မြန်မာ့နွေဦး

စစ်တပ်က ဆက်တိုက်မီးရှို့နေလို့ ကန့်ဘလူမြို့နယ်က ဒေသခံ ၅,၀၀၀ ကျော်အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေ

မဲခေါင် 23 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၃ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အင်းမကျေးရွာ တဝိုက်ကို စစ်ကောင်စီတပ်က ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဒေသခံ ၅,၀၀၀ ကျော် နေရပ် မပြန်နိုင်သေးဘဲ တောတောင်တွေထဲမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အင်းမကျေးရွာ တဝိုက်ကို စစ်ကောင်စီတပ်က ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဒေသခံ ၅,၀၀၀ ကျော် နေရပ် မပြန်နိုင်သေးဘဲ တောတောင်တွေထဲမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ ခမရ (၃၆၈) နဲ့ ပျူစောထီးတွေဟာ အင်းမကျေးရွာကို ဇန်နဝါရီ ၂၁ ရက်နေ့က စတင် မီးရှို့ခဲ့တာ ဖြစ်ပြီး အင်းမ၊ ရှမ်းကုန်း၊ ကြာတကန်၊ ဖလားရ၊ ပင့်သာ၊ ချောင်းကြား စတဲ့ ကျေးရွာနေ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေကြရတာပါ။

“မှန်းလို့တော့ မရဘူးဗျ။ ပင့်သာဆို အိမ်ခြေ ၆၀၀ ကျော်ရှိတယ်။ အဲ့မှာတင် လူဦးရေ ၂,၅၀၀ လောက်ရှိနေပြီ။ အင်းမက လူဦးရေ ၁,၀၀၀ ကျော်လောက်ရှိတယ်။ အားလုံးပေါင်း ၅,၀၀၀ လောက် ခန့်မှန်းရမယ်ထင်တယ်” လို့ စစ်ဘေးရှောင် အခြေအနေကို ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ရှင်းပြပါတယ်။

လက်ရှိ ဆောင်းရာသီ ဖြစ်တာကြောင့် တောတောင်ထဲ ထွက်ပြေး တိမ်းရှောင်နေရတဲ့ မီးဘေးသင့် ပြည်သူတွေ အတွက် စောင်၊ အနွေးထည်၊ မိုးကာ၊ ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ် လိုအပ်လျက် ရှိနေတယ်လို့ သူက ဆိုပါတယ်။

အိမ်ခြေ ၂၄၀ ရှိတဲ့ အင်းမရွာဟာ ဒီရက်ပိုင်း အတွင်း ဒုတိယ အကြိမ် မီးရှို့ခံရမှုကြောင့် အိမ်ခြေ ၁၄ လုံးနဲ့ စပါး တင်း ၃၀၀ ကျော် မီးလောင်ဆုံးရှုံး ခဲ့ရပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်း ပထမ အကြိမ် မီးရှို့ခံရစဉ်က အိမ် ၈၅ လုံး မီးလောင်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

မနေ့ ဇန်နဝါရီ ၂၂ မှာတော့ ကိုးထောင်ဘို့က တပ်ရင်း ခမရ (၃၆၃) က အင်အား ၅၀ ဝန်းကျင်ဟာ ဂုန်ညင်းရှိုရွာကို ဝင်ရောက်ခဲ့ပြီး ဒီနေ့မနက်မှာတော့ ရွာကို မီးရှို့ဖျက်ဆီး လျက်ရှိရာ ပျက်စီးမှုကိုတော့ စုံစမ်းနေဆဲလို့ သိရပါတယ်။

အခုလို စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ပင့်သာကျေးရွာမှာ နေထိုင်တဲ့ ဒေသခံ တစ်ဦး အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။

“သူက အရင်စစ်ကြောင်းဝင်တော့ စစ်ရှောင်ရင်း ပိတ်မိလို့ လူသားဒိုင်းအဖြစ် အဖမ်းခံရဖူးတယ်ဗျ။ ဘယ်လောက်ထိ နှိပ်စက်ခံခဲ့ရလဲ မသိဘူး။ ပြန်လာကတည်းက ကျန်းမာရေး မကောင်းဘူး။ စိတ်ကယောင်ခြောက်ခြားထိ ဖြစ်နေတဲ့ အနေအထားပါ” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကန့်ဘလူမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့မှုတွေ ဆက်တိုက်လုပ်နေပြီး နေအိမ်က ပစ္စည်းတွေ မွှေနှောက် လုယူတာ၊ အိမ်မွေး တိရိစ္ဆာန်တွေ သတ်ဖြတ်စားသောက်တာ အပါအဝင် လယ်ယာ လုပ်ငန်းသုံး ကျွဲ၊ နွားနဲ့ စပါးတွေကို စီးပွားဖြစ် ပြန်လည် ရောင်းချဖို့အတွက် ကားကြီး၊ ကားငယ်တွေနဲ့ တင်ဆောင် လုယူတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

MK-009

ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။