတီ မြစ်ကြောင်းမှ တာတိုင်ကျေးရွာကို မတ်လ ၁ ရက်နေ့က ဝင်ရောက်ခဲ့ပြီး မနေ့က မနက် ပြန်အထွက်မှာ ရွာသား ၁၈ ဦးကို ဖမ်းသွားတာ ဖြစ်ပါတယ်။

သတ်ဖြတ်ခံရသူတွေထဲမှာ ကိုကျော်ကျော်-၃၄ နှစ်၊ ကိုထွန်းထွန်း- ၃၅ နှစ်၊ ကိုကျော်စိုး- ၃၅ နှစ်၊ ကိုငလင်း-၄၅ နှစ်နဲ့ ကိုစိုးနိုင်-၄၇ နှစ်ကိုတော့ အတည်ပြုနိုင်ပြီး မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာ မရောက်ခင် သရက်ခြံထဲမှာ သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။

“ဓားစာခံတွေကိုတော့ သူတို့နဲ့အတူ ခေါ်သွားရင်း လမ်းမှာ သတ်ထားခဲ့တာ။ တနေရာတည်းမှာတော့ မဟုတ်ဘူးဗျ။ သေနတ်နဲ့ ခေါင်းတွေကို တေ့ပစ်သွားတာ။ ကျွန်တော်တို့ ဒီနေ့ ညနေပိုင်းမှာမှ DB (အလောင်း) တွေကို သယ်လာပြီး သင်္ဂြိုဟ်ခဲ့ရတာ” လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

အသတ်ခံရသူတွေဟာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁၁ ဦးဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေထဲက တစ်ဦး လွတ်မြောက်လာကာ ကျန် ၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တာတိုင်ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် မိုက်ကယ်(ခ) ကိုကျော်ဇော ကိုလည်း သတ်ဖြတ်ပြီး ခြေ၊ လက်၊ ခေါင်းတွေကို အပိုင်းပိုင်း ဖြတ်တောက်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

တာတိုင်ရွာမှာ အိမ်ခြေ ၇၈ လုံး၊ လူဦးရေ ၃၅၀ ဝန်းကျင် နေထိုင်ကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်က မီးရှို့တာ ခံခဲ့ရသေးတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

“ပထမတခါ ဝင်တာက အိမ်တွေမီးရှို့တာ ရွာတခြမ်းကျော် ပါသွားတယ်။ အိမ်မီးရှို့ခံရတဲ့ သူတွေက နေစရာမရှိ။ အိမ်ရှိတဲ့ သူတွေကျ အသတ်ခံရ၊ အဲ့လိုမျိုးတွေ ဖြစ်နေတာ” လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

လက်ရှိ တာတိုင်ရွာ အပါအဝင် ပန်းချီ၊ မြင်းဆည်၊ ထားဝယ်တဲ၊ ဥယျဉ် စတဲ့ ရွာက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီး သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ပြည်သူ ၃,၀၇၅ ဦးရှိနေပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP က မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

MK-009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက