မြန်မာ့နွေဦး

စစ်တပ်ကစစ်ကြောင်းထိုး မီးရှို့နေတဲ့ကြားက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက် ဆန္ဒပြ

မဲခေါင် 27 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၇ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ စစ်တပ်က နေ့စဉ် စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီး နေပေမယ့် ဒီနေ့ မနက်ပိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို မပျက်မကွက် ချီတက်ခဲ့ကြပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ စစ်တပ်က နေ့စဉ် စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီး နေပေမယ့် ဒီနေ့ မနက်ပိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို မပျက်မကွက် ချီတက်ခဲ့ကြပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၂၃ ရက်နေ့ကစပြီး ဒီနေ့ထိ ယင်းမာပင်မြို့နယ်မှာ နေ့စဉ် စစ်ကြောင်းထိုးကာ ကျောက်မှော်၊ ထန်းတောကြီး၊ ရေပုတ်အင်း၊ မြရိပ်၊ အင်းဘတ်၊ ကျောက်ကုန်း၊ ကြက်လျှာ စတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် အနီးအနား ဝန်းကျင်က ဒေသခံ ၁,၀၀၀၀ ဝန်းကျင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကြောင်းထိုးမှုတွေကြားက ဒီနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်က ၆၈၇ ရက်မြောက် အဖြစ် “တရားမဝင် အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စာတမ်း ကိုင်ဆောင်ပြီး ဆန္ဒပြ သပိတ်စစ်ကြောင်း ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

“လူထု သပိတ်တွေက နိုင်ငံရေးအရ အင်မတန်မှ အရေးပါ ပါတယ်။ လူထုတွေရဲ့ အသံကို နိုင်ငံတကာက သိဖို့၊ တချို့သော သွေးအေးနေကြတဲ့ သူတွေ ကျွန်တော်တို့ အသံကို ကြားပြီးတော့ ပြန်လည်ပြီးတော့မှ သွေးနွေး ပြီးတော့ ငါတို့ပါမှရမယ်၊ ငါတို့လုပ်မှရမယ် ဆိုတဲ့ အသိစိတ်တွေ ပြန်လည်ဝင်ဖို့အတွက် ကျွန်တော်တို့ လူထု သပိတ်တွေကို ဆက်လက် ပြုလုပ်နေရခြင်း ဖြစ်ပါတယ်” လို့ သပိတ် ကော်မတီဝင် ကိုစနေက မဲခေါင်သတင်းကို ပြောပါတယ်။

တော်လှန်ရေးကာလ ၂ နှစ်နီးပါး ကြာလာတဲ့ အချိန်မှာ စစ်အာဏာရှင် တော်လှန်ဖို့ အတွက် သပိတ်တွေကို ယုံကြည်မှုရှိရှိနဲ့ ဆက်လုပ်နေတဲ့ ပြည်သူတွေရှိသလို တချို့လည်း စားဝတ်နေရေးအရ အလုပ်လုပ်ကိုင် ရတာတွေနဲ့ ယုံကြည်မှု လျော့နည်းလာတာတွေကြောင့် သပိတ်စစ်ကြောင်းတွေ အားနည်းလာခဲ့တယ်လို့ သူကဆိုပါတယ်။

ယင်းမာပင်-ဆားလင်းကြီး သပိတ်စစ်ကြောင်းကတော့ ကျေးရွာပေါင်းစုံနဲ့ ဖွဲ့စည်းထားတာကြောင့် စစ်ကောင်စီဘက်က မြို့နယ်ရဲ့ တစ်ဖက်ခြမ်းကို စစ်ကြောင်းထိုးနေရင် တခြားဖက်ခြမ်းက သပိတ်စစ်ကြောင်းထွက် ဆန္ဒပြကြပြီး အရေးကြီးတဲ့ အထိမ်းအမှတ် ရက်တွေမှာတော့ လူထုအင်အား ကောင်းကောင်းနဲ့ ဆက်လက်ချီတက်နိုင်ဆဲလို့ သိရပါတယ်။

“ပြည်သူ့ရဲ့ ကြီးမားတဲ့အားဟာ တိုင်းပြည်ရဲ့ အရွေ့၊ တော်လှန်ရေးရဲ့ အရွေ့ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ လူထုသပိတ်တွေဟာ လူထုအင်အားကိုပြတဲ့ ပြလို့ရတဲ့ နေရာတစ်ခု ဖြစ်တဲ့အတွက် ကျွန်တော်တို့တွေ ဆက်လက်ပြီးတော့မှ လူထုသပိတ်တွေကို ဆက်လက်ဖော်ဆောင်နေဖို့ လိုပါတယ်” လို့ ကိုစနေက ဆက်ပြောပါတယ်။

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ဒေသခံ ကာကွယ်ရေး ရဲဘော်တွေ အနေနဲ့လည်း တော်လှန်ရေးကို အဆုံးအဖြတ်ပေးမှာက လူထု ဖြစ်တာကြောင့် လူထုနဲ့ သဟဇာတဖြစ်ဖို့ လိုအပ်ပြီး လူထုကို မျက်နှာမူပြီး တော်လှန်ရေးကို ဆက်လက် လျှောက်လှမ်းကြဖို့ ကိုစနေက တိုက်တွန်းပါတယ်။

ဒီနေ့ မနက်ပိုင်းမှာတော့ ယင်းမာပင်မြို့နယ် မြရိပ်တောင်အနီးက တဲတိုက်တွေကို မီးရှို့ခဲ့တဲ့ စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် နှစ်ဖက် အထိအခိုက်များခဲ့ပြီး တိုက်ပွဲ အခြေအနေနဲ့ မီးရှို့ခံရတဲ့ စာရင်းတွေကိုတော့ စုံစမ်းဆဲ ဖြစ်တယ်လို့ ယင်းမာပင် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

MK-009
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက